အင်တာမီလန် မှ ယူနိက်တက်ကွင်းလယ်ကစားသမားတယောက်အား ယူရိုသန်း ၅၀ဖြင့်ကမ်းလှမ်း

မန်ချက်စတာယူနိက်တက်ဟာ လက်ရှိအပြောင်းအရွေ့ကာလမှာ သွေးအေးနေခဲ့သလို အသင်းမှလည်းထွက်ခွာမယ့် ကစားသမားမရှိခဲ့ပါဘူး…..

ဒါပေမဲ့ ဒီအခိုက်အတန့်ကတော့ ကြာကြာမခံဘူးလို့ပြောရပါမယ်….ဘာဖြစ်လို့လဲဆိုတော့ အသင်းမှ ကစားသမားတဦးကို အင်တာမီလန်အသင်းမှ ယူရိုသန်း၅၀ဖြင့် လာရောက်ကမ်းလှမ်းလိုက်တာဘဲဖြစ်ပါတယ်..

ဘယ်ကစားသမားလဲဆိုတော့ ယူနိက်တက်ကွင်းလယ်ကစားသမား လင်ဂတ်ပါဘဲ…အသင်းမှ စာချူပ်ကိစ္စ များနှင့် ဝေးဝါးနေခဲ့ပြီး အသင်းတွင် ပုံမှန်နေရာမရဖြစ်နေသော လင်ဂတ်ကို အင်တာမီလန်အသင်းမှ ယခုလို ကမ်းလှမ်းလိုက်တာဘဲဖြစ်ပါတယ်…


လင်ဂတ် ရဲ့ Transfer Market ပေါက်ကြေးဟာ ယူရို သန်း ၁၀သာရှိခဲ့ပြီး ဝက်ဖို့စ်ကိုနိုင်ခဲ့တဲ့ပွဲအပြီးမှာတော့ ယူရိုသန်း ၅၀ အထိတိုးပေပြီး အင်တာမီလန်က ကမ်းလှမ်းခဲ့တယ်ဆိုတာကို Sport Tribble News ကပြောခဲ့ပါတယ်..

အင်တာမီလန်အသင်းကလည်း လင်ဂတ်ခြေစွမ်းနဲ့ပတ်သက်ပြီး သဘောကျနေတာကို လည်း အရင်သတင်းစာရှင်းလင်းပွဲတွေမှာပြောခဲ့ဖူးပါတယ်…

အင်တာမီလန် အသင်းကဘဲ ခေါ်ယူသွားနိင်မလား….လင်ဂတ်ရဲ့ဆုံးဖြတ်ချက်က မန်ယူမှာဘဲ ဆက်နေဖို့စဉ်းစားထားတာလားဆိုတော့ လာမယ့်အပတ်မှာ အတည်ပြုသွားမယ်လို့ လင်ဂတ်ရဲ့အေးဂျင့်ကပြောထားပါတယ်…

Rkar(FBV Sport News)

Leave a Comment

Your email address will not be published.