မာရှယ်ရဲ့”ရှယ်ဖြုန်းပလန်”နဲ့ယူနိုက်တက်ရဲ့ ရှေ့ခရီးအကြောင်းပြောလာတဲ့ ဘာဘာတော့ဗ်

၂၀၁၃ခုနှစ်နည်းပြကြီးဖာဂူဆန်အနားယူပြီးနောက် ယူနိုက်တက်တို့ အချိန်အတန်ကြာဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဇယားထိပ်နံပါတ် ၁ကိုတော့တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

မနေ့ညက ဘန်လေနဲ့ပွဲမှာ ပေါ့ဘာရဲ့ တစ်လုံးတည်းသောဂိုးနဲ့ ယူနိုက်တက်တို့ ကံကောင်းထောက်မစွားအနိုင်ရပြီးတဲ့နောက် ဆယ်စုနှစ်တစ်စုနီးဝေးကွာနေတဲ့ အချစ်ဦးရင်ခွင် နံပါတ်နန်းတော်ဆီပြန်လည်ရောက်ရှိလာတာပါ။

အဲ့ဒီပွဲမှာရှောင်ဒိုက်ရဲ့ ဘန်လေလူစုဟာ တရုတ်ပြည်က မဟာတံတိုင်းလို ခံစစ်ကိုအံဿစြရာကောင်းအောင်ပိတ်ဆို့ကစားသွားခဲ့သလို တိုက်စစ်မှူးတွေဖြစ်တဲ့ မာရှယ် ကာဗာနီ ရက်ဖိုစ့်တို့ ကြောင်ပျောက်လောက်အောင်ဖြစ်ခဲ့ရပါတယ်။

ယူနိုက်တက်တို့ဟာ ဒီပွဲမှာ အခွင့်အရေးတွေအများကြီးရခဲ့ပေမယ့် ပွဲတိုင်းလိုလို ကြောင်ပျောက်နေတတ်တဲ့ တိုက်စစ်မှူးမာရှယ်ရဲ့ ရှယ်ဖြုန်းပလန်နဲ့ဖြုန်းတီးနေမှုကြောင့် ဂိုးတွေရသင့်သလောက်မရခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့် ပထမပိူင်းမှာ ယူနိုက်တက်တို့ဟာ ဂိုးပေါက်ရှာမတွေ့ခဲ့ပေမယ့် ပွဲကစားချိန် ၇၁မိနစ်ရောက်လာချိန်မှာတော့ ရက်ဖိုစ့်ရဲ့ ညာခြမ်းကဖြတ်တင်ဘောကို ပေါ့ဘာဖြစ်သလို ပိတ်သွင်းရာကနေကံသီလို့ တစ်ဂိုးရပြီးအောင်ပွဲခံနိုင်ခဲ့တယ်လို့ဆိုရမှာပါ။

ဒီပွဲမှာအထူးစွမ်းဆောင်ရည်ကောင်းတာကတော့ ဂေါင်းကြီးရဲ့ ခေါင်းတိုက်ဂိုးကို ပြစ်ဒဏ်ကျူးလွန်တယ်ဆိုပြီးပယ်ဖျက်သလို ကာဗာနီပြစ်ဒဏ်ကျူးလွန်ခံရတာကို အနီကဒ်မပြတဲ့အပြင် အချိန်ပို ၄မိနစ်ကို ၇မိနစ်အထိ အထူးမေတ္တာရက်ရောခဲ့တဲ့ ဒိုင်လူကြီးပဲဖြစ်ပါတယ်။ ဒိုင်လူကြီးရဲ့ဆုံးဖြတ်မှုတွေဟာ ဘန်လေဘက်ကထိုင်ထားသလားအောက်မေ့ရလောက်အောင် အငြင်းပွားဖွယ်ကောင်းလှပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ယူနိုက်တက်တို့ကံသီပြီးတစ်ဂိုးနဲ့ အနိုင်ရခဲ့လို့ ပွဲကြပ်တစ်ပွဲဖြစ်တဲ့ ကြိုးကြာအသင်းနဲ့ထပ်ဆုံရမှာဖြစ်တဲ့အတွက် အထူးသတိထားရတော့မှာပဲဖြစ်ပါတယ်။ ဒါနဲ့ပက်သက်ပြီး ဘာဘာတော့ကတော့ ခုလိုသတိပေးစကားပြောကြားသွားပါတယ်။

“ပီးခဲ့တဲ့ပွဲအတွက် တော်တော်ပျော်ရွင်ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဂိုးတွေဒီထက်ပိုရသင့်ပါတယ်။ မာရှယ်ဖြုန်းတီးလိုက်တဲ့အလုံးတွေက နှမြောစရာကောင်းပါတယ်။ ယူနိုက်တက်မှာကျွန်တော်ခနခနပြောသလို တိုက်စစ်မှူးစစ်စစ်နောက်တစ်ယောက်တော့လိုနေပါတယ်။ နောက်တန်းကတော့ အရင်ထက်ပိုကောင်းလာပါပြီ။

ပေါ့ထွက်သွားရင် သူ့နေရာမှာသူ့လိုကစားနိုင်မယ့်ကစားသမားတစ်ယောက်ကို ပြင်ဆင်ထားသင့်တယ်။ ဒီနေ့ပွဲမှာပြောချင်တာကအားလုံးကောင်းခဲ့ပါတယ်။ လီဗာပူးနဲ့ရင်ဆိုင်ဖို့ဆိုရင် ဒီထက်ပိုကောင်းဖို့ အများကြီးလိုပါသေးတယ်”လို့ဘာဘာတော့ဗ်က ယူနိုက်တက်ရဲ့ ရှေ့ဆက်ခရီးနဲ့ပက်သက်ပြီး ခုလိုအကြံပေးပြောကြားသွားခဲ့ပါတယ်.

#FBV_SPORT
#JH

Leave a Comment

Your email address will not be published.