ဟာလန်းဟာမန်ယူအတွက် ကစားပေးမှာမဟုတ်ဘူးဆိုတဲ့ရိုင်းအိုလာ

မန်ယူအသင်းနဲ့ဆက်ဆံရေးအဆင်မပြေဖြစ်နေတဲ့အေးဂျင့်ရိုင်းအိုလာဟာ သူရဲ့အခြားကစားသမားတစ်ဦးဖြစ်တဲ့ ဟာလန်းဟာ မန်ယူအတွက် ကစားသမားဖြစ်လာမဟုတ်ကြောင်း ဆိုသွားပါတယ်။

ဟာလန်းကိုခေါ်ယူဖို့မန်ယူအသင်းဟာစိတ်ဝင်စားမှုအချို့ရှိခဲ့သလိုနည်းပြဆိုးရှားနဲ့ပုဂ္ဂိုလ်ရေးရင်းနှီးတဲ့ကစားသမားဖြစ်တာကြောင် မန်ယူအသင်း က ပိုမိုစိတ်ဝင်စားတာဖြစ်ပါတယ်။ဒါပေမယ့် ဟာလန်းရဲ့အေးဂျင့်ဟာရိုင်းအိုလာဖြစ်နေတာကြောင့်မန်ယူအသင်းဟာ ၎င်းကစားသမားကိုခေါ်ယူဖို့နောက်ဆုတ်ခဲ့တာပါ။

ရိုင်းအိုလာရဲ့မကြာခဏ မဆိုင်တဲ့ ကိစ္စတွေမှာဝင်ရောက်စွတ်ဖက်မှုတွေကြောင့် အသင်းတည်ငြိမ်မှုထိခိုက်ရတယ်လို့မန်ယူအသင်းကယုံကြည်နေပြီးရိုင်းအိုလာရဲ့ကစားသမားတွေကို အသင်းမှာထပ်မံခေါ်ယူမှု ပြုလုပ်ရန်မရှိကြောင်း လည်းသိရပါတယ်။

ဟာလန်းရဲ့အေးဂျင့် ရွိုင်းအိုလာကတော့ ဘာစီလိုနာအသင်းဟာ သူ့ရဲ့ကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ရွိုင်းအိုလာဟာ နော်ဝေသားကို နူးကမ့်မြေကို ပို့ဆောင်ပေးဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဟာလန်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီတုန်းက ဆဲလ်ဘတ်ကနေ ဒေါ့မွန်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ကတ္တလန်သတင်းဌာနတစ်ခုကတော့ ဟာလန်းဟာ ဒေါ့မွန်ကနေ နွေရာသီမှာ ထွက်ခွာဖွယ်ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဘာစီလိုနာအသင်းကလည်း တိုက်စစ်ပိုင်းအတွက် ဟာလန်းကိုခေါ်ယူဖို့ ရွိုင်းအိုလာနဲ့ ဆွေးနွေးဖွယ်ရှိနေပါတယ်။ ရွိုင်းအိုလာက ဟာလန်းကို ဘာစီလိုနာပို့ဆောင်ဖို့ ဆွေးနွေးမှုတွေက အဆင်ပြေနေပြီဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဟာလန်းဟာ ကမ္ဘာ့ဘောလုံးလောကရဲ့အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့ကာ ဒေါ့မွန်မှာ ၃၄ ပွဲကစားပြီး ၃၅ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ အသက် ၂၀ အရွယ်ကစားသမား မန်ချက်စတာ ၂ သင်းက အလိုရှိနေတယ်လို့ သတင်းတွေက ဆိုနေကြပြီး တိုက်စစ်ပိုင်း အားဖြည့်ချင်နေကြပါတယ်။

စီးတီးကတော့ အဂူရိုနေရာမှာ ဟာလန်းနဲ့အစားထိုးချင်နေပြီး ယူနိုက်တက်ကလည်း အားနည်းနေတဲ့ အထောင်တိုက်စစ်မှာ ဟာလန်းကို ရေရှည်အစားထိုးချင်နေတာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဟာလန်းကိုဒေါ့မွန်မပြောင်းခင်ကတည်းက ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် ရွိုင်းအိုလာနဲ့ဆက်ဆံရေးအဆင်မပြေတာကြောင့် လွဲချော်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ဟာလန်းကိုခေါ်ယူနိုင်ဖို့ ဆက်လက်စိတ်ဝင်စားနေဆဲဖြစ်ပြီး ဆိုးလ်ရှားကလည်း ဟာလန်းကို မိုလ်ဒီမှာကစားတုန်းက နည်းပြခဲ့ဖူးတာဖြစ်ပါတယ်။
ဘာစီလိုနာကတော့ နွေရာသီမှာ မက်ဆီတစ်ယောက် ထွက်ခွာမှာသေချာနေတာကြောင့် အစားထိုးဖို့ ရှာဖွေနေပြီး ဟာလန်းကို မျက်စိကျနေပါတယ်။

အာဂျင်တီးနားသားဟာ လက်ရှိအချိန်မှာ ပြည်ပကလပ်တွေနဲ့အကြိုဆွေးနွေးခွင့်ရရှိနေပြီး ပီအက်စ်ဂျီက ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ မက်ဆီထွက်ခွာမှုနဲ့အတူ ဘာစီလိုနာဟာ ဒေါ့မွန်စတား ဟာလန်းနဲ့တိုက်ရိုက်အစားထိုးဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

Leave a Comment

Your email address will not be published.