ယူနိုက်တက်ဟာ ဖလားအတွက် လီဗာပူးရဲ့ အဓိကပြိုင်ဘက်ဖြစ်မလာနိုင်တဲ့ အကြောင်းရင်းကို ပြောခဲ့တဲ့ ပူးကြီးကြယ်ပွင့်ဟောင်း

လီဗာပူးလ်မှကြယ်ပွင့်ဟောင်းတစ် ဦး က ယခုလာမယ့် တနင်္ဂနွေနေ့ လီဗာပူးနဲ့Man Utd တွေ့မယ့်ပွဲမှာ LFCကို အနိုင်ရလိမ့်မယ်လို့ ခန့်မှန်းထားတဲ့မန်ယူအသင်းကျရှုံးသွားလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။

လီဗာပူးလ်နောက်ခံလူဟောင်း ဂျွန်အာနီရိုင်ယက်စ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းဟာ မေလမှာ ပရီးမီးယားလိဂ်ဖလားအတွက် လီဗာပူးရဲ့အဓိကပြိုင်ဘက်ဖြစ်လာမယ်မထင်တဲ့ အဓိကအကြောင်းရင်းကိုလည်း ပြောဆိုသွားပါတယ်။

သရဲနီတွေဟာ ဘန်လေကို အိမ်ကွင်းမှာ ၁ဂိုးဇီးရိုးနဲ့ အနိုင်ရပြီးတဲ့နောက် ဇယားထိပ်တက်လာပေမယ့် မေလ ဖလားအိမ်မက်ဟာ အကြီးအကျယ်မက်ဖို့ အခွင့်အရေးတွေရရှိနေပြီလည်းဖြစ်ပါတယ်။

လက်ရှိမှာ ယူနိုက်တက်တို့ဟာ လီဗာပူးကို ၆မှတ်ဖြတ်ဖို့အခွင့်အရေးရှိနေပြီဖြစ်ပြီး ခါးသီးပြိုင်ဘက် ၂သင်းက ၂ကြိမ်တိုင်တိုင် တွေ့ဆုံရတော့မှာလည်းဖြစ်ပါတယ်။

Marcus Rashford နဲ့ Paul Pogba တို့ဟာ ယူနိုက်တက်အတွက် အလွန်စွမ်းဆောင်ရည်ရှိတဲ့ ကစားသမားဆိုတာ သူမငြင်းလိုသလို ယူနိုက်တက်ကို ပြောင်းလဲစေခဲ့တဲ့ ကွင်းလယ်လူ ဖာနန်ဒက်ရဲ့ စွမ်းဆောင်ရည်တွေကိုလည်း လီဗာပူးကြယ်ပွင့်ဟောင်းကချီးကျူးသွားပါတယ်။

ဒါပေမယ့် မန်ယူ လီဗာပူးတွေ့ဆုံခဲ့ရင် အနည်းဆုံး ၃ဂိုး ၁ဂိုးနဲ့ မန်ယူဟာ ရှုံးနိမ့်သွားပါလိမ့်မယ်လို့ လီဗာပူးအသင်းကြယ်ပွင့်ဟောင်းကခန့်မှန်းခဲ့ပါသေးတယ်။ယူနိုက်တက်ကျရှံးသွားနိုင်တဲ့ အဓိက အကြောင်းရင်းကိုတော့ သူက ခုလိုပြောဆိုသွားခဲ့ပါတယ်။

“ယူနိုက်တက်ဟာ ဘရူနိုဖာနန်ဒက်အပေါ် အရမ်းမှီခိုလွန်းပါတယ်။ ကစားသမားတစ်ယောက်တည်းအပေါ် အားထားနေရတဲ့ မန်ယူဟာ ရေရှည်မှာ ဘယ်လိုမှ အကောင်းမွန်ဆုံးအသင်းတစ်ခုကို တည်ဆောက်နိုင်မှာမဟုတ်ပါဘူး၊ မန်စီးတီးနဲ့လီဗာပူးမှာတော့ ကောင်းမွန်တဲ့ကစားသမားများစွာကို မှီခိုနေကြတာပါ၊ စွမ်းဆောင်ရည်ရှိတဲ့ကစားသမားကောင်းတွေ အများကြီးရှိကြပါတယ်။ ဒါကြောင့် မေလ ဖလားကို စိန်ခေါ်နိုင်တဲ့ အဓိကပြိုင်ဖက်က မန်ယူဖြစ်လာမယ်လို့တော့ ကျွန်တော်မထင်ဘူး”

Leave a Comment

Your email address will not be published.