လီပါပူလ်းနှင့်ပွဲစဉ်တွင်အဓိက ကစားသမားသုံးဦးလွဲချော်တော့မည့်မန်ယူ

မန်ချက်စတာယူနိုက်တတ်အသင်းဟာ ယနေ့ညမှာယှဉ်ပြိုင်မယ့် လီပါပူလ်းအသင်းနှင့်
ပွဲစဉ်မှာ ပထမအသင်းမှ အဓိက ကစားသမားသုံးဦးဒဏ်ရာကြောင့် လွဲချော်မှာဖြစ်ကြောင်းပွဲကြိုသတင်းစာရှင်းလင်းပွဲမှာနည်းပြဆိုးရှားကအသိပေးလိုက်ပါတယ်။

အဆိုပါကစားသမားသုံးဦးကတော့ ဘန်လေနဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ တိုက်စစ်မှုးမာရှယ်၊ကွင်းလယ်ကစားသမားမာတစ်နဲ့ မူလနော်ကကျောဒဏ်ရာပြန်လည်ခံစားနေရာတဲ့ ဗဟိုနောက်ခံကစားသမားလင်ဒီလော့တို့ဖြစ်ကြောင်းသိရပါတယ်။

အဆိုပါကစားသမားသုံးဦးအနက် မာရှယ်နဲ့ လင်ဒီလော့တို့ဟာအသင်းရဲ့ ပထမပွဲထွက်ဆယ်တစ်ဦးစာရင်းမှာပါဝင်သူတွေဖြစ်တာကြောင့် ဆိုးရှားအနေနဲ့ ယနေညပွဲစဉ်မှာ အသင်းကစားကွက်ကို အပြောင်းအလဲ ပြုလုပ်ကိုပြုလုပ်ရတော့မှာဖြစ်ပါတယ်။

တိုက်စစ်မှူးမာရှယ်ရဲ့နေရာမှာ ဝါရင့်ကစားသမား ကာဗာနီအစားထိုးဝင်ရောက်ပွဲထွက်ကစားဖွယ်ရှိနေပြီးဒဏ်ရာရကစားသမားတွေများပြားနေလို့ခက်ကြုံနေတဲ့လီပါပူလ်းနောက်တန်းကို ကာဗာနီရဲ့အတွေ့အကြုံတွေ အသုံးချပြီးအကောင်းဆုံးဖြိုချဖို့နည်းပြဆိုးရှားက ကြံစည်နေပါတယ်။

နောက်ခံကစားသမားလင်ဒီလော့နေရာမှာတော့နောက်ပိုင်းပွဲစဉ်တွေမှာ ပုံမှန်ခြေစွမ်းပြန်လည်ပြနေပြီးအသင်းအတွက်အရေးကြီးတဲ့ကာကွယ်မှုတွေ ပြုလုပ်နေတဲ့ ခံစစ်မှူး ဘာယီအစားဝင်ရောက်မှာဖြစ်ပြီးသိပ်ပြီးထူးခြားမှုရှိနိုင်မှာမဟုတ်ပါဘူး။

မာတစ်ဒဏ်ရာရရှိမှုကတော့ ဆိုးရှားအတွက် နည်းဗျူဟာအခက်အခဲဖြစ်လာနိုင်ပါတယ်။မာတစ်ဟာပထမသင်းကစားသမားတစ်ဦးမဟုတ်ပေမယ့် အခုဘောလံးုရာသီမှာ မန်ယူအသင်းအတွက် ၁၂ပွဲထိကစားခါင့်ရရှိထားပြီးအရန်ကစားသမားတွေထဲမှာ ပွဲထွက်ခွင့် အများ
ဆုံးရရှိထားသူပါ။

မာတစ်ဟာ ဖရက်၊တော်မီနေးတို့နှစ်ဦးလုံးရဲံနေရာကို အချိန်မရွေး အစားဝင်နိုင်ပြီး အဆိုပါကစားသမားနှစ်ဦးလုံးပေါင်းစပ်ထားတဲ့စွမ်းဆောင်ရည်မျိုးရှိတဲံအပြင် မြင့်မားတဲ့အရပ်အမောင်းကြောင့် ကွင်းလယ်မှာ အပေါ်ဘောတွကို ပါဖျက်ထုတ်ရာမှာအထူးအားထားရတဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။

မန်ယူအသင်းအနေနဲ့ဖရက်၊တော်မီနေးကွင်းလယ်အတွဲသာပွဲထွက်ဖို့များပေမယ့်အဆိုပါကစားသမားထဲမှတစ်ဦးဦးကို အပြောင်းအလဲပြုလုပ်ရန်ခံစစ်အားသန်ကစားသမား ခက်ခဲတော့မှာဖြစ်ပါတယ်။

လက်ရှိမှာလီပါပူလ်းအသင်းကတော့ ဒဏ်ရာကြောင့် အနားယူနရတဲ့ ဗဟိုနောက်ခံကစားသမားမာတစ်လေ့ကျင့်ခန်းအပြည့်အဝပြန်ဆင်းနိုင်ပြီဖြစ်တာကြောင့်ဖာဘင်ဟိုနှင့်တွဲဖက်ပြီး ဗဟိုခံစစ်ကစားသမားအဖြစ်ပွဲထွက်လာဖွယ်ရှိတောကြောင့် ဒဏ်ရာပြသနာတွေနဲ့ခေါင်းကိုက်နေတဲ့ ကလော့စ် တစ်ယောက် အနည်းငယ်စိတ်သက်သာဖွယ်ရှိနေပါတယ်။

Leave a Comment

Your email address will not be published.