လီဗာပူးအခက် မန်ယူအချက်ဆိုသလို မန်ယူတိုက်စစ်ပိုင်းအတွက် မဖြစ်မနေအသုံးချရတော့မယ့် အခွင့်အရေးကောင်း

မန်ယူနဲ့ကစားမယ့်မတိုင်ခင် လေ့ကျင့်ခန်းအစီအစဉ်တွေထဲမှာ လီဗာပူးရဲ့အဓိကဗဟိုနောက်ခံလူ ဂျိုရဲလ်မာတစ်မပါဝင်နိုင်သေးတဲ့အတွက် အန်ဖီးလ်ကို သွားကစားရမယ့်ပွဲမှာ မန်ယူအတွက် အားသာချက် ဖြစ်လာနေနိုင်ပါပြီ။

ယခုတစ်ပတ်ကစားရမယ့်ပွဲစဉ်ဟာ ဆာအဲလက်စ်ဖာဂူဆန်ထွက်ခွာသွားခဲ့ပြီးနောက်ပိုင်း အရေးအပါဆုံးပွဲစဉ်ဖြစ်နေတယ်ဆိုတာ အငြင်းပွားဖို့မလိုအောင် သေချာလျက်ရှိနေတာပါ။ ကင်မရွန်းလက် ရွေးစင်အနေနဲ့ ပေါင်ခြံဒဏ်ရာရှိထားကာ ယခုရက်ပိုင်းအထိ လီဗာပူးရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေထဲမှာ ပါဝင်နိုင်ခြင်းမရှိသေးတဲ့အတွက် အရေးကြီးတဲ့ခံစစ်ပိုင်း ခပ်လျော့လျော့ဖြစ်နေဖို့ ရှိနေပါတယ်။

ဒီအကြောင်းကို ဘောလုံးဂျာနယ်လစ်ဂျိမ်းစ်ပီးယာ့စ်က “မာတစ်ဟာ မန်ယူနဲ့ပွဲအတွက် ကြံ့ခိုင်မှုပြည့် ဝမှုရှိကြောင်း သက်သေပြဖို့အတွက် အချိန်တဖြည်းဖြည်းနည်းလာနေပါပြီ။ ဒီနေ့လေ့ကျင့်ခန်းမှာလဲ မပါနိုင်ခဲ့ ဘူး။

တကယ်လို့ တနင်္ဂနွေနေ့မှာ သူမပါနိုင်ဘူးဆိုရင် ဗဟိုနောက်ခံနေရာမှာ ဖေဘင်ဟိုနဲ့ ဘယ်သူကတွဲက စားမလဲမသိဘူး”လို့ သူ့ရဲ့တွစ်တာမှာ ရေးခဲ့တာပါ။ လီဗာပူးနည်းပြ ဂျာကင်ကလော့ပ်အနေနဲ့ ဗဟိုနောက်ခံလူ နေရာမှာ အင်အားဖြည့်တင်းထားမှုမျိုး မလုပ်ခဲ့မိတဲ့အားနည်းချက်ကို မန်ယူတိုက်စစ်သမားတွေ အခွင့်အရေး အပြည့်အဝယူဖို့လိုနေပါပြီ။

မန်ယူဟာ အန်ဖီးလ်ကိုသွားပြီး အနိုင်ကစားသွားဖို့ဆိုရင် ယခုလာမယ့်ရက်သတ္တပတ်လောက် အခွင့် အလမ်းကောင်းတာမျိုး နောက်တစ်ခါရဖို့ ခက်ခဲသွားမှာပါ။ ရူးမိုက်တဲ့အမှားမျိုးတွေ၊ မလိုအပ်တဲ့အမှားတွေမ လုပ်ဘဲ စွမ်းရည်တွေကို အမြင့်မားဆုံးအသုံးချနိုင်မယ်ဆိုရင် အိုးလ်ထရက်ဖို့ဒ်ဆီကို အနိုင်သုံးမှတ်ပိုက်ပြီး ပြန် နိုင်မယ့် ရာခိုင်နှုန်းများသွားမှာပါ။

Leave a Comment

Your email address will not be published.