လင်းဂက်ရဲ့ အနာဂါတ်နဲ့ ပက်သက်ပြီး ဆိုလ်းရှားရှင်းပြီ

ယူနိုက်တက်အသင်းမှာ တစ်ချိန်က “စူပါလင်းဂက်”ဆိုပြီး ပရိတ်သတ်တွေ ချစ်ကြိုက်ခဲ့တဲ့ ကစားသမားဟာ အချိန်အတော်ကြာ ခြေစွမ်းမပြနိုင်ခဲ့ပဲ နဲ့ ပွဲထွက်ခွင့်ဆုံးရှုံးနေခဲ့တာပါ။

သူနဲ့ပက်သက်လို့ ဘာဘာတော့က အသင်းက ထွက်သွားဖို့အချိန်တန်ပြီဆိုပြီး ခုလိုပြောခဲ့ပါသေးတယ်။

Oleက သူ့ကိုကစားခိုင်းဖို့အတွက်မယုံကြည်တော့ပါဘူး။ပြီးတော့ အသင်းရဲ့ဘယ်နေရာကိုမှ ကစားဖို့အတွက် သူ့အတွက်မှန်ကန်တဲ့နေရာတစ်ခုရှိမနေပါဘူး။

သူ အဂ်လန်နိုင်ငံအတွက်ကစားပေးပြီး ဂိုးတွေသွင်းခဲ့တာကို ကျွန်တော်မှတ်မိနေပါသေးတယ် ဒါပေမယ့် ဒါတွေကအားလုံးက အခုချိန်မှာကျွန်တော့်အတွေးထဲမှာပျောက်ကွယ်ကုန်ပါပြီ။သူအရင်တုန်းကရှိခဲ့ဖူးတဲ့ပုံစံတွေကို ပြန်လည်ရှာဖွေဖို့လိုအပ်နေပါတယ်။’

ဒါနဲ့ပက်သက်ပြီးအသင်းမန်နေဂျာဆိုလ်းရှားကတော့ခုလိုမှတ်ချက်ပြန်ပြုလာပါတယ်။

“သူကငယ်မွေးခြံပေါက်ပါ။ ဒါပေမယ့် အချိန်တွေကို ဖြုန်းတီးသလိုဖြစ်နေတာကို စဉ်းစားသင့်တယ်။ အသင်းရဲ့နည်းပြအနေနဲ့ အသင်းနဲ့ အံဝင်ခွင်ကျတဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ရှိတဲ့သူတွေကို အသင်းမှာဆက်ရှိစေမှာဖြစ်ပြီး မရှိတဲ့သူတွေကိုတော့ ရောင်းထုတ်သွားရမှာပါ”လို့ဆိုပါတယ်။

ဒီလိုပြောကြားချက်အရ ယူနိုက်တက်ဟာ အသင်းနဲ့ အံ့ဝင်ခွင်မကျတဲ့ ကစားသမားတွေကို ရောင်းထုတ်သွားတော့မယ့် အခြေအနေရှိနေပါတယ်။

Leave a Comment

Your email address will not be published.