ယူနိက်တက်ရဲ့ အမှတ်ပေးဖလားရဖို့ခရီးမှာ ဘယ်သူကအနှောက်အယှက်ဖြစ်နေလဲ ဝိန်းရွန်းနီပြော

မန်ချက်စတာယူနိက်တက်ဟာ ရာသီအစရလဒ်ဆိုးရွားမှုများကနေ တဖြည်းဖြည်းနဲ့ နည်းပြကြီးဆိုးရှားလ် ရဲ့ မှော်ဆန်တဲ့ကစားကွက်အောက်မှာ အခြေနေကောင်းတခုပိုင်ဆိုင်ပြီး ဇယားထိပ်ပိုင်းသို့ရပ်တည်နေနိုင်ခဲ့ပါပြီ..

အင်္ဂလိပ်ဘောလုံးအသိုင်းအဝိုင်း မှ မီဒီယာတွေကတော့ ပရီးမီးယားလိဂ် ဖလားလမ်းကြောင်းပေါ်ကို ယူနိက်တက်တက်လာခဲ့ပြီဟုဖော်ပြရေးသခဲ့ကြပါတယ်.. ဒါပေမဲ့ အနှောင့်အယှက်တခုကြောင့် ဖလားအိမ်မက်ထိခိုက်နိုင်ကြောင်းကို မန်ချက်စတာယူနိက်တက် တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီကဖြေခဲ့ပါတယ်…

(ယနေ့လူကြိုက်များဆုံးသတင်း)

အင်တာမီလန် မှ ယူနိက်တက်ကွင်းလယ်ကစားသမားတယောက်အား ယူရိုသန်း ၅၀ဖြင့်ကမ်းလှမ်း

မန်ချက်စတာယူနိက်ကစားသမားဟောင်း ဂန္တဝင်ကြီး ဝိန်းရွန်းနီက ယူနိက်တက်ဟာ ပရီးမီးယားလမ်းကြောင်းမှာ ဘယ်သူက အနှောင့်အယှက်ဖြစ်နေလဲ ဆိုတာ TalkSport မှာ ယခုလိုပြောထားခဲ့ပါတယ်…

ဝိန်းရွန်းနီ က ” ကျနော်လည်း တချိန်က ကစားသမားဖြစ်ခဲ့ဖူးတယ်…ယူနိက်တက် ရဲ့အစိတ်ပိုင်းဖြစ်ခဲ့တယ်….ဝေဖန်မှုတွေတော့ အများကြီးမလုပ်ချင်ပါဘူး…အကောင်းဘက်ကနေပြောပြဝေဖန်သွားချင်ပါတယ်..အသက်တွေလည်းကြီးပြီလေ……

ယူနိက်တက်ဟာ ပရီးမီးယားလိဂ်လမ်းကြောင်းပေါ်မှာ ပြန်လည်တက်လာခဲ့ပါပြီ…..ဒါပေမဲ့ အိုလေ အနေနဲ့ ဆုံးဖြတ်ရခက်နေတဲ့တခုရှိနေတယ်…အဲ့ဒါက ခြေစွမ်းပျောက်ဆုံးနေတဲ့ မာရှယ်ကိုအခွင့်အရေးပေးပွဲထွက်ခိုင်းနေတာက အနှောက်အယှက်ဖြစ်နေပါပြီ….

ဒါပေမဲ့ သူ့ကိုမသုံးဘူးဆိုလည်း ယူနိက်တက်မှာ သုံးစရာသိပ်မရှိသလိုဖြစ်နေပါတယ်….အဲ့ဒီတော့ ဇန်နဝါရီအပြောင်းအရွေ့မှာ လူဝယ်မှာလား…ကစားကွက်အလှည့်ကိုဆက်သွားမှာလားဆိုတာ…အလျင်မြန်ဆုံးဖြတ်သင့်နေပါပြီ….

ဇန်နဝါရီဒီအနောင့်အယှက်ကြီးကို မရှင်းထုတ်ဖူးဆိုရင် ပရီးမီးယားလိဂ်ဖလားလမ်းကြောင်းပေါ်ကနေ ယူနိက်တက်ဟာ သွေဖယ်သွားပါလိမ့်မယ် ” ဟုပြောခဲ့ပါတယ်…

FBV Sport News

Leave a Comment

Your email address will not be published.