“အရန်ခုံမှာထိုင်နေရတဲ့ ဗန်ဒီဗိ ဆိုလ်းရှားကို ရဲရဲတောက်တောင်းဆိုလိုက်တဲ့စကား”

နွရာသီ အပြောင်းအရွှေ့မှာ အေဂျက်ကနေ ပေါင် ၃၅သန်းနဲ့ ပြောင်းရွှေ့လာတဲ့ ကွင်းလယ်ကစားသမား ဗန်ဒီဗိဟာ နောက်ဆုံးမှာတော့ ဆိုလ်းရှားကို ရဲရဲတောက် စကားလုံးတွေနဲ့ တောင်းဆိုမှုတွေလုပ်လိုက်ပါတယ်။

ဗန်ဒီဗီရဲ့ စကားလုံးတွေကို ကြားကြားချင်း ဆိုးလ်းရှားက ရယ်နေခဲ့တယ်လို့လည်းဆိုပါတယ်။ဗန်ဒိဗီဟာ အေဂျက်က ရောက်လာတည်းက ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့်မရရှိပဲ အရန်ခုံမှာထိုင်နေရတာဖြစ်ပါတယ်။

“ကျွန်တော်လူစားလဲခံရတာမကြိုက်ဘူး။ အထူးသဖြင့် ၃မိနစ် ၄မိနစ်စာပေါ့။ အဲ့ဒီလိုလဲမယ့်အစား ကျွန်တော့်ကို အရန်ခုံမှာပဲထိုင်နေခွင့်ပေးပါ”လို့ပြောခဲ့တာပါ။

ဗန်ဒီဗိအဲ့ဒီလိုစကားပြောတော့ ဆိုလ်းရှားက ရယ်နေခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ပွဲတွေတိုင်းမှာ ကစားခဲ့တဲ့ဗန်ဒီဘိခ်ရဲ့ ခြေစွမ်းနှင့်ပတ်သက်ပြီးကျေနပ်မှုရှိပါတယ်လို့ ဆိုးလ်ရှားကပြောဆိုးခဲ့ပြီး ဘန်လေနဲ့ပွဲမတိုင်ခင်ပထမပိုင်းမပြီးခင် နယ်သာလန်နိုင်ငံသရဲ့ မာတာအားဂိုးသွင်းရန်ပေးပို့လိုက်မှုကိုအသားပေးကာပြောခဲ့ပါတယ်။

“သူ့ရဲ့အရည်အချင်းတွေကိုနောက်တစ်ကြိမ်ပြသခဲ့တာလို့ ကျွန်တော်ထင်ပါတယ်။ သူကနည်းစနစ်ပိုင်းမှာ အရမ်းကိုကောင်းကာ ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေကိုချနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ မာတာကို ဘောလုံးပေးပို့လိုက်တာကအရမ်းကိုကောင်းပါတယ်၊ သူ့မှာအရည်အချင်းတွေရှိပြီးဒီပွဲကနေသေချာပေါက် အကျိုးအမြတ်ရရှိသွားနိုင်ပါတယ် ” လို့ ဆိုးလ်ရှားကပွဲအပြီးမှာပြောပါတယ်။

ဝက်ဖို့ဒ်နှင့်ပွဲမတိုင်ခင်မှာလက်ရှိ အသင်းရဲ့လူစာရင်းမှာဘန်ဒီဘိခ်ရဲ့အနာဂတ်နှင့် ပတ်သက်ပြီး ဆိုးလ်ရှားကမေးခြင်းခံခဲ့ရပါတယ်။ ကွင်းလယ်ပိုင်းကစားသမားရွေးချယ်မှုအတွက် ယူနိုက်တက်ဟာ နယ်သာလန်နိုင်ငံသားကို ဈေးကြီးပေးကာဝယ်ယူခဲ့တာဖြစ်ပြီး သူ့ရဲ့အချိန်တွေက မကြာခင်ရောက်လာတော့မှာပါလို့ ဆိုးလ်ရှားကပြန်ဖြေခဲ့ပါတယ်။

“ကစားသမားတွေကအချိန်အနည်းငယ်လောက်လိုအပ်တယ်ဆိုတာကသာဓကတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်ရောအခြားကလပ်တွေမှာပါ။ အချိန်လိုအပ်တယ်ဆိုတာက သာဓကတွေ အများကြီးပါ။ သူ့ကိုကျွန်တော်တို့က ဘယ်လိုသတ်မှတ်ထားသလဲဆိုတာကိုပြောပြပြီးသားပါ” လို့ ဆိုးလ်ရှားကပြောပါတယ်။

ဗန်ဒိဗီကတော့ လူစား၃မိနစ် ၄မိနစ် ဝင်နေရတာထက် အရန်ခုံမှာ ထိုင်နေခိုင်းလိုက်ပါလို့ ဆိုလ်းရှားကိုတောင်းဆိုထားတာပါ။

Leave a Comment

Your email address will not be published.