မက်ကွိင်းယားရဲ့ ဂိုးအားမပေးခဲ့သဖြင့် ဘန်မီးနဲ့ ဒိုင်လူကြီးကို Lancs Live မှာ ပေါ့ဘာပြင်းထန်စွာဝေဖန်ခဲ့….

မန်ချက်စတာယူနိက်တက်ဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၁၇) မှာ ဘန်လေအသင်းကို ၀ – ၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဇယားထိပ်ကို လီဗားပူးလ်နဲ့ သုံးမှတ်အကွာနဲ့ ရပ်တည်နိုင်ခဲ့ပါပြီ…..

ယင်းပွဲမှာ မက်ကွိင်းယားရဲ့ ခေါင်းတိုက်သွင်းဂိုးဟာ အဲရစ်ပီတာအား ကြမ်းကြမ်းတမ်းစွာတိုက်တွန်းပြီးကစားခဲ့တာဖြစ်လို့ ဒိုင်လူကြီးက ဂိုးအဖြစ် ခွင့်ပြုမပေးခဲ့ပါဘူး……လုရှောကိုလည်း Var စနစ်မှားယွင်းမှုဖြင့် အဝါကဒ်လည်းပြခဲ့ပါသေးတယ်….

(Popular News)

ယူနိက်တက်ရဲ့ အမှတ်ပေးဖလားရဖို့ခရီးမှာ ဘယ်သူကအနှောက်အယှက်ဖြစ်နေလဲ ဝိန်းရွန်းနီပြော

ယူနိက်တက်ကွင်းလယ်ကစားသမား ပေါ့ဘာက ဒိုင်လူကြီးနဲ့ ဘန်မီး အား Lancs Live မှာ ယင်းဖြစ်ရပ်အားလုံးကို ပြန်စဉ်းစားကြည့်ရင် ရှက်သင့်တယ်လို့ ပြောပြီးပြင်းထန်စွာဝေဖန်ခဲ့ပါတယ်..

ပေါ့ဘာ ” ကျနော် မယုံကြည်နိုင်စရာကောင်းလောက်တဲ့ ဖြစ်ရပ်တွေ ပွဲထဲမှာဖြစ်ခဲ့တယ်…..ဒိုင်လူကြီး ကလည်း အမှားအယွင်း ဆုံးဖြတ်မှုတွေကို လွယ်လွယ်ကူကူချပစ်လိုက်တယ်…မက်ကွိင်းယားသွင်းတဲ့ ဂိုးက ပေးသင့်တဲ့ဂိုးပါ….

အဲရစ်ပီတာက ဂိုးဝင်ပြီး မှ အောက်ကို နိမ့်ပြီးလဲသွားတာ လေ ….သေချာပြန်စစ်ကြည့်ပါ…..ဘန်မီးကတော့ Captain တယောက်ဖြစ်ပြီး မှန်ကန်တဲ့ လုပ်ရပ်တွေကို မပြောဘဲ နှုတ်ဆိတ်နေခဲ့ပါတယ်..သူလည်း ရှက်သင့်ပါတယ်…ပရော်ဖက်ရှင်နယ်တွေလို ကစားသင့်ပါတယ် ” ဟု ဝေဖန်သွားခဲ့ပါတယ်…

RK(FBV Sport News)

Leave a Comment

Your email address will not be published.