“ဘရူနိုကို ကမ်းလှမ်းမှုတွေလုပ်လာရင် ငြင်းဆန်သွားဖို့မရှိဘူး”ဆိုတဲ့ အက်ဝုဒ်

ယူနိုက်တက်အသင်းရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ အက်ဝုဒ်ကတော့ ဘရူနိကိုကမ်းလှမ်းမှုတွေလုပ်လာရင် ငြင်းဆန်သွားဖို့မရှိဘူးလို့ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်ရဲ့ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွက် နည်းပြဖြစ်သူဆိုလ်းရှားက လွတ်လွတ်လပ်လပ်ကိုင်တွယ်မရတဲ့အခြေအနေပါ။နည်းပြက လိုချင်တဲ့စာရင်းကိုပေးရပြီး ဘုတ်အဖွဲ့က ခေါ်ယူရန်သင့်မသင့်ကို ဘဏ္ဏာရေးအခြေအနေနဲ့ ချိန်ထိုးပြီး ဆုံးဖြတ်ပါတယ်။

ဒါ့ကြောင့် နည်းပြအနေနဲ့ လိုချင်တဲ့ကစားသမားစာရင်းကို ဘုတ်အဖွဲ့ကို တင်ပြပေးရပြီး တကယ်တမ်း ဘုတ်အဖွဲ့က ခွင့်ပြုပြီး ခေါ်ယူပေးမှသာ ကစားသမားကို ရရှိမှာပါ။

နည်းပြကြီး ဖာဂူဆန် ရှိတုန်းကတော့ ကစားသမားအပြောင်းအရွှေ့တွေကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကိုင်တွယ်လေ့ရှိပြီး သူအနားယူပြီးနောက်မှာတော့ အမှုဆောင်ချုပ် အက်ဝုဒ် ရဲ့ ဘုတ်အဖွဲ့ က ဦးဆောင်လာခဲ့ပါတယ်။ဒါတွေကြောင့်လည်း ဗန်ဟား၊ မော်ရင်ဟို တို့လို အသင်းကို စိတ်ကြိုက်တည်ဆောက်ချင်တဲ့ နည်းပြတွေနဲ့ အဆင်မပြေဖြစ်ပြီး ထွက်ခွာသွားခဲ့ကြတာပါ။

အခုနည်းပြဆိုးရှား လက်ထက်မှာလည်း အချို့ကစားသမားတွေက နည်းပြလိုအပ်ချက်နဲ့ ဘုတ်အဖွဲ့ဝယ်ပေးတာနဲ့ မကိုက်ညီတာတွေ ဖြစ်ပေါ်လာပါတယ်။အထူးသဖြင့် ကိုရိုနာကြောင့် ဘဏ္ဏာရေးထိခိုက်လာခဲ့လို့ ကစားသမားခေါ်ယူရေးမှာ ဘုတ်အဖွဲ့က ပိုပြီး လက်ပေါက်ကပ်လာတယ်လို့ ထင်စရာပါ။

ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာလည်း ယူနိုက်တက်ရဲ့ အဓိက ပစ်မှတ်ကစားသမား တစ်ယောက်မှမရလို့ ဝေဖန်ခံနေရမှ ဗန်ဒီဘိခ် ကို အမြန်ဝယ်ယူလိုက်သလို ၊ ဈေးကွက်ပိတ်ကာခါနီးမှ တဲလက်စ်၊ ကာဗာနီ တို့ကိုခေါ်ယူပေးလိုက်ပါတယ်။

သူတို့ ၃ ယောက်က ဆိုးရှား ရဲ့ တောင်းဆိုချက်အရလား၊ အက်ဝုဒ် နဲ့ ဘုတ်အဖွဲ့ရဲ့ ရွေးချယ်မှုနဲ့ဘဲ ရောက်ရှိလာသလား ဆိုတာတော့ သံသယဖြစ်စရာပါ။သိသာစေတဲ့အချက်က ခေါ်ယူလိုက်တဲ့ ဗန်ဒီဘိခ်၊ တဲလက်စ် နဲ့ ကာဗာနီ (ခြေစွမ်းမပြရသေးခင်) တို့က ဝယ်သာဝယ်ယူထားတယ် ဆိုးရှားရဲ့ ဦးစားပေးထဲမပါလို့ ပိုက်ဆံတွေ နှမြောဖို့ကောင်းပါတယ်။

ညာတောင်ပံတိုက်စစ်အတွက် လူဝယ်ဖို့တောင်းထားတာကို ဘုတ်အဖွဲ့က လူငယ်ကစားသမား ပယ်လီစတွီ ကိုသာ ခေါ်ယူပေးခဲ့သလို ဆိုးရှားကလည်း သူ့ကိုမသုံးဘဲ လူငယ်အသင်းကို ပို့လိုက်ပါတယ်။ဆိုးရှားလက်ထက် လူခေါ်ယူမှုမှာ ဘုတ်အဖွဲ့ရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးစရာဆိုလို့ ဖာနန်ဒက် ကို သင့်တော်တဲ့ဈေးနှုန်းတစ်ရပ်နဲ့ ရအောင် ဝယ်ယူပေးခဲ့တာဘဲရှိပါတယ်။

ဖာနန်ဒက် ကို ခေါ်ယူစဉ်က ယူရို ၅၅ သန်းပေးခဲ့ရပြီး ဖြစ်သင့်တဲ့ဈေးနှုန်းတစ်ရပ်နဲ့ ရရှိခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ကိုရောက်ပြီးနောက်ပိုင်းမှာတော့ ဖာနန်ဒက် ရဲ့ တန်ကြေးက ယူရိုသန်း ၉၀ အထိ ရောက်လာခဲ့ပါတယ်။

အခုလည်း ဖာနန်ဒက်ကို ခြေစွမ်းပိုင်းနဲ့ကြိုးစားလိုစိတ်ပြင်းထန်တာတွေကြောင့် ငွေကြေးချမ်းသာတဲ့အသင်းတချို့က ခေါ်ယူချင်တယ်ဆိုတဲ့ သတင်းတွေထွက်နေတာပါ၊ ဂျူဗင်တပ်က လည်း ရိုနယ်ဒိုကို ပေါင်သန်း ၆၀နဲ့ဖာနန်ဒက်ကိုအလိုက်ပေးဖို့ကမ်းလှမ်းထားသလို ဖာနန်ဒက်ကို စောင့်ကြည့်နေတဲ့အသင်းတချို့ရှိနေတာပါ။

အဲ့ဒီလိုအချိန်မှာပဲ ဂလေဇာဂုတ်သွေးစုပ်ဖို့အတွက် အစွမ်းကုန်ကြိုးစားအက်ဝုဒ်ဦးဆောင်တဲ့ ဘုတ်အဖွဲ့ရဲ့ ကစားသမားခေါယူရောင်းချခြင်း အစီအစဉ်တွေက ဘယ်လိုရှိလာမလဲဆိုတာတော့ ခန့်မှန်းမရသေးပါဘူး။

ဒါပေမယ့် ဘရုနိကို စိတ်ဝင်တစားကမ်းလှမ်းလာရင် သူတို့အနေနဲ့ စဉ်းစားသွားမှာဖြစ်တယ်လို့ တော့ဆိုလိုက်ပါတယ်။အပြောင်းအရွှေ့သတင်းထောက် ဂျွန်ဒန်နီယယ်ကတော့ ယူနိုက်တက်က လိုချင်တဲ့ပေါက်ဈေးကို ပေးနိုင်လောက်မယ့်အသင်းမရှိလောက်ဘူးလို့”ယူနိုက်တက်အပြောင်းအရွှေ့ဈေးကွက်ကို ကြိုးကိုင်နေတဲ့ အက်ဝုဒ်နဲ့ဘုတ်အဖွဲ့”ဆိုတဲ့ဆောင်းပါးမှာရေးထားပါတယ်။

ဘရုနိုကိုသာ အကျိုးအမြတ်တစ်ခုတည်းအတွက် ရောင်းလိုက်တာမျိုးဆိုရင်တော့ ယူနိုက်တက်ရဲ့ ဘုဒ်အဖွဲ့ဟာ ဂလေဇာအတွက်ပဲ အဓိက အလုပ်လုပ်တော့မှာလားဆိုတာနဲ့ ယူနိက်တက်ရဲ့အနာဂါတ်ဟာ စိုးရိမ်စရာပါပဲ.

#ဂျွန်ထက်
#FBV_SPORT

Leave a Comment

Your email address will not be published.