“မန်ယူကိုတိုက်ခိုက်တဲ့ ကလော့ကို ကြောင်သူတော်ဆန်တယ်”ဆိုပြီး ဝေဖန်လိုက်တဲ့ ဒိုင်လူကြီး

ယူနိုက်တက်ကစားသမားတွေနဲ့ ယူနိုက်တက်အသင်းကို ပယ်နယ်တီတွေ ရရှိမှုနဲ့ပက်သက်ပြီး ဝေဖန်ခဲ့တဲ့ လီဗာပူးနည်းပြ ကလော့ကို ကြောင်သူတော်ဆန်တယ်ဆိုပြီးတော့ ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်းတစ်ဦးဖြစ်တဲ့ မက်ကလက်တန်ဘက် ကပြန်လည် ဝေဖန်ထိုးနှက်ခဲ့ပါတယ်။

နည်းပြကလော့ဟာ ပယ်နယ်တီနဲ့ပက်သက်ပြီး မန်ယူကအများကြီးရနေတယ်လို့ ပြောခဲ့တဲ့ကိစ္စနဲ့ပက်သက်ပြီးလည်း အရှက်ကွဲခဲ့ရပြီး တကယ့်တကယ် ပနယ်တီ အများဆုံး ရရှိနေတာ လီဗာပူးအသင်းဖြစ်နေတာပါ၊

ခုလည်းမကြာခင် ခါးသီးပြိုင်ဖက်၂ သင်းတွေ့ဆုံတော့မယ့် အချိန်မှာ ပဲ ဒိုင်လူကြီးဟောင်းလီဗာပူးနည်းပြကို ခုလိုဝေဖန်သွားတာပါ။

” ကလော့အနေနဲ့ မန်ယူနိုက်တက်ကစားသမားတွေဟာ ပင်နယ်တီရရှိဖို့လောက်ကိုပဲ ကြံရွယ်နေကြတယ်ဆိုပြီး ပြောဆိုခြင်းဟာ ကြောင်သူတော် ဆန်လှပါတယ်။ မိုဆာလာ နဲ့ မာနေးတို့ဟာလည်း အဲ့လို ပင်နယ်တီရနိုင်တဲ့ နည်းစနစ်တွေကို အသုံးပြုနိုင်တဲ့ ကစားသမားတွေပဲလေ “လို့ပြောကြားခဲ့တာပါ။

မန်ယူနဲ့လီဗာပူးတို့ဟာ နစ်ကြိမ်တိုင်တိုင် ရင်ဆိုင်တွေ့ဆုံရမှာဖြစ်ပြီး လီဗာပူးကြယ်ပွင့်ဟောင်းတစ်ဦးကတော့ မန်ယူကို ၃ဂိုးလောက်သိပ်လိမ့်မှာဖြစ်ပြီး မန်ယူဟာ လီဗာပူးရဲ့ ပြိုင်ဘက်မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

Leave a Comment

Your email address will not be published.