ယူနိက်တက်တိုက်စစ်မှူးတယောက်ရဲ့ဇနီး ကိုဗစ်စည်းမျဉ်းချိုးဖောက်သဖြင့် လီဗာပူးပွဲ လွဲချော်တော့မည်

မန်ချက်စတာယူနိက်တက် ဟာ ပရီးမီးယားလိဂ်ပွဲစဉ် (18) အဖြစ် ဇယားဒုတိယနေရာမှ လီဗာပူးနဲ့ အရေးကြီးပွဲကစားဖို့ရှိနေပါတယ်….

မန်ချက်စတာယူနိက်တက်နည်းပြကြီးဆိုးရှားအနေနဲ့ ဒီပွဲကို လူစုံထုတ်သုံးမယ်လို့ လည်းပြောထားပါတယ်…ဒါပေမဲ့ ယူနိက်တက် အတွက် တိုက်စစ်မှူးတယောက်အလှည့်အပြောင်း ဖြစ်လာဖို့ရှိနေပါပြီ….

မန်ချက်စတာယူနိက်တက် တိုက်စစ်မှူးတယောက်ရဲ့ ဇနီးဟာပြင်သစ် ကို အလည်အပတ်သွားရာမှာ ကိုဗစ်စည်းမျဉ်းချိုးဖောက်ပြီး အင်္ဂလန်သို့ပြန်လာခဲ့တဲ့အတွက် ယူနိက်တက် ကစားကွက်အလှည့်အပြောင်း ဖြစ်လာစေနိုင်ပါတယ်…

(Popular News)

ယူနိက်တက်ရဲ့ အမှတ်ပေးဖလားရဖို့ခရီးမှာ ဘယ်သူကအနှောက်အယှက်ဖြစ်နေလဲ ဝိန်းရွန်းနီပြော

ယူနိက်တက်တိုက်စစ်မှူး ရဲ့ ဇနီးက တော့ တခြားသူမဟုတ်ပါဘူး…..မာရှယ်ဇနီးပါဘဲ….မာရှယ်ဇနီးမယ်လနီ ဟာ ဇန်နဝါရီ ၉ရက်နေ့က ပြင်သစ်ကိုအလည်သွားခဲ့ပြီး ဇန်နဝါရီ ၁၃ ရက်မှာ ပြန်လာခဲ့တယ်…အဲ့ဒီလို သွားတဲ့နေရာမှာ ပြင်သစ်ကိုသွားတာ Q မဝင်ဘဲပြန်လာခဲ့တာဘဲဖြစ်ပါတယ်..

အဲ့ဒီအတွက် ယူနိက်တက်ဟာ ဒီနေ့မနက်မှာ မာရှယ် ကို ဆေးစစ်မှုတွေပြုလုပ်နေပြီလို့ MEN News မှာပြောထားပါတယ်…မာရှယ်အနေနဲ့ပွဲထဲမှာတော့ ပါမပါဆိုတာတော့ ပြန်လည်ထုတ်ပြန်မယ်လို့ ပြောထားပါတယ်…

မန်ချက်စတာယူနိက်တက်တိုက်စစ်မှူး မာရှယ် ဟာခြေစွမ်းပျောက်ဆုံးမှုကြောင့်ဝေဖန်ခံရမှုတွေရှိနေသော်လည်း ဘယ်လိုဘဲဖြစ်ဖြစ် မပါမနေရကစားတယောက်ပါ…သူမပါလာတာနဲ့ နည်းပြကြီးဆိုးရှားလ်ရဲ့ကစားကွက်ဟာအပြောင်းအလဲများစွာဖြစ်သွားနိုင်တာမို့ မာရှယ်ပါလာစေဖို့ဆုတောင်းရုံသာရှိတော့တာပါဘဲ…..

Rk(FBV Sport News)

Leave a Comment

Your email address will not be published.