လီပါပူလ်းကိုကောင်းကောင်းဒုက္ခပေးနိုင်မယ့် မန်ယူကစားသမားတစ်ဦးအကြောင်းပြောပြတဲ့ဘာဘာတောဗ့်

မန်ယူအသင်းရဲ့တိုက်စစ်မှူးဟောင်းဘာဘာတောဗ့်ဟာ ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေပြီးနောက်ပိုင်းမှာအသင်းဟောင်းမန်ချက်စတာယူနိုက်တတ်အသင်းကို မကြာခဏထောက်ပြပြောဆိုမှုတွေပြုလုပ်နေသူတစ်ဦးဖြစ်ပါတယ်။

အခုလည်းဘာဘာတောဗ့်က မန်ယူအသင်းဟာ လီပါပူလ်းအသင်းနဲ့ပွဲစဉ်မှာ အသင်းတိုက်စစ်ကိုအပြောင်းအလဲပြုလုပ်ဖို့အကြံပေးလိုက်ပါတယ်။လွဲချော်မှုတွေများလွန်းတဲ့တိုက်စစ်မှူး မာရှယ်ရဲ့နေရာကို ဝါရင့်တိုက်စစ်မှူးကာဗာနီကု ိအသုံးပြုဖို့မန်ယူနည်းပြဆိုးရှာကို အကြံပြုလိုက်တာပါ။

ဘာဘာတောဗ့် က ကာဗာနီရဲ့အတွေ့အကြုံကြွယ်ဝမှုတွေကို ကောင်းကောင်းအသုံးချပြီး အတွေ့ကြုံနုနယ်တဲ့လီပါပူလ်းခံစစ်ကစားသမားတွေကို ဒုက္ခသေချာပေးနိုင်ကြောင်းဆိုပါတယ်။လီပါပူလ်းအသင်းမှာဗဟိုခံစစ်ကစားသမားအများအပြားဒဏ်ရာရနေတာကြောင့်
ကွင်းလယ်ကစားသမားဖာဘင်ဟို ဟာဗဟိုခံစစ်နေရာကိူပြောင်းရွေ့ကစားနေတာပါ။

ဒါအပြင်အခြားနောက်တန်းကစားသမားတစ်ဦးဖြစ်တဲ့မာတစ်လည်းဒဏ်ရာရသွားပြန်တာကြောင့် လီပါပူလ်းအသင်းဟာ မန်ယူအသင်းနဲ့ပွဲစဉ်မှာ လူငယ်ကစားသမားလေးဝီလီယံကိုဖာဘင်ဟိုနဲ့တွဲဖက်ပွဲထွက်ကစားစေရမယ့်အနေထားဖြစ်နေတာကြောင့် ဘာဘာတောဗ့် အခုလိုဝါရင့်တိုက်စစ်မှူးကို အသုံးချစေချင်နေတာဖြစ်ပါတယ်။

ကာဗာနီရဲ့နေရာယူပုံနဲ့ ဘောလုံးအမြင်မျိုး ကျန်ယူနိုက်တတ်တိုက်စစ်မှူးတွေမှာမရှိသေးကြောင်း ၎င်းကပြောပါတယ်။ကာဗာနီရဲ့တွေ့အကြုံတွေကတော့ဘယ်လိုမှဝယ်ယူလို့ရနိုင်တာမျိုးတွေမဟုတ်ဘဲအဲ့ဒိအတွေ့အကြုံတွေကို ဆိုးရှားအနေနဲ့ကောင်းကောင်းအသုံးချသင့်ကြောင်း လီပါပူးအခက်မန်ယူအချက်အနေထားမျိုးကိုရောက်ရှိနေကြောင်းဆိုပါတယ်။

မာရှယ်ဟာ ကစားအားကောင်းကောင်းနဲ့ထိုးဖေါက်ကစားနိုင်သော်လည်း လွဲချော်မှုတွေများလွန်းတာကြောင့် သဘာဝကပေးတဲ့နံပါတ်၉တိုက်စစ်မှူးမဟုတ်ကြောင်းမန်ယူအသင်းမှာ နံပါတ်၉တိုက်စစ်နေရာမှာ ကစားနိုင်တာ ကာဗာနီတစ်ဦးထဲသာရှိကြောင်းလည်းပြောကြားခဲ့ပါတယ်။

Leave a Comment

Your email address will not be published.