ဖလားရနိုင်တဲ့အသင်းကိုသွားမယ်ဆိုပြီး မန်ယူကိုငြင်းလိုက်တဲ့ ကစားသမား

ယူနိုက်တက်အသင်းက ရီးရဲအသင်းနောက်ခံလူဖြစ်တဲ့ ဗာရန်း ကို ခေါ်ယူဖို့စိတ်ဝင်စားတယ်လို့ သတင်းထွက်ခဲ့တဲ့အပြင် နောက်ခံလူ ရာမိုစ့် ရဲ့ စာချုပ်အခြေအနေကိုလည်း စောင့်ကြည့်နေတယ်လို့ ဖော်ပြလာကြပါတယ်။

ရီးရဲ့အသင်းရဲ့နောက်ခံလူ ရာမို့စ် ရဲ့ စာချုပ်သက်တမ်းက အခုရာသီအကုန်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ဆက်လက် သက်တမ်းတိုးဖို့ကို ရီးရဲ့အသင်းနဲ့ ကစားသမားတို့ သဘောတူညီမှုမရသေးဘူးလို့ ဆိုပါတယ်။

ယူနိုက်တက်နည်းပြဆိုးရှားက အသင်းရဲ့နောက်တန်းကို ဆက်လက်အင်အားဖြည့်တင်းလိုနေပြီး ပြီးခဲ့တဲ့အပြောင်းအရွှေ့မှာ တဲလက်စ် ကို ခေါ်ယူခဲ့ပေမဲ့ လိုအပ်နေဆဲလို့ ယူဆထားပါတယ်။

ယူနိုက်တက်အသင်းမှာ နောက်ခံလူတွေအများအပြားရှိပေမဲ့ ဖီးဂျုံး၊ ရိုဟို တို့က နည်းပြရဲ့အစီအစဉ်တွေထဲမှာ ပါဝင်ခြင်းမရှိ အသင်းကထွက်ခွာရမယ်လို့ သတင်းထွက်နေသူတွေပါ။

နည်းပြဆိုးရှားရဲ့ ဦးစားပေးဗဟိုနောက်ခံလူတွေဖြစ်တဲ့ မက်ကွိုင်းယား နဲ့ လင်ဒီလော့ တို့ နောက်ပိုင်းပွဲစဉ်တွေမှာ ကစားပုံတည်ငြိမ်လာခဲ့ပေမဲ့ နောက်ခံအတွင်းလူနေရာကို ဆက်လက်အင်အား ဖြည့်တင်းချင်နေတုန်းပါဘဲ။

ဒါ့ကြောင့်လည်း ဝါရင့်နောက်ခံလူတစ်ဦးဖြစ်တဲ့ ရာမို့စ် အနေနဲ့ ရီးရဲအသင်းနဲ့ စာချုပ်အဆင်မပြေခဲ့လျှင် ယူနိုက်တက်က ကမ်းလှမ်းသွားဖို့ စောင့်ကြည့်နေတယ်လို့ စပိန်သတင်းတွေမှာ ဖော်ပြထားပါတယ်။

၃၄ နှစ်အရွယ်ရှိ ရာမိုစ့် က စာချုပ်သက်တမ်းကို နောက်ထပ် ၂ နှစ် ထပ်တိုးလိုပေမဲ့ ရီးရဲအသင်းက ၁ နှစ် စာချုပ်သက်တမ်း တိုးချင်တာကြောင့် အဆင်မပြေဖြစ်နေတာပါ။

အကယ်၍ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှုမရခဲ့ရင် ရာသီအကုန်မှာ ယူနိုက်တက်အနေနဲ့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာဖြစ်ပြီး လစာနဲ့ စာချုပ်သက်တမ်း ကိစ္စသာ ဆွေးနွေးရမှာဖြစ်ပါတယ်။

ဒါပေမယ့် ယူနိုက်တက်နဲ့ပက်သက်တဲ့ သတင်းတွေနဲ့ ပက်သက်တာကို Sport Tribble Newsက မေးမြန်းတဲ့အခါမှာ ရာမို့က
“ကျွန်တော်ဟာ ရီးရဲနဲ့ဆုဖလားတွေအများကြီးရယူပေးခဲ့တဲ့သူပါ။ ကျွန်တော်ပြောင်းမယ့်အသင်းကိုလည်းဖလားရစေချင်ပါတယ်။ ယူနိုက်တက်ဆီကိုတော့ ကျွန်တော်ပြောင်းမယ်လို့ မစဉ်းစားထားသေးဘူး။ တကယ်လို့စပိန်မှာ ကစားဖြစ်မယ်ဆိုရင် အသင်းဟောင်းဆီဗီလာမှာပဲကစားဖြစ်မယ်”လို့ဆိုပါတယ်

လက်ရှိမှာပီအက်စ်ဂျီ အသင်းကလည်း ရီးရဲနောက်ခံလူ ရာမိုစ့် ကို ခေါ်ယူဖို့ စောင့်ကြည့်နေသလို လီဗာပူးအသင်းကလည်း စောင့်ကြည့်နေတယ်လို့ သတင်းတွေကဖော်ပြနေကြပါတယ်။ ဆိုတော့ လာလီဂါ ချန်ပီယံ ၅ ကြိမ်၊ချန်ပီယံလိဂ် ဖလား ၄ ကြိမ် အထိ ရယူထားနိုင်သူ လည်း ဖြစ်
ကမ္ဘာ့အကောင်းဆုံး နောက်ခံလူအဖြစ်သတ်မှတ်ခံထားရသူလည်းဖြစ်တဲ့ ရာမို့စ်ဟာ သူ့အနာဂါတ်ကို ဘယ်လိုရွေးချယ်မလဲဆိုတာတော့စိတ်ဝင်စားဖို့ကောင်းပါတယ်။

Leave a Comment

Your email address will not be published.