ပယ်နတီရအောင်သင်ပေးတဲ့ လက်ဦးဆရာလို့ ရက်စ်ဖို့ရဲ့ ပြောဆိုမှုကို မော်ရင်ဟို တုံ့ပြန်

ဟိုဆေးမော်ရင်ဟိုက ကစားသမားတွေကို ပိုပြီးပါးရည်နပ်ရည်ရှိသူတွေဖြစ်အောင် ပယ်နတီဘယ်လိုယူရလဲဆိုတာ သင်ပေးခဲ့တယ်လို့ မားကဒ်ရက်ဖို့က‌ ပြောဆိုခဲ့မှုကို မော်ရင်ဟို Metroသတင်းဌာနကတစ်ဆင့်ပြန်လည်တုံ့ပြန်လာပါတယ်။

“မော်ရင်ညို ယူနိုက်တက်နည်းပြဖြစ်ခဲ့တုန်းကအချိန်တစ်ခုကိုကျနော်မှတ်မိနေတယ်။ အဲ့ဒီပွဲတစ်ပွဲမှာပေါ့။ ဂိုးဧရိယာထဲမှာပင်နယ်တီရခဲ့သင့်တဲ့အခြေအနေမျိုး ၅ကြိမ်၊ ၆ကြိမ်လောက်တော့ရှိခဲ့မယ်ထင်တယ်။ မော်ရင်ညို ကျနော့်ကိုဘာပြောလဲဆိုတော့

“ဧရိယာထဲမှာပါးနပ်မှုမရှိဘူးဆိုရင်တော့ မင်း ပင်နယ်တီတစ်လုံးတောင်ရမှာမဟုတ်ဘူး” တဲ့။ အဲဒီနောက်ပိုင်းမှာ ကျနော်တို့ပင်နယ်တီတွေစ,ရလာတယ်။ တိုးတက်မှုရဲ့ပြယုဂ်ပါပဲ။ “လို့ ရက်ဖို့ကပြောခဲ့တာပါ။

မန်ယူရဲ့ ပယ်နတီကိစ္စဟာ လီဗာပူးနည်းပြ ဂျာကင်ကလော့ပ် ဆောက်သမ်တန်ကို ရှုံးနိမ့်ပြီးတဲ့နောက်မှာ ကျယ်ကျယ်လောင်လောင်ထွက်လာတဲ့ကိစ္စလည်းဖြစ်ပါတယ်။

အဲ့ဒီတုန်းက ကလော့ပ်ဟာ သူမှားယွင်းခဲ့ရပြီး လီဗာပူးကတောင် မန်ယူထက် အကြိမ်အရေအတွက် ပိုများပြီး ပယ်နယ်တီပြစ်ဒဏ်ဘောတွေရတာပါ။ အဲ့ဒီနောက်ဆက်တွဲအနေနဲ့ ရက်ဖို့က သူ့ရဲ့ပယ်နတီလက်ဦးဆရာလို့ ပြောကြားမှုအပေါ် မော်ရင်ဟိုက ခုလိုတုံပြန်လာပါတယ်။

” သူကအိုဗာတွေလျောက်ပြောနေတာ။ သူ့ကို ကျွန်တော်က ခေါင်းသုံးတတ်အောင်သင်ပေးခဲ့တာပါ။ သဘောပေါက်နားလည်ဖို့သင်ပေးရုံပဲ။ တကယ်တော့ ကျွန်တော်နည်းပြလုပ်တုန်းက ပယ်နတီရတာနည်းပါတယ်။ ခု ဆိုလ်းရှားလက်ထက်မှာ ကျွန်တော်ထက် ၂ဆလောက်များတယ်ပယ်နတီရတာ”လို့ မော်ရင်ဟိုက ပြန်လည်တုံ့ပြန်ပြောကြားခဲ့တာပါ။

ဟုတ်ပါတယ် Solskjaer ဟာ မော်ရင်ဟိုနေရာကို အစားထိုးပြီး Old Trafford ကို ‌၂၀၁၈က ရောက်လာတည်းက ယူနိုက်တက်ဟာ ်ပြစ်ဒဏ် ၄၂ ခုချီးမြှင့်ခံခဲ့ရတာပါ။

မာ်ရင်ဟိုကမူမန်ချက်စတာယူနိုက်တက် ကစားသမားရက်ဖို့ဟာ ်သူ့လွှမ်းမိုးမှုကို ပိုပိုသာသာပြောတယ်လို့ တုံ့ပြန်ခဲ့တာပါ၊မောရင်ဟို တာဝန်ယူတဲ့အချိန်တုန်းက ပြစ်ဒဏ်ဘော ၂၅ခုလောက်သာရခဲ့တာကိုလည်းသူကပြောသွားပြီး လီဗာပူးနဲ့ပွဲကိုလည်း”အဲ့ဒီပွဲက ပွဲကြီးပွဲကောင်းဖြစ်မှာသေချာပါတယ်။ထုံးစံအတိုင်းကံကောင်းပါစေပေါ့ဗျာ”လို့ လီဗာပူးနဲ့ယူနိုက်တက်ပွဲကို သုံးသပ်သွားပါတယ်။

Leave a Comment

Your email address will not be published.