ဒီယာလိုရဲ့အားနည်းချက်တွေတပုံကြီးထုတ်ပြောသွားတဲ့နည်းပြဟောင်း

မန်ယူအသင်းကမကြာသေးခင်က ဝယ်ယူခဲ့တဲ့အိုက်ဗကိုစ်ကလူငယ်တောင်ပံကစားသမားလေးဒီယာလိုဟာ အားနည်းချက်တွေအလွန်များတယ်လို့၎င်းရဲ့ငယ်ဆရာဟောင်းဖြစ်သူလူငယ်အသင်းနည်းပြဟောင်း ဒင်းနစ်ဆာလင်နီကထုတ်ဖေါ်ပြောကြားသွားခဲ့ပါတယ်။

(၁၈)နှစ်အရွယ်တောင်ပံကစားသမားလေးဟာ မကြာသေးခင်ကပဲ မန်ယူဆီကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး မန်ယူပရိသတ်တွေအနေနဲ့ ဘောလုံးလောကမှာ ထပ်မံပေါ်ပေါက်လာမယ့် ကြယ်တစ်ပွင့်ကို မျှော်လင့်နေကြ ကြတာပါ။

ဒါပေမယ့် ဒိုင်အော်လိုဟာ ဒီနှစ်ဘောလုံးရာသီမှာ ပွဲသိပ်များများစားစား မကစားခဲ့ရပါဘူး။ ပြီးခဲ့တဲ့ နွေရာသီတုန်းက မန်ယူဟာ ဒေါ့မွန်တောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူဖို့ကြိုးစားမှုဟာ လူသိရှင်ကြားဖြစ် ခဲ့ပေမယ့် အဆင်မပြေဖြစ်ခဲ့ပြီးတဲ့နောက်မှာ မန်ယူဟာ ညာတောင်ပံကစားသမားနှစ်ဦးဖြစ်တဲ့ ဒိုင်အော်လိုနဲ့ ပယ်လစ်ထရီတို့ကို ခေါ်ယူဖို့ သဘောတူညီနိုင်ခဲ့တာ ဖြစ်ပါတယ်။

အထူးသဖြင့် ဒိုင်အော်လိုအပေါ် မျှော်လင့်ချက်တွေကြီးပေမယ့် သူ့ရဲ့လူငယ်အသင်းနည်းပြဟောင်း ဒင်းနစ်ဆာလင်နီက တော့ ဒီချာတိတ်ဟာ လိုအပ်ချက်တွေ ရှိနေဆဲပါပဲလို့ ပြောပြလာခဲ့ပါပြီ။

ခန္ဓာကိုယ်ကြံ့ ခိုင်မှုပိုင်းမှာ သူက သိပ်မကောင်းလှဘူး။ ခေါင်းတိုက်စွမ်းရည်လည်း မကောင်းဘူး။ ပရီးမီးယားလိဂ်မှာ ယှဉ်က စားနိုင်ဖို့ဆိုရင် သူ့ဝိတ်ကို ကီလိုဂရမ်နည်းနည်းလောက်တော့ ထပ်တင်ရလိမ့်မယ်။

တကယ်တော့ သူ့ကိုကျ နော်တို့က တွေ့ခဲ့တာမဟုတ်ဘူးဗျ။ သူ့က ရောက်လာတာ။ အဲဒါက တကယ့်ကို ကံကောင်းမှုပဲ။ သူ့ကစား တာကို စတွေ့လိုက်ထဲက ဒီကလေးက ထူးခြားမှန်းသိလိုက်ရတာပဲ။ ရဲတင်းပြီး လျှင်မြန်တယ်။ နည်းစနစ် ပိုင်းအရမ်းမြင့်မားပြီး ကန်ချက်လည်း ပြင်းတယ်။ အမြန်နှုန်းနဲ့ပြေးနေရင်း အရာရာကို လုပ်နိုင်တယ်”

သူက အဝတ်လဲခန်းထဲမှာလည်း နာမည်ကျော်လေ။ အီတလီစကားသင်ပြီး သူငယ်ချင်းတွေရလာ တာမနည်းဘူး။ သူလိုချင်တာ ဘာလဲဆိုတာကို အတအကျသိတဲ့သူပါ”လို့ ဒင်း နစ်ဆာလင်နီက ပြောပြခဲ့ပါတယ်။

တကယ်လို့ နည်းပြဆိုးလ်ရှားက ဒိုင်အော်လိုကို ပယ်လစ်ထရီလိုမျိုး ယူ-၂၃အသင်းထဲမ ထည့်ဘူးဆိုရင်တော့ မကြာခင်မှာပဲ သူကစားတာကို ပြန်မြင်ရမှာ ဖြစ်ပါတယ်။

Leave a Comment

Your email address will not be published.