အင်တာမီလန်ပရိတ်သတ်လို့ဝန်ခံထားတဲ့အရန်ခုံက မန်ယူကြယ်ပွင့်ကိုအငှားဖြင့်ခေါ်ယူနိုင်ရန်အင်တာမီလန်ကြံပြန်

မန်ယူအသင်းရဲ့ကစားသမားဟောင်းအများအပြားကိုခေါ်ယူထားတဲ့အင်တာမီလန်အသင်းဟာအခုလည်းမန်ယူအသင်း အရန်ခုံမှာ ထိုင်နေရတဲ့ နယ်သာလန်ကွင်းလယ်ကစားသမားဗန်ဒါဘိကိုအငှားဖြင့်ခေါ်ယူနိုင်ရန်မန်ယူတာဝန်ရှိသူတွေကို ကမ်းလှမ်းလိုက်ကြောင်းFootball 365မှဖေါ်ပြပါတယ်။

(Popular News)


ဗန်ဒါဘိဟာ ယခုနှစ်ဘောလုံးရာသီအစမှာ မန်ယူအသင်းကို ပြောင်းရွေ့လာပြီးနောက်ပိုင်းအရန်ခုံမှာပုံမှန်ထိုင်နေရတာကို ဘောလုံးအသိုင်းအဝိုင်းတစ်ခုလုံးက အံ့သြနေကြပြီး မန်ယူအသင်းစီကနေ ဗန်ဒါဘိကို အချိုအချောင်ရရှိနိုင်ဖို့ အသင်းတိုင်းနီးပါးကြံစည်နေတာပါ။

အခုလည်အင်တာမီလန်သင်းက သူတို့အသင်းကနေထွက်ခွါတော့မယ့် ကွင်းလယ်ကစားသမားအဲရစ်ဆင်ရဲ့နေရာကိုအစားထိုးနိင်ဖို့ဗန်ဒါဘိကို အငှားနဲ့ခေါ်ယူနိုင်ရန် န်ယူတာဝန်ရှိသူတွေကိုဆက်သွယ်လိုက်ကြောင်းသိရပါတယ်။ဗန်ဒါဘိဟာမန်ယူအသင်းနောက်ဆုံးကစားထားတဲ့ပရီးမီးယားလိဂ်လေးပွဲလုံးမှာလုံးဝပါဝင်ကစားခွင့် မရထားပါဘူး။

(Popular News)


အခုရာသီမှာ မန်ယူအသင်းနဲ့ဆယ်ပွဲသာကစားခွင့်ရထားတဲ့ဗန်ဒါဘိဟာ ပွဲချိန်ပြည့်ကစားခွင့်ရရှိထားတာနှစ်ပွဲလောက်သာရှိထားတာကြောင့် အင်တာမီလန်အသင်းက အခုလိုဆက်သွယ်လာတာပါ။ဒါ့အပြင်ကစားသမားကိုယ်တိုင်ကလည်းအင်တာမီလန်အသင်းရဲ့ပရီတ်သတ်တစ်ဦးဖြစ်ကြောင်းလည်းဝန်ခံထားပါသေးတယ်။

အဆိုပါအချက်တွေကို အသုံးချပြီးကမ်းလှမ်းမှုပြုလုပ်လာတာကြောင့် ကစားသမားကသာ အငှားကစားခွင့်တောင်းဆိုလာရင်မန်ယူအသင်းအနေနဲ့ လိုက်လျှောရမယ့်အခြေနေမှာရှိနေကြောင်းသိရပါတယ်။

ဗန်ဒါဘိမန်ယူမှာ အရန်ထိုင်နေရတာ နယ်သာလန်လက်ရွေးစင်အသင်းကို ထိခိုက်ကြောင်း ဒါကြောင့် ဗန်ဒါဘိအနေနဲ့ ကစားခွင့်ရနိုင်မယ့်အသင်းကို အခုဇန်နဝါရီမှာဘဲပြောင်းရွှေ့ဖို့နယ်သာလန်ဂန္ဓဝင်ကစားသမားကြီးရော်နယ်ဒီဘိုးဝါးက ဖိအာပေးပြောကြားထားတာကြောင့် ကစားသမားရဲ့အနာဂါတ်မတည်မငြိမ်ဖြစ်နေချိန်မှာ အခုလိုအင်တာမီလန်က ကြားဝင်လာတာဖြစ်ပါတယ်။

နယ်သာလန်ကြယ်ပွင့် ကတော့သူဟာမန်ယူအသင်းကထွက်ခွါမှာမဟုတ်ဘဲပုံမှန်နေရာအတွက်တိုက်ပွဲဝင်သွားမယ်လို့ပြောကြားထားပေမယ့်လက်ရှိအရန်ခုံမှာအချိန်ဖြုန်းနေရတာကိုယ်တော့ သူစိတ်မရှည်ကြောင်းဝန်ခံထားပါတယ်။

(Popular News)


အင်တာမီလန်ပရိတ်သတ်လို့ဝန်ခံထားတဲ့အရန်ခုံက မန်ယူကြယ်ပွင့်ကိုအငှားဖြင့်ခေါ်ယူနိုင်ရန်အင်တာမီလန်ကြံပြန်

မန်ယူအသင်းရဲ့ကစားသမားဟောင်းအများအပြားကိုခေါ်ယူထားတဲ့အင်တာမီလန်အသင်းဟာအခုလည်းမန်ယူအသင်း အရန်ခုံမှာ ထိုင်နေရတဲ့ နယ်သာလန်ကွင်းလယ်ကစားသမားဗန်ဒါဘိကိုအငှားဖြင့်ခေါ်ယူနိုင်ရန်မန်ယူတာဝန်ရှိသူတွေကို ကမ်းလှမ်းလိုက်ကြောင်းFootball 365မှဖေါ်ပြပါတယ်။

ဗန်ဒါဘိဟာ ယခုနှစ်ဘောလုံးရာသီအစမှာ မန်ယူအသင်းကို ပြောင်းရွေ့လာပြီးနောက်ပိုင်းအရန်ခုံမှာပုံမှန်ထိုင်နေရတာကို ဘောလုံးအသိုင်းအဝိုင်းတစ်ခုလုံးက အံ့သြနေကြပြီး မန်ယူအသင်းစီကနေ ဗန်ဒါဘိကို အချိုအချောင်ရရှိနိုင်ဖို့ အသင်းတိုင်းနီးပါးကြံစည်နေတာပါ။

အခုလည်အင်တာမီလန်သင်းက သူတို့အသင်းကနေထွက်ခွါတော့မယ့် ကွင်းလယ်ကစားသမားအဲရစ်ဆင်ရဲ့နေရာကိုအစားထိုးနိင်ဖို့ဗန်ဒါဘိကို အငှားနဲ့ခေါ်ယူနိုင်ရန် န်ယူတာဝန်ရှိသူတွေကိုဆက်သွယ်လိုက်ကြောင်းသိရပါတယ်။ဗန်ဒါဘိဟာမန်ယူအသင်းနောက်ဆုံးကစားထားတဲ့ပရီးမီးယားလိဂ်လေးပွဲလုံးမှာလုံးဝပါဝင်ကစားခွင့် မရထားပါဘူး။

အခုရာသီမှာ မန်ယူအသင်းနဲ့ဆယ်ပွဲသာကစားခွင့်ရထားတဲ့ဗန်ဒါဘိဟာ ပွဲချိန်ပြည့်ကစားခွင့်ရရှိထားတာနှစ်ပွဲလောက်သာရှိထားတာကြောင့် အင်တာမီလန်အသင်းက အခုလိုဆက်သွယ်လာတာပါ။ဒါ့အပြင်ကစားသမားကိုယ်တိုင်ကလည်းအင်တာမီလန်အသင်းရဲ့ပရီတ်သတ်တစ်ဦးဖြစ်ကြောင်းလည်းဝန်ခံထားပါသေးတယ်။

အဆိုပါအချက်တွေကို အသုံးချပြီးကမ်းလှမ်းမှုပြုလုပ်လာတာကြောင့် ကစားသမားကသာ အငှားကစားခွင့်တောင်းဆိုလာရင်မန်ယူအသင်းအနေနဲ့ လိုက်လျှောရမယ့်အခြေနေမှာရှိနေကြောင်းသိရပါတယ်။

ဗန်ဒါဘိမန်ယူမှာ အရန်ထိုင်နေရတာ နယ်သာလန်လက်ရွေးစင်အသင်းကို ထိခိုက်ကြောင်း ဒါကြောင့် ဗန်ဒါဘိအနေနဲ့ ကစားခွင့်ရနိုင်မယ့်အသင်းကို အခုဇန်နဝါရီမှာဘဲပြောင်းရွှေ့ဖို့နယ်သာလန်ဂန္ဓဝင်ကစားသမားကြီးရော်နယ်ဒီဘိုးဝါးက ဖိအာပေးပြောကြားထားတာကြောင့် ကစားသမားရဲ့အနာဂါတ်မတည်မငြိမ်ဖြစ်နေချိန်မှာ အခုလိုအင်တာမီလန်က ကြားဝင်လာတာဖြစ်ပါတယ်။

နယ်သာလန်ကြယ်ပွင့် ကတော့သူဟာမန်ယူအသင်းကထွက်ခွါမှာမဟုတ်ဘဲပုံမှန်နေရာအတွက်တိုက်ပွဲဝင်သွားမယ်လို့ပြောကြားထားပေမယ့်လက်ရှိအရန်ခုံမှာအချိန်ဖြုန်းနေရတာကိုယ်တော့ သူစိတ်မရှည်ကြောင်းဝန်ခံထားပါတယ်။

Leave a Comment

Your email address will not be published.