နည်းပြကြီးဖာဂူဆန်နဲ့ ရွိင်ကိန်းတို့ကို အသဲခွဲတဲ့ မန်ယူအသင်းသားတွေအကြောင်း ဘာဘာတော့ဗ်ပြော

ယူနိုက်တ‌ကေ်က လက်ရှိမှာ ကာရာဖောင်းဖလားလုပွဲက ထွက်ခွာလာခဲ့ရတယ်ဆိုပေမယ့် အကောင်းဆုံခြေစွမ်းကို ပိုင်ဆိုင်နေတဲ့အသင်းလို့ဆိုရမှာပါ။ ဒါပေမယ့် ယူနိုက်တက်တို့ဟာ အရေးကြီးပွဲတွေတိုင်း နည်းပြကြီးဖာဂူဆန်ကို နှလုံးရောဂါရစေနိုင်လောက်အောင် ရလာဒ်ပိုင်းမကောင်းတဲ့အကြောင်း ဘာဘာတော့ကထုတ်ပြောလာပါတယ်။

“တခါတလေမှာ ဒီလိုအရေးကြီးတဲ့ပွဲစဉ်တွေက ဒါဘီပွဲစဉ်တွေဖြစ်နေတတ်တယ်။ အဲ့အခါမှာအရေးကြီးတာက အရှိန်အဟုန်ကောင်းကောင်းနဲ့ကစားနေဖို့ကအဓိကမဟုတ်သလို ပုံစံကောင်းပြနိုင်ဖို့ကလည်း သိပ်အရေးမကြီးပါဘူး။

မင်းအနိုင်ဘယ်လောက်လိုချင်သလဲဆိုတာက အခရာကျပါတယ်။ ပါးပါးနပ်နပ်နဲ့ ပြိုင်ဘက်ကို ဘယ်လိုလှည့်ဖျားကစားနိုင်မလဲဆိုတာကလည်း အရေးကြီးပါတယ်။ တကယ်လို့လိုအပ်လာပြီဆိုရင်လည်း ညစ်ကျယ်ကျယ်လှည့်ဖျားမှုတွေကို လုပ်နိုင်ရမယ်၊ အနိုင်ရဖို့အတွက်ပဲဗျာ ဘာမဆိုလုပ်ဖို့လိုရင် လုပ်ရမယ်။

တခါတလေမှာ ခင်ဗျားတို့အနေနဲ့ အဲ့လိုမျိုးတွေလုပ်ဖို့လိုပါတယ်၊ Jose Mourinho ပြောခဲ့သလိုပေါ့ဗျာ မင်းတို့ကောင်တွေ ဖလားတွေရဖို့ဆို သောက်ကျင့်မကောင်းတဲ့ကောင်တွေဖြစ်ဖို့လိုတယ်။ United မှာ အရေးကြီးတဲ့ပွဲတွေဆို ဒီလိုစိတ်ဓာတ်မျိုးလုံလုံလောက်လောက်ရှိတာ ကျွန်တော်မတွေ့ရဘူး။

Roy Keane က တလောက ဒါဘီပွဲမှာ ကစားသမားတွေ ဖက်လှဲတကင်းလုပ်နေကြတာတွေ့ပြီး ဘယ်လောက်တောင်ရှော့ရခဲ့သလဲဆိုတာပြောသွားတယ်။ ကျွန်တော်သဘောတူတယ်။

What the f**k ပါပဲဗျာ၊ ဘယ့်နှယ် ဒါဘီကစားတာ အနိုင်ယူဖို့သွားတာလေဗျာ။ အသင်းမှာက ညစ်ကျယ်ကျယ်ကစားဖို့ တစုံတယောက်မှမရှိဘူး။ သူတို့ကို အစွန်းထိရောက်အောင်ပို့ဆောင်ပေးမယ့် ဒေါသတကြီးနဲ့ စိတ်အားထက်သန်မှုကိုပြဖို့ တစုံယောက်မှမရှိဘူး။ United က တခါတလေ အရမ်းကို သဘောကောင်းပြနေတယ်။

ဒါ့အပြင်နည်းပြကြီးဖာဂူဆန်ဟာ ယူနိုက်တက်အသင်းသားတွေကို ထုတ်မပြောခဲ့ပေမယ့် ဘယ်လောက်ထိ ကြေကွဲခံစားနေရကြောင်းလည်းပြောပါတယ်

“နည်းပြကြီးတုန်းက အသင်းသားတွေ ဒူးတုန်အောင်ကြောက်ရတာ ။ ပြိုင်ဘက်ကပြိုင်ဘက်ပဲလေ။ ခုက ရှုံးတာတောင် ဖက်လှဲတင်းနှုတ်ဆက်နေတာဗျာ။ အာ့ ဒါစိတ်ဓါတ်ကွာတာဗျ”လို့ ဘာဘာတော့ကပြောခဲ့တာပါ

Leave a Comment

Your email address will not be published.