ကြယ်ပွင့်ကစားသမားအငှားဖြင့်ခေါ်ယူရန်အင်တာ၏ကမ်းလှမ်းမှုကိုမန်ယူပါယ်ချ

အင်တာမီလန်အသင်းဟာ မန်ယူအသင်းမှာနေရာမရဖြစ်နေတဲ့အသက်၂၃နှစ်အရွယ်နယ်သာလန်ကွင်းလယ်ကစားသမားဗန်ဒါဘိကို ခြောက်လအငှားစာချုပ်ဖြင့်ခေါ်ယူရန်ယမန်နေက ကမ်းလှမ်းခဲ့တာပါ။

အဆိုပါကမ်းလှမ်းချက်ကို မန်ယူအသင်းကချက်ခြင်းပါယ်ချခဲ့ပြီးနယ်သာလန်လက်ရွေးစင်ရဲ့အနာဂါတ်ဟာ မန်ယူအသင်းမှာဘဲရှိနေမှာဖြစ်ကြောင်း တုံပြန်ခဲ့တယ်လို့ Sport Italiaသတင်းမှာဖေါ်ပြထားပါတယ်။

ဗန်ဒါဘိကိုယ်တိုင်ကလည်း နည်းပြဆိုးရှားနဲ့တွေ့ဆုံအပြီးမှာ မန်ယူအသင်းမှာဘဲသူ့ရဲပွဲထွက်ခွင့်အတွက်တိုက်ပွဲဝင်သွားမယ်လို့ဆုံးဖြတ်ပြီးမှ အခုလိုအင်တာမီလန်အသင်းရဲ့ကမ်းလှမ်းမှုထွက်ပေါ်လာတာဖြစ်ပါတယ်။

အေဂျက်အသင်းမှာရှိစဉ်က ဗန်ဒါဘိဟာ သူဟာ အင်တာမီလန်အသင်းရဲ့အမာခံပရိတ်သတ်တစ်ဦးဖြစ်ကြောင်းဖြေကြားထားတဲ့အင်တာဗျူးဖိုင်ပြန်လည်ထွက်ပေါ်လာပြီးနောက်ပိုင်းမှာ အင်တာမီလန်အသင်းက ဗန်ဒါဘိကိုအခုလိုကမ်းလှမ်းမှုပြုလုပ်ခဲ့တာပါ။

အင်တာအသင်းဟာ အသင်းမှ ကွင်းလယ်ကစားသမားအဲရစ်ဆင်ကိုထွက်ခွါခွင့်ပေးထားပြီးနောက်အဆိုပါကစားသမားနေရာကိုအစားထိုးပြန်လည်ဖြည့်တင်းနိုင်ဖို့မန်ယူအသင်းမှာနေရာမရဖြစ်နေတဲ့ဗန်ဒါဘိကို ခေါ်ယူနိုင်ရန်စီစဉ်တာလည်းဖြစ်ပါတယ်။

မန်ယူကစားသမားဟောင်ေးတွနဲ့ အဆင်ပြေနေပြီးအဆိုပါကစားသမားဟောင်းတွေရဲ့တွန်းအားနဲ့ စီးရီးအေအဆင်နှစ်နေရာကိုရောက်ရှိနေတာကို သဘောကျနေတဲ့အင်တာနည်းပြကွန်တီကလည်း မန်ယူကစားသမားတွေကိုသာ ခေါ်ယူဖို့စိတ်ထက်သန်နေပြီး ကွင်းလယ်
ကစားသမား လင်ဂတ်ကိုလည်းခေါ်ယူဖို့ကျိုးစားနေကြောင်းသိရပါတယ်။

ဗန်ဒါဘိမန်ယူမှာ အရန်ထိုင်နေရတာ နယ်သာလန်လက်ရွေးစင်အသင်းကို ထိခိုက်ကြောင်း ဒါကြောင့် ဗန်ဒါဘိအနေနဲ့ ကစားခွင့်ရနိုင်မယ့်အသင်းကို အခုဇန်နဝါရီမှာဘဲပြောင်းရွှေ့ဖို့နယ်သာလန်ဂန္ဓဝင်ကစားသမားကြီးရော်နယ်ဒီဘိုးဝါးက ဖိအာပေးပြောကြားထားတာကြောင့် ကစားသမားရဲ့အနာဂါတ်မတည်မငြိမ်ဖြစ်နေချိန်မှာ အခုလိုအင်တာမီလန်က ကြားဝင်လာတာဖြစ်ပါတယ်။

နယ်သာလန်ကြယ်ပွင့် ကတော့သူဟာမန်ယူအသင်းကထွက်ခွါမှာမဟုတ်ဘဲပုံမှန်နေရာအတွက်တိုက်ပွဲဝင်သွားမယ်လို့ပြောကြားထားပေမယ့်လက်ရှိအရန်ခုံမှာအချိန်ဖြုန်းနေရတာကိုယ်တော့ သူစိတ်မရှည်ကြောင်းဝန်ခံထားပါတယ်။

Leave a Comment

Your email address will not be published.