မန်ယူအသင်းချန်ပီယံဖြစ်ဖို့လိုအပ်ချက်ကိုယခုဈေးကွက်တွင်ဖြည့်တင်းရန်အီဗရာတိုက်တွန်း

မန်ယူအသင်းရဲ့ဂန္ဓဝင်ကစားသမားဟောင်းကြီးတစ်ဦးဖြစ်တဲ့ အီဗရာကသူ့အသင်းဟောင်းမန်ချက်စတာယူနိုက်တတ်အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာပြိုင်ဘက်လီပါပူလ်အသင်းကိုတစ်ပွဲလျော့အမှတ်တူအနေထားနဲ့ဦးဆောင်နေတာကို အလွန်ဝမ်းသာကြောင်း SkySportရဲ့ဘောလုံးဝေဖန်ရေးအစီအစဉ်မှာပြောသွားခဲပါတယ်။

ဒါပေမယ့် အီဗရာက မန်ယူအသင်းရာသီအကုန်မှာ ချန်ပီယံဖလားကိုယူချင်ရင်အသင်းရဲ့လက်ရှိလူအင်းအားနဲ့မဖြစ်နိုင်ကြောင်းအသင်းမှာအားနည်းချက်တွေ ကြီးကြီးမားမားရှိနေဆဲဖြစ်ပြီး။အဆိုပါအားနည်းချက်တွေကို အင်အားဖြည့်တင်းခြင်းဖြင့်အမြန်ဆုံးဖြေရှင်း ပြီးကာလအတန်ကြာဝေးကွာနေတဲ့အမှတ်ပေးချန်ပီယံအဖြစ်ပြန်လည်အောင်ပွဲခံနိုင်ဖို့ကျိုးစားပေးပါလို့တိုက်တွန်းသွားပါတယ်။

အီဗရာ လက်ရှိယူနိုက်တတ်အသင်းဟာ အားနည်းချက်တွေထင်ရှားနေဆဲပါ။အထူးသဖြင့်ဗဟိုနောက်ခံကစားသမားနေရာနဲ့ ညာနောက်ခံကစားသမားနေရာတွှောလိုအပ်ချက်တွေရှိနေပါတယ်။ညာနောက်ခံကစားသမားနေရာမှာဘစ်ဆာကာအတွက် နေရာလုတိုက်ပွဲဝင်နိုင်မယ့်တိုက်စစ်အားသန်ညာနောက်ခံကစားသမားတစ်ဦးထပ်မံခေါ်ယူဖို့လိုအပ်နေကြောင်း သုံးသပ်သွားပါတယ်။

ဒါ့အပြင်မန်ယူအသင်းရဲ့အကြီးမားဆုံးအားနည်းချက်ကတော့ အသင်းရဲ့ဗဟိုနောက်ခံ ခံစစ်နေရာဖြစ်ပြီးအဆိုပါနေရာကိုမဖြစ်မနေဖြည့်တင်းမှကိုယူနိုက်တတ်အနေနဲ့ရာသီသိမ်းချိန်မှာချန်ပီယံအဖြစ်ဗိုလ်ဝင်ခံနိုင်လိမ့်မယ်လို့ဆိုပါတယ်။အဆိုပါအားနည်းချက်ကို အပြင်နိုင်ရင်တော့ အကောင်းဆုံးအရှုံးသမားအနေနဲ့ဘဲဆက်လက်ရပ်တည်နေရလိမ့်ဦးမယ်လို့ဆိုပါတယ်။

မန်ယူအသင်းဗဟိုခံစစ်အတွဲဟာ အာရုံစူးစိုက်မှုနည်းနေကြောင်း တည်ကန်ဘောတွေက နေဂိုးတွေအလွယ်တကူပေးနေရတာ ဟာချန်ပီယံဖြစ်ဖို့အတွက်အကြီးမားဆုံးအတားအစီးတစ်ခုဖြစ်တယ်လို့၎င်းကဆိုပါတယ်။ဒ့ါအပြင်ဒဏ်ရာပြသနာကနေအခုမှ ပြန်လာနိုင်တဲ့ အဲရစ်ဘိုင်ယီယာစိတ်ဓါတ်ပိုင်းဆိုင်ရာထိခိုင်မှုအချို့ရှိနေကြောင်းနဲ့

လူငယ်နောက်ခံကစားသမားလေးတွမ်ဇီဘီကတော့ အတွေ့အကြုံပိုင်းလိုအပ်ချက်တွေရှိနေတာကြောင့် အသင်းရဲ့ဗဟိုနောက်ခံကစားသမားနေရာကိုမဖြစ်မနေဖြည့်တင်းသင့်တယ်လို့ဆိုပါတယ်။

မန်ယူအသင်းရဲ့ပြောင်းလဲထားတဲ့ ကစားသမားဝယ်ယူရေးမူဝါဒအရ လိုက်ဇစ်အသင်းကနေထွက်ခွါတော့မယ့်ပြင်သစ်လူငယ်ဗဟိုနောက်ခံကစားသမား အူပါမှကာနိုကိုခေါ်ယူတာဟာမန်ယူအတွက် သင့်လျှော်တယ်လို့၎င်းကဆက်လက်တိုက်တွန်းပါတယ်။

အူပါမီကာနိုဟာ မန်ယူဗဟိုနောက်ခံလူတွေရဲ့အားန်းချက်တစ်ခုဖြစ်တဲ့ အမြင့်ဘောကာကွယ်ဖျက်ထုတ်ရာမှာထူးချွန်သလို တည်ကန်ဘောတွေကို ကာကွယ်ရာမှာအလွန်အသုံးဝင်တဲ့ကစားသမားတစ်ဦးဖြစ်တာကြောင့် လက်ရှိမန်ယူနောက်တန်းရဲ့အားနည်းချက်ကို ကာကွယ်ပြီးသားဖြစ်သွားလိမ့်မယ်လို့အီဗရာကဆိုပါတယ်။

မန်ယူအသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို တစ်ပွဲလျောံအနေထားနဲ့ ထိပ်ဆုံးမှာလီပါပူလ်းအသင်းနဲ့ပူးတွဲရပ်တည်ေနေပေမယ့် အမှတ်ပေးဇယားထိပ်ဆုံးဆယ်သင်းအသင်းများအနက် ပေးဂိုးအများဆုံး အသင်းဖြစ်နေတာကြောင့် အီဗရာရဲ့ထောက်ပြချက်တွေဟာ မှန်ကန်တယ်လို့ပရိတ်သတ်တွေက လည်းထောက်ခံနေကြကြောင်းသိရပါတယ်။

Leave a Comment

Your email address will not be published.