ရော်နယ်ဒိုအား ခေါ်ဆိုနိင်ဖို့ ဂျင်းဗျူဟာဖြင့် ယူနိက်တက်အား ဂျူဗင်တပ်ထပ်မံကမ်းလှမ်းပြန်

မန်ချက်စတာယူနိက်တက်ဟာ ရော်နယ်ဒိုကိုခေါ်ယူဖို့ ဂျူဗင်တပ်အား အမေရိကန်ကား Company ဖြစ်တဲ့ Chevrolet နဲ့ နောက် Sponsor တခုဖြစ်တဲ့ AON တို့မှ အကူညီပေးမည်ဟု အစောပိုင်းသတင်းများအရသိရခဲ့ပါတယ်…

ဒါပေမဲ့ ရော်နယ်ဒိုကကိုခေါ်ယူမယ်ဆို ဂျူဗင်တပ်ဟာ ငွေတင်မဟုတ်ဘဲ ယူနိက်တက်ကွင်းလယ်ကြယ်ပွင့်ဖြစ်တဲ့ ဘရူနိုဖာနန်ဒက်ကိုပါ အလိုက်ပေးဖို့ တောင်းဆိုခဲ့လို့ ယူနိက်တက်ဖန်တွေရဲ့ အမျက်ဒေါသကိုခံခဲ့ရပါတယ်…

(Popular News)

ယူနိက်တက်တိုက်စစ်မှူးတယောက်ရဲ့ဇနီး ကိုဗစ်စည်းမျဉ်းချိုးဖောက်သဖြင့် လီဗာပူးပွဲ လွဲချော်တော့မည်

ယခုအခါမှာတော့ မန်ချက်စတာယူနိက်တက်အား ဂျူဗင်တပ်က စီရော်နယ်ဒိုအား အငှားစာချုပ်ဖြင့် ခေါ်ဆိုနိုင်တယ်ဆိုတဲ့အကြောင်းကို ထပ်မံကမ်းလှမ်းထားပါတယ်….

ဒါကို ယူနိက်တက် ဂန္တဝင်တွေဖြစ်တဲ့ ပေါစခိုးလ်နဲ့ ဂယ်ရီနဗီးလ်က ယူနိက်တက်အနေဖြင့် ဒီလိုကမ်းလှမ်းမှုမျိုးတွေကိုအပြီးတိုင်ငြင်းလိုက်သင့်တယ်ဆိုတဲ့အကြောင်း နောက်ထပ် ဂျူဗင်တပ်ဆီက ဘာသံမှထွက်လာစရာအကြောင်းမရှိအောင်တခါတည်း အမြစ်ဖြတ်သင့်ကြောင်းကို ပြောထားပါတယ်…

နောက်ပြီး ယူနိက်တက်ဟာ ရော်နယ်ဒိုကိုခေါ်ယူမယ့်အစား ဖာဂူဆန်လို လူငယ်တွေဖြင့် အသင်းအတွက် သွေးသစ်လောင်းသင့်တယ်ဆိုတဲ့အကြောင်းကို လည်းပြောသွားခဲ့ပါသေးတယ်…..

RK(FBV Sport News)

Leave a Comment

Your email address will not be published.