လီပါပူလ်းနဲ့ပွဲမှာ အီဗရာပွဲထွက်ကစားစေချင်တဲ့နောက်တန်းကစားသားကိုထုတ်ဖေါ်

မန်ယူအသင်းရဲ့ဂန္ဓဝင်ကစားသမားကြီးပက်ထရစ်အီဗရာဟာ လာမယ့်တနင်္ဂနွေနေ့မှာ မန်ယူအသင်းရဲ့လီပါပူလ်းအသင်းနဲ့အဝေးကွင်းပွဲစဉ်ယှဉ်ပြိုင်ကစားရမှာကို စိတ်လှုပ်ရှားနေကြောင်း Sport Insiderမှာဖေါ်ပြလိုက်ပါတယ်။

အီဗရာက အဆိုပါပွဲစဉ်မှာ မန်ယူအသင်းသာ အနိုင်ရခဲ့ရင်ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို လွတ်လွတ်ကြွပ်ကြွပ်ဦးဆောင်နိုင်မှာဖြစ်တာကြောင့် အသင်းက ကစားသမားတွေကို အားပေးစကားတွေပြောကြားလိုက်သလိုအသင်းဖေါ်ဟောင်းနည်းပြဆိုးရှားကို လည်း အကြံညဏ်တွေပေးလိုက်ပါတယ်။

အီဗရာက ပြောကြားရာမှာ ကျွန်တော်အခုဘောလုံးရာသီစတင်ထဲက တချိန်လုံးထောက်ပြလာတာပါ။မန်ယူအသင်းရဲ့အားအနည်းဆုံးနေရာကဗဟိုခံစစ်ပါ။အခုချိန်ထိလည်း ဆိုပါနေရာကို အင်အားဖြည့်တင်းမယ့်အရိပ်အယောင်ကိုမတွေ့ရသေးပါဘူး။

ဒါကြောင့် ဆိုးရှားအနေနဲ့ ရှိတဲ့လူစာရင်းကနေအကောင်းဆုံးဖြစ်မယ့် ကစားသမားကိုရွေးချယ်ရမှာပါ။မက်ဂွိုင်းယားဟာမန်ယူခံစစ်တစ်ခုလုံးမှာမရှိမဖြစ်ကစားသမားဖြစ်နေပါတယ်။လင်ဒီလော့နဲ့အဲရင်ဘိုင်ယီကတော့ လက်ကျန်တစ်နေရာကိုနေရာလုတိုက်ပွဲဆင်နွဲနေရတာပါ။

လင်ဒီလော့ဟာ ကစားသမားကောင်းပါ။သူ့ရဲ့အကောင်းဆုံးခြေစွမ်းတွေကို သူ့ရဲ့နောက်ကျော်ဒဏ်ရာကထိခိုက်နေစေတယ်လို့ကျွန်တော်ထင်တယ်။လင်ဒီလော့ဟာ ဒဏ်ရာနဲ့ မန်ယူအသင်းအတွက် အကောင်းဆုံးကစားပေးနေတဲ့နောက်ခံကစားသမားပါ။လီပါပူလ်းရဲ့ လျှင်မြန်တဲ့တိုက်စစ်မှူးတွေအတွက်တော့ သူအဆင်သင့်မဖြစ်နိုင်ဘူးလို့ကျွန်တော်ထင်တယ်။

မက်ဂွိုင်းယားကလည်း လျှင်မြန်မှုအားနည်းတာကြောင့် ဗဟိုခံစစ်မှာ လင်ဒီလော့မက်ဂွိုင်းယားခံစစ်အတွဲကို တော့လီပါပူလ်းအသင်းနဲ့ပွဲ
စဉ်မှာ မကသစားစေချင်ပါဘူးကျွန်တော်တို့အသင်းမှာ လျှင်မြန်တဲ့ခံစစ်မှူးနှစ်ဦးရှိပါသေးတယ်။ဘဲရစ်ဘိုင်ယီနဲ့တွမ်ဇီဘီတို့ပါဘဲ။ကျွန်တော်ထင်
တယ် ဘိုင်ယီဟာ ဒဏ်ရာကပြန်လာပြီးနောက်ပိုင်း အကောင်းဆုံးခြေစွမ်းကို ပြန်လည်ရရှိနေပြီဆိုတာ။

ကစားခဲ့တဲ့ပွဲစဉ်တွေမှာလည်းသူ့ရဲ့ခြေစွမ်းကိုသက်သေခံခဲ့ပြီးပါပြီ။လီပါပူလ်းရဲ့လျှင်မြန်မှုကို ထိမ်းချုပ်ဖို့ ကျွန်တော်တို့နောက်တန်းမှာ ဘိုင်ယီလိုကစား
သမားလိုအပ်ပါတယ်ဟုဆိုသွားပါတယ်။

Leave a Comment

Your email address will not be published.