ကာစီဒိုကိုမဝယ်ဖြစ်တဲ့အကြောင်းအရင်းကို ထုတ်ပြောလိုက်တဲ့ဝုဒ်ဝဘ်

မန်ယူအသင်းဟာ ဇန်နဝါရီအပြောင်းအရွေ့တိုင်ခင်ထဲကအသင်းကိုပြောင်းရွေ့လာတော့မယ်လို့သတင်းကြီးခဲ့တဲ့အီကွေဒေါလူငယ်ကြယ်ပွင့် ကာစီဒိုကို အသင်းကိုမခေါ်ယူဖြစ်ခဲ့တဲ့အကြောင်းအရင်းအမှန်ကို မန်ယူအမှုဆောင်အရာရှိချုပ်အက်ဝုဒ်ဝဘ်ကပြောကြားလိုက်ပါတယ်။

ဝုဒ်ဝဘ်က ကိုင်စီဒိဟာ ကစားသမားကောင်းပါ။ဒါပေမယ့့် သူ့ရဲ့အပြောင်းအရွှေကရှုပ်ထွေးလွန်းပါတယ်။ကျွန်တော်တို့အဲ့လိုအရှုပ်အထွေးတွေကို ဝင်မပါနိုင်ပါဘူး။အပြောင်းအရွေ့ကိုသူစိတ်အားထက်သန်တာသိပါတယ်။

ဒါပေမယ့် သူဟာအေးဂျင့်အများအပြားနဲ့ဆက်သွယ်စကားပြောနေတာအဆင်မပြေပါဘူး။အပြောင်းအရွေ့အတွက်ကာစီဒိုအပြင်အင်ဒီပန်းနန့်အသင်းက လည်းအသင်းအများအပြားနဲ့ဆက်သွယ်နေတာအားလုံးအသိပါ။အဲ့ဒိအခြေနေတွေကြောင့် ကျွန်တော်တို့နောက်ဆုတ်ခဲ့တာပါ။

ကာစီဒိုဟာ မန်ယူရဲ့အပြောင်းအရွှေမူဝါဒတွေနဲ့ကိုက်ညီတဲ့ကစားသမားဖြစ်ပေမယ့် ကျွန်တော်တို့အပြောင်းအရွှေ့ရှုပ်ထွေးမှုတွေဖြစ်လာမှာ မလိုလားလို့ ဆွေးနွေးမှုတွေဖျက်သိမ်းခဲ့တာဖြစ်ကြောင်းဝုဒ်ဝဘ်က မန်ချက်စတာညနေခင်းသတင်းကိုပြောခဲ့ပါတယ်။

ကာစီဒိုရဲ့လက်ရှိကလပ်အသင်း အင်ဒိပန်းနန့်အသင်းရဲ့အမှုဆောင်အရာရှိချုပ်ဆန်တီရာဂိုမိုရာလက်ကတော့ ကာစီဒိုအတွက် ယူနိုက်တတ်အသင်းက ကမ်းလှမ်းမှုတစ်စုံတစ်ရာယနေအချိန်ထိပြုလုပ်ခဲ့ခြင်းမရှိကြောင်းထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။မိုရာလက်က ကျွန်တော်ပြောခဲ့ပါတယ်ကာစီဒိုဟာ အခုဇန်နဝါရီမှာ အင်ဒီပန်းနန့်ကစားသမားမဟုတ်တော့ဘူးဆိုတာကိုပါ။

သူနဲ့ပါတ်သတ်ပြီးသတင်းတွေအများကြီးထွက်ခဲ့ပါတယ်။အရမ်းသတင်းကြီးတဲ့ယူနိုက်တတ်အသင်းနဲ့သတင်းကတော့ မဟုတ်ခဲ့ပါဘူး။ယူနိုက်တတ်အသင်းကအခုချိန်ထိတစ်စုံတစ်ခုသောဆက်သွယ်မှုမရှိခဲ့ပါဘူး။ဒါပေမယ့်တခြားကမ္ဘာထိပ်တန်းအသင်းကြီးတွေများစွာရဲ့ဆက်သွယ်မှုတွေတော့ရခဲ့ပါတယ်။

ယူနိုက်တတ်အသင်းဟာကာစီဒိုရဲ့အေးဂျင့်တွေနဲ့သာဆက်သွယ်ခဲ့တာဖြစ်နိုင်ပြီးနောက်ပိုင်းမှာသူတို့နောက်ဆုတ်သွားခဲ့ပုံရပါတယ်။ကျွန်တော်တို့အသင်းကိုတော့ဆက်သွယ်မှုမရှိခဲ့ပါဘူးဟုဆိုသွားပါတယ်။

ဘရိုက်တန်အသင်းနဲ့ အင်ဒိပန်းနန့်အသင်းတို့ဟာဆက်ဆံရေးကောင်းတွေရှိနေခဲ့ကြပြီး၂၀၁၈ခုနှစ်တုန်းကလည်း အင်ဒိပန်းနန့်ကစားသမားဘေလီအဲရစ်ကိုဘရိုက်တန်အသင်းကဝယ်ယူခဲ့ဘူးပါတယ်။

ကာစီဒိုရဲ့ပြောင်းရွှေ့ကြေးကို ဘရိုက်တန်အသင်းက ပေါင်၅.၅သန်းပေးချေရမှာဖြစ်ကြောင်းသိရပြီ။ကာစီဒိုကိုထပ်မံရောင်းချဖြစ်ခဲ့ပါကပြောင်းရွှေ့ကြေးရဲ့၂၀ရာခိုင်နှုန်းကို အင်ဒိပန်းနန့်အသင်းကိုထပ်မံပေးချေရမယ်ဆိုတဲ့အချက်ပါဝင်ကြောင်းသိရပါတယ်။

Leave a Comment

Your email address will not be published.