မန်ယူနောက်တန်းကို အမြန်ခေါ်ဖို့ ပေါ်စခိုး အတင်းအကြပ်တိုက်တွန်းနေတဲ့ ကစားသမား

မန်ချက်စတာယူနိုက်တက်ရဲ့ နောက်တန်းပြဿနာကိုဖြေရှင်းဖို့ ပေါ်စခိုး အတင်းအကြပ်တိုက်တွန်းနေတဲ့ကစားသမားတစ်ယောက်ရှိပါတယ်။အဲ့ဒါကတော့ မန်ချက်စတာယူနိုက်တက်အသင်းအတွက် လက်စတာစီးတီးရဲ့ဗဟိုနောက်ခံကစားသမား Wesley Fofanaပဲဖြစ်ပါတယ်။

သူ့ကို ခေါ်ယူဖို့ Ole Gunnar Solskjaer ကို Paul Scholes ကတိုက်တွန်းနေတာပါHarry Maguire နဲ့ Eric Bailly တို့ဟာ ပြီးခဲ့တဲ့ သီတင်းပတ်များကယူနိုက်တက်အတွက်ခိုင်မာတဲ့နောက်တန်းတံတိုင်းကိုတည်ဆောက်ခဲ့ကြပြီးဖြစ်ပေမယ့်Lindelof ဟာ ရာသီအများစုအတွက်ကျောဒဏ်ရာကြောင့်ရုန်းကန်နေရပါတယ်။

ဒါပေမယ့်‌နောက်တန်းပြဿနာအတွက် ဘိုင်လီ မက်ဂွှိုင်းယားတို့ကိုပဲ မှီခိုနေရရင် ယူနိုက်တက်နောင်တရရလိမ့်မယ်လို့ စခိုးကဆိုပါတယ်။ဒီတိုင်းဆို လီဗာပူးလ်မှာအနိုင်ရအခဲ့ရင်တောင် မိနစ် ၈၀ လောက်မှာမှ ကံကောင်းပီး၁-၀ ဒါမှမဟုတ် ၂-၁ ပဲ။ဒါတောင်နောက်တန်းက စိတ်ချရတဲ့ အနေအထားမရှိဘူး”လို့စခိုးကဆိုပါတယ်။

Wesley Fofanaကို လက်စတာစီးတီး ပေါင်၃၆သန်းနဲ့ခေါ်ယူခဲ့တာဖြစ်ပြီးတော့ လက်စတာမှာ အကောင်းဆုံးနောက်တန်းလို့တောင်ဆိုနိုင်ပါတယ်။မန်ယူနောက်တန်းမှာ ဝစ်ဘစ်ဆာကာနဲ့လုရှောတို့ကလည်း ဒဏ်ရာပြဿနာတွေရှိနေလို့ မန်ယူနောက်တန်းပြဿနာဟာ, ရေရှည်အတွက် စိုးရိမ်စရာပါပဲ။

ဒါနဲ့ပက်သက်ပြီး စခိုလ်းက”ကျွန်တော်သာ အိုလေ ဖြစ်ခဲ့ရင် လက်စတာက နောက်တန်းကောင်လေးကို ခေါ်ယူပီးနေလောက်ပီ။ အသက်က ၂၀နဲ့ တံတိုင်းလို ခံစစ်ရှိတဲ့ကစားသမား။ သူ့ကိုခေါ်နိုင်ခဲ့ရင် နောက်တန်းပြဿနာအတွက် လုံးဝစိတ်အေးရပီ။ ယူနိုက်တက်အနေနဲ့ အမြန်ဆုံးခေါ်ယူဖို့လုပ်ကိုလုပ်သင့်တယ်ဗျာ”လို့ ဆိုပါတယ်။

Leave a Comment

Your email address will not be published.