အရန်ခုံမှာ ထိုင်ခိုင်းခဲ့တာ နောင်တရတယ်ဆိုပြီး ဆိုလ်းရှား ချီးကျူးလိုက်တဲ့ ကစားသမား

နည်းပြဆိုလ်းရှားတစ်ယောက်ကတော့ သူအရန်ခုံမှာ ထိုင်ခိုင်းမိခဲ့တဲ့ ကစားသမားတစ်ယောက်အတွက် နောင်တရမိတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

ဒါ့အပြင်ကွင်းလယ်ကစားသမားကနည်းစနစ်ပိုင်းမှာ အရမ်းကိုကောင်းပါတယ်” လို့ ရည်ညွှန်းပြီး သူအရန်ခုံမှာ ထိုင်းခိုင်းခဲ့တဲ့ကစားသမားကို ချီးကျူးလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ အက်ဖ်အေဖလား ပွဲစဉ်တွင် အနိုင်ရရှိခဲ့ပြီးနောက် ဆိုလ်းရှားချီးကျူးလိုက်သူကတော့ ဗန်ဒိဗိပဲဖြစ်ပါတယ်။စနေနေ့ညက ဝက်ဖို့ဒ်အသင်းကို ၁-၀ ဂိုးဖြင့် အနိုင် ရရှိခဲ့တဲ့အတွက်ကြောင့် ယူနိုက်တက်ဟာ စတုတ္ထအဆင့်သို့ တက်ရောက်သွားပြီဖြစ်ပါတယ်။

မက်တွန်မီနေးရဲ့ ပွဲကစားချိန် ၅ မိနစ်တွင် ခေါင်းတိုက် သွင်းယူခဲ့တဲ့ဂိုးဖြင့် ယူနိုက်တက်က အနိုင်ရရှိခဲ့တာဖြစ်ပြီး ဆိုးလ်ရှားကလည်း အသင်းရဲ့ပွဲထွက်လူစာရင်းကို ပြောင်းလဲမှုအများကြီးပြုလုပ်ခဲ့တာဖြစ်ပါတယ်။

နွရာသီအပြောင်းအရွေ့မှာအေဂျက်ဇ်ကနေပေါင် ၃၅သန်းဖြင့် ပြောင်းရွေ့လာခဲ့ပြီးနောက် ပွဲထွက်ခွင့် နည်းပါးနေကာအဲ့ဒီပွဲစဉ်မှာတော့ ဗန်ဒီဘီခ်က ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။

အသက် ၂၃ နှစ် အရွယ် ကစားသမားဟာ ကွင်းလယ်မှာမက်တွန်မီနေးနှင့်အတူ ခြေစွမ်းပြကစားနိုင်ခဲ့ပြီးအင်္ဂါ နေ့ညမှာ ကစားမည့် ဘန်လေနှင့်ပွဲစဉ်မှာ ပါဝင်နိုင်ဖို့အတွက် အခွင့်အရေးတွေပိုများခဲ့ပြီလည်းဖြစ်ပါတယ်။

ဘန်လေသို့သွားရောက်ကစားမည့်ပွဲစဉ်တွင် သူ့ကိုရွေးချယ်ရန် ဆုံးဖြတ်ချက်ချဖို့က နည်းပါးနေသော်လည်း ဗန်ဒီဘိခ်ရဲ့ ခြေစွမ်းနှင့်ပတ်သက်ပြီးကျေနပ်မှုရှိပါတယ်လို့ ဆိုးလ်ရှားကပြောဆိုသွားခဲ့ကာ ပထမပိုင်းမပြီးခင် နယ်သာလန်နိုင်ငံသားရဲ့ မာတာအားဂိုးသွင်းရန်ပေးပို့လိုက်မှုကိုအသားပေးကာပြောခဲ့ပါတယ်။

“သူ့ရဲ့အရည်အချင်းတွေကိုနောက်တစ်ကြိမ်ပြသခဲ့တာလို့ ကျွန်တော်ထင်ပါတယ်။ သူကနည်းစနစ်ပိုင်းမှာ အရမ်းကိုကောင်းကာ ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေကိုချနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ မာတာကို ဘောလုံးပေးပို့လိုက်တာကအရမ်းကိုကောင်းပါတယ်၊ သူ့မှာအရည်အချင်းတွေရှိပြီးဒီပွဲကနေသေချာပေါက် အကျိုးအမြတ်ရရှိသွားနိုင်ပါတယ် ” လို့ ဆိုးလ်ရှားကပွဲအပြီးမှာပြောပါတယ်။

ဝက်ဖို့ဒ်နှင့်ပွဲမတိုင်ခင်မှာလက်ရှိ အသင်းရဲ့လူစာရင်းမှာဘန်ဒီဘိခ်ရဲ့အနာဂတ်နှင့် ပတ်သက်ပြီး ဆိုးလ်ရှားကမေးခြင်းခံခဲ့ရပါတယ်။ ကွင်းလယ်ပိုင်းကစားသမားရွေးချယ်မှုအတွက် ယူနိုက်တက်ဟာ နယ်သာလန်နိုင်ငံသားကို ဈေးကြီးပေးကာဝယ်ယူခဲ့တာဖြစ်ပြီး သူ့ရဲ့အချိန်တွေက မကြာခင်ရောက်လာတော့မှာပါလို့ ဆိုးလ်ရှားကပြန်ဖြေခဲ့ပါတယ်။

“ကစားသမားတွေကအချိန်အနည်းငယ်လောက်လိုအပ်တယ်ဆိုတာကသာဓကတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်ရောအခြားကလပ်တွေမှာပါ။ အချိန်လိုအပ်တယ်ဆိုတာက သာဓကတွေ အများကြီးပါ။ သူ့ကိုကျွန်တော်တို့က ဘယ်လိုသတ်မှတ်ထားသလဲဆိုတာကိုပြောပြပြီးသားပါ” လို့ ဆိုးလ်ရှားကပြောပါတယ်။

Leave a Comment

Your email address will not be published.