ဘရူနိုနဲ့ပက်သက်ပြီး လီဗာပူးနည်းပြ ကလော့ရဲ့မှတ်ချက်စကား

ယူနိုက်တက်နဲ့လီဗာပူးတို့ရဲ့ ပွဲမတိုင်ခင် နှစ်ဖက် အပြန်အလှန်စကားစစ်ခင်းတာမျိုးတွေရှိလာပေမယ့် ယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်နဲ့ပက်သက်ပြီးတော့ လီဗာပူးနည်းပြကတော့ ကောင်းမွန်တဲ့ မှတ်ချက်စကားအချို့ကိုပြောသွားပါတယ်။

ဒီတော့ မန်ဖန်ပရိတ်သတ်ကြီးလည်းဖတ်ရအောင် အောက်မှာ ကလော့ ပြောစကားအပြည့်အစုံကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

“ဖာနန်ဒက်စ်က ထူးချွန်တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ သူ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့မလာခင်က ကျွန်တော်တို့က စပို့တင်းနဲ့ USAမှာ ခြေစမ်းပွဲစဉ်တစ်ခုကို ကစားခဲ့ရပါတယ်။ အဲ့ဒီပွဲစဉ်မှာကတည်းက သူ့ရဲ့ခြေစွမ်းက အံ့ဩစရာကောင်းနေခဲ့တာကို မြင်တွေ့နိုင်ပါတယ်။

“အဲ့ဒီမတိုင်မီကတည်းက လူတွေက သူ့ကိုသတိထားမိပြီးသား ဖြစ်ကြပါလိမ့်မယ်။ ဒါပေမယ့် အဲ့ဒါက ကျွန်တော်ကိုင်တွယ်တဲ့ အသင်းနဲ့ သူ့ကို ပထမဆုံးရင်ဆိုင်ကစားခဲ့ဖူးတာ ဖြစ်ပါတယ်။

သူက မတူညီတဲ့အခြေအနေတွေကို ပြောင်းလဲနိုင်စွမ်းရှိသူတစ်ယောက်ဆိုတာ မြင်တွေ့နိုင်ပါတယ်။ ယူနိုက်တက်မှာလည်း သူက အထိုင်ကျပြီး လက်ရှိမှာ ယူနိုက်တက်ရဲ့ အလွန်လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ကစားသမားတစ်ယောက်ဖြစ်နေပါပြီ။

” ယူနိုက်တက်အသင်းရဲ့ အောင်မြင်မှုများစွာမှာ သူက ပါဝင်ပတ်သက်လျှက်ရှိနေပါတယ်။ သူ့ရဲ့အောင်မြင်မှုတွေနဲ့ပတ်သက်ပြီး သွင်းဂိုးတွေမှာ ပါဝင်ပတ်သက်မှုတွေကိုပဲ လူအများစုက ပြောဆိုချီးကျူးကြလိမ့်မယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် အခြားအခြေအနေတွေမှာလည်း သူ့ရဲ့ချိတ်ဆက်နိုင်စွမ်းက အသင်းအတွက်အလွန်အရေးပါပါတယ်။

” ကျွန်တော် သူ့ကို ကောင်းကောင်းမသိပေမယ့် သူက တကယ့်ကို အသင်းကို ဦးဆောင်နိုင်သူတစ်ယောက်လို့ ထင်မြင်မိပါတယ်။ ကံမကောင်းစွာပဲ သူဟာ ယူနိုက်တက်တို့ရဲ့ ကောင်းမွန်တဲ့ ခေါ်ယူမှုတစ်ခုဖြစ်ခဲ့ပါတယ်။”

ဂျာဂျင်ကလော့ပ် (ဖာနန်ဒက်စ်နဲ့ ပက်သက်ပြီး ပြောစကား)

Leave a Comment

Your email address will not be published.