ပေါ့ဘာရဲ့အနိုင်ဂိုးနဲ့ ဇယားထိပ်ဆုံးကိုတက်ရောက်သွားပြီဖြစ်တဲ့ ယူနိက်တက် ပွဲပြီးသုံးသပ်ချက်များ

မန်ချက်စတာယူနိက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် (၁၇) အဖြစ် ဘန်လေအသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့ရာမှာ 0 – 1 ဂိုးဖြင့်အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ်ဇယားထိပ်ကို တက်ရောက်သွားခဲ့ပြီးဖြစ်ပါတယ်…

ဒီပွဲမှာ အနိုင်ရလဒ်ဟာ အရမ်းအရေးကြီးတာမို့ နည်းပြကြီးဆိုးရှားလ်ဟာ အဓိကကစားသမားတွေအကုန်လုံးကို ပွဲထုတ်လာခဲ့ပြီးတော့ အနိုင်ယူဖို့အတွက် တိုက်စစ်အကုန်ဖွင့်ထုတ်ခဲ့ပါတယ်…

(Popular News)

ယူနိက်တက်ရဲ့ အမှတ်ပေးဖလားရဖို့ခရီးမှာ ဘယ်သူကအနှောက်အယှက်ဖြစ်နေလဲ ဝိန်းရွန်းနီပြော

ဂိုးသမား ဒီဂီယာ..ဘိုင်လီ မက်ကွိင်းယား လုရှော ဝက်ဆာကာ ကွင်းလယ်မှာ မာတစ် ပေါ့ဘာ ဘရူနို နဲ့ဲ့တောင်ပံနှစ်ဖက်မှာ မာရှယ်ရတ်ဖို့ …ကာဗာနီကိုတော့ အထောင်တိုက်စစ်မှူးအနေနဲ့ ထားခဲ့ပါတယ်…

ပထမပိုင်းမှာ ဘန်လေအသင်းဟာ ယူနိက်တက်အသင်းဘက်ကို ဂိုးပေါက်ချိန်းခြောက်မှုများ များများစားစား မပြုလုပ်နိုင်ခဲ့ပါဘူး….ယူနိုက်ကတော့ တိုက်စစ်ရော တန်ပြန်တိုက်စစ်ရောကနေ ဂိုးရရှိဖို့ကြိုးစားခဲ့ပြီး မာရှယ်သာ မဖြုန်းတီးပစ်ခဲ့ရင် လေးဂိုးလောက်ပြတ်သွားနိုင်တဲ့ အခြေနေပါ…

ဒုတိယပိုင်းမှာတော့ ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ရတ်ဖို့ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို မြေမကျ ကန်သွင်းပြီး တလုံးတည်းသော အနိုင်ဂိုးကို ရယူသွားခဲ့ပါတယ်….နောက်ပိုင်းမှာ ဘန်လေအသင်းဘက် က ဂိုးပေါက်ခြိမ်းခြောက်မှုတွေရှိပေမဲ့ ချေပဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်းမရှိပါဘူး…

ယူနိက်တက်မှာ လိုအပ်နေတဲ့ တောင်ပံတိုက်စစ်သာ ဖြည့်တင်းလိုက်မယ်ဆိုရင်တော့ ယခုပွဲဟာ ပိုမိုပြည့်စုံသွားနိုင်ပါတတယ်.. နည်းပြကြီးဆိုးရှားလ်အနေနဲ့လည်း ဝေဖန်မှုတွေကိုကျော်လွှားနိုင်ခဲ့ပြီးဖြစ်ပါတယ်..ယခုဆို ယူနိက်တက်ဟာ ပရီးမီးယားလိဂ် ဇယားထိပ်မှာ ဒုတိယနေရာမှ လီဗာပူးနဲ့သုံးမှတ်အကွာဖြင့် ရပ်တည်နေခဲ့ပြီးဖြစ်ပါတယ်…

FBV Sport News

Leave a Comment

Your email address will not be published.