ဆိုလ်းရှားရဲ့ ကယ်တင်ရှင်ကစားသမားကို ထုတ်ပြောခဲ့တဲ့ ကမ္ဘာကျော်ဘော်လုံး သုံးသပ်သူ

ကမ္ဘာကျော်ဘောလုံးသုံးသပ်သူတစ်ဦးဖြစ်တဲ့စကိုင်းစပေါ့တ်ဘောလုံးကျွမ်းကျင်သုံးသပ်သူ ဂျေမီရက်ပ်နက်ကတော့ ယူနိုက်တက်က ဆိုလ်းရှားရဲ့ ကယ်တင်ရှင်ကစားသမားကို ထုတ်ပြောခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးနဲ့ ၂၂ မှတ်အထိကွာဟခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ချန်ပီယံလောင်းစာရင်းမှာပါ ပါဝင်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဝင်ခွင့်နဲ့သာ ကျေနပ်ခဲ့ရသလို ရာသီသစ်မှာလည်း ရလဒ်တွေဆိုးခဲ့တာကြောင့် အထုတ်ခံရဖိ့ု နီးစပ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ရက်ပ်နက်က ဇန်နဝါရီက ယူနိုက်တက်ကိုရောက်လာခဲ့တဲ့ ဖာနန်ဒက်စ်က အားလုံးကိုပြောင်းလဲစေခဲ့တယ်လို့ ဆိုခဲ့ပါတယ်။“ဖာနန်ဒက်စ်က ဒီရာသီမှာလည်း ယူနိုက်တက်ရဲ့အဓိကကစားသမားဖြစ်နေပါတယ်။ လက်တွေ့ကျကျပြောပြနေတာပါ။

သူဟာ ဖာနန်ဒက်စ်ရဲ့စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပြီး ဆိုးလ်ရှားရဲ့ကယ်တင်ရှင်တစ်ဦးဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဖာနန်ဒက်စ်ရောက်လာပြီးချိန်ကတည်းက ယူနိုက်တက်က ပြောင်းလဲခဲ့တာပါ။ သူဟာကိုယ်တိုင်လည်းဂိုးသွင်းသလို ဂိုးဖန်တီးမှုလည်း ပြုလုပ်နိုင်ပါတယ်။

သူ့ကြောင့် ကျန်တဲ့အသင်းသားတွေကလည်း ပြောင်းလဲလာခဲ့တာပါ။ သူမရောက်ခင်တုန်းက ဆိုးလ်ရှားရဲ့ရာထူးက မသေချာတဲ့အနေအထားမှာရှိနေတာပါ။

အခုတော့ အားလုံးပြောင်းလဲခဲ့ပါပြီ။ ဖာနန်ဒက်စ်ကိုတော့ ချီးကျူးရမှာပါ”လို့ ရက်ပ်နက်က ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဘန်လေကိုအနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ပိုင်းကို တက်ရောက်နိုင်ခဲ့ပြီး တနင်္ဂနွေနေ့မှာ ဒုတိယနေရာက လီဗာပူးအသင်းနဲ့ ထပ်မံရင်ဆိုင်ရမှာဖြစ်ပါတယ်။

Leave a Comment

Your email address will not be published.