မန်ချက်စတာဟာ ပြာခဲ့တာကြာပါပြီချန်ပီယံဆုအတွက်မန်စီးတီးရှိနေတယ်ဆိုတဲ့ဂွါဒီယိုလာ

မန်စီးတီးအသင်းအနေနဲ့ပရီးမီးယားလိဂ်ချန်ပီယံဆုရယူနိုင်ဖို့ဖိအားတွေအောက်ရောက်ရှိနေတာဟာ ပျော်ရွှင်စရာကောင်းတယ်လို့ နည်းပြဂွါဒီယိုလာကထုတ်ဖော်ပြောဆိုထားပါတယ်။

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ်အဖြစ် ကစားရမယ့်ဘရိုက်တန်နဲ့ပွဲစဉ်ကိုအနိုင်ရခဲ့ပါက အမှတ်ပေးဇယားထိပ်မှာရှိတဲ့ ယူနိုက်တက်၊ လီဗာပူးအသင်းတို့နဲ့ အမှတ်ကွာဟမှုကျဉ်းမြောင်းလာမှာဖြစ်ပါတယ်။

မန်စီးတီး အသင်းဟာ ဘရိုက်တန် အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၆)ပွဲလုံး အနိုင်ရခဲ့ပြီး ဂိုး(၂၀)သွင်းယူကာ (၂)ဂိုးသာ ခွင့်ပြုခဲ့ရတယ်လို့ သိရပါတယ်။ ဒါကြောင့် ခုချိန်မှာ ယူနိုက်တက်၊ လီဗာပူးတို့ကိုပဲ အာရုံစိုက်ထားပြီး မန်စီးတီးကို လွှတ်ထားလို့မရပါဘူး။

မန်စီးတီးအသင်းဟာ ရာသီအစပိုင်းတုန်းက ရုန်းကန်ခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ အကောင်းဆုံးခြေစွမ်းတွေပြန်ရနေပါတယ်။

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက “ရာသီအစတုန်းကအသင်းကစားပုံမကောင်းခဲ့ဘူး။ ဒါကြောင့်လည်း တချို့ ဘောလုံးပွဲဝေဖန်သုံးသပ်သူတွေကကျွန်တော်တို့အသင်းကို ဆုဖလား မရနိုင်တော့ ဘူးလို့သုံးသပ်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ကတည်းက ကျွန်တော်ကအသင်းသားတွေကို တည်တည်ငြိမ်ငြိမ်နဲ့ကစားဖို့ အမြဲပြောခဲ့ပါတယ်။”

“ဘောလုံးပြိုင်ပွဲမှာကအခြေအနေတွေဟာပြောင်းလဲနေတဲ့အတွက်စိတ်လှုပ်ရှားမှုမရှိဘဲကစားရမယ့်ပွဲစဉ်တစ်ပွဲချင်းကိုသာအာရုံစိုက်ဖို့သတိပေးခဲ့ပါတယ်။ကျွန်တော်တို့ အနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကိုစိန်ခေါ်နိုင်မယ့်အသင်းဖြစ်လာနိုင်တဲ့ အနေအထားရှိပါတယ်”

“ခြေစွမ်းပိုင်းတိုးတက်ဖို့ ကျွန်တော်တို့ လျှော့ပြေးတာတော့ ရှိပါတယ်။ ကျွန်တော်တို့ဟာ ရာသီအစမှာ မလိုအပ်ဘဲ ပြေးလွှားမှုတွေ များခဲ့ပါတယ်။ တစ်ခါတလေမှာ အဲဒီလောက်ပြေးဖို့ မလိုပါဘူး။ ခြေထောက်ထဲဘောလုံးမရှိရင်တော့ ပြေးသင့်ပြေးရမှာပေါ့။ဘောလုံးကိုင်ပြီး လှုပ်ရှားတာကလည်း အရေးပါပါတယ်”ဆိုပြီး ပြောပါတယ်။

ဒီရာသီအမှတ်ပေးချန်ပီယံဆုကို စိန်ခေါ်နိုင်တာမန်စီးတီးဘဲရှိပါတယ်။မန်ချက်စတာမြို့ဟာ ပြာခဲ့တာ ကြာပါပြီ။ပွဲကျန်တွေ ကစားပြီးရင် ကျွန်တော်တို့အသင်း ထပ်ဆုံးသုံးသင်းထဲကိုရောက် လာပါလိမ်မယ်လို့၎င်းကဆိုပါတယ်။

Leave a Comment

Your email address will not be published.