အသင်းခေါင်းဆောင်ဟောင်းရော့ဆန်ပြောတဲ့ ယူနိုက်တက်မှာပျောက်ဆုံးနေတဲ့ ဦးဆောင်မှုကို ပေးနေတဲ့ ကစားသမား

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရော့ဆန်ကတော့ မက်ဂွာရီရဲ့ ဦးဆောင်မှုဟာ ယူနိုက် တက်ရဲ့ ပထမအသင်းမှာ ပျောက်ဆုံးနေတဲ့ ဦးဆောင်မှုမျိုးဖြစ်ပါတယ်လို့ ချီးကျူးပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် ယူနိုက်တက်ပရိတ်သတ်တွေနဲ့ ဘောလုံးဝေဖန်သူတွေက မက်ဂွိုင်းယားရဲ့ တန်ဖိုးကိုနားမလည်ကြပဲ တန်ဖိုးဆိုတာမရှိမှသိလာမှာဖြစ်တယ်လို့လည်းသူကဆက်ပြောသွားပါတယ်။

အိုထရက်ဖို့ဒ်ရှိ အသင်းခေါင်းဆောင်ရာထူးမှာ ထူးခြားတဲ့ အရည်အချင်းတွေ ပုဂ္ဂိုလ်ရေးပိုင်းဆိုင်ရာတွေ လိုအပ် နေတာပါ။ မက်ဂွာရီကတော ဒီလိုအရည်အချင်းတွေရှိကြောင်း ပြသခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်နိုင်ငံသားရဲ့ ၂၀၁၉ ခုနှစ်တွင် ပေါင်သန်း ၈၀ ဖြင့် ပြောင်းရွေ့လာခဲ့ပြီးနောက် ယူနိုက်တက်နှင့်အတူ ပထမဆုံးပွဲထွက်မှုတွင် သူဟာ အသင်းခေါင်းဆောင်ရာထူးကို ရယူခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့စွမ်းဆောင်ရည်နှင့်ပတ်သက်ပြီး မေးခွန်းထုတ်နေကြသော်လည်း အသက် ၂၇နှစ်အရွယ်ကစားသမား က တော့ ယူနိုက်တက်ကို အကောင်းဆုံးဦးဆောင်နေပါတယ်။

ဒီလိုကြိုးစားမှုတွေကို လေးစားမိကြောင်း ရော့ဆန်ကပြောဆိုထားပြီး The Sun သို့ “ ယူနိုက်တက်သို့ ပထမဆုံး ရောက်ရှိကတည်းက သူက အသင်းရဲ့ကစားသမားတွေကို စုစည်းပြီး ဆက်သွယ်ပြောဆိုဖို့လိုအပ်ခဲ့သော်လည်း အဲ့ဒီအလုပ်ကိုအကောင်းဆုံးလုပ်နိုင်ခဲ့ကြောင်း တွေ့ခဲ့ရပါတယ် ”

“ အခုတော့ အသင်းရှိကစားသမားတွေကို အကောင်းဆုံးကူညီနေတာတွေကို တွေ့ခဲ့ရမှာပါ။ ဖာနန်ဒက်စ်၊ ကာဗာနီကဲ့သို့သော ကစားသမားအသစ်တွေကလည်း အသင်းကိုအကောင်ဆုံး ဦးဆောင်ကစားနိုင်နေပါပြီ။ အသင်းနှင့်အတူ အတူတကွကြိုးစားနေတာကိုလည်း တွေ့မြင်နိုင်မှာဖြစ်ကာ ဘောလုံးဆုံးရှုံးသွားတဲ့အခါ နောက်တန်းအထိ လိုက်ပါကစားကြတာကိုတွေ့မြင်ရပါတယ် ”

“ မာတစ်နှင့် တွန်မီနေးတို့ကလည်း ခြေစွမ်းပြကစားနေကြပြီး တစ်သင်းလုံးက တိုးတက်လာပြီဖြစ်ပါတယ်။ မက်ဂွာရီက ထိပ်တန်းကစားသမားတစ်ဦးပါ၊ ဝေဖန်ခြင်းခံခဲ့ရသော်လည်း သူ့ရဲ့ဘောလုံးဖြတ်ထုတ်မှုတွေ၊ အမြင့်ဘောရှင်းထုတ်မှုတွေက အရမ်းကိုကောင်းပါတယ်။ မန်ချက်စတာယူနိုက်တက်လို အသင်းကြီးမျိုးမှာ ပရိသတ်တွေရဲ့ တောင်းဆိုမှုတွေက အရမ်းများတဲ့အတွက်ကြောင့် ယုံကြည်မှုရရှိဖို့ အချိန်တော့ နည်းနည်းယူ ရမှာဖြစ်ပါတယ် ”

“ တစ်ခါတစ်လေ ကလပ်တစ်ခုသို့ရောက်ရှိတဲ့အခါ အသားကျဖို့ အချိန်နည်းနည်းလောက်ယူရပါတယ်။ လွန်ခဲ့ တဲ့ ၄ နှစ် ၅ နှစ်လောက်ကတည်းက ကစားသမားတွေက တစ်ဦးနှင့်တစ်ဦး မတောင်းဆိုခဲ့ကြတဲ့ ယူနိုက်တက်ရဲ့ ပျောက်ဆုံးနေတဲ့ပုံစံတွေက မက်ဂွာရီက ယူဆောင်လာတာပါ။ The Class of 92 က ကျွန်တော့်ရဲ့အသင်းဖော် ကစားသမားတွေဖြစ်တဲ့ ပေါလ်အင့်စ်၊ ရွိုင်ကိန်း၊ စတိဘရုစ်၊ ကန်တိုနာ တို့အားလုံးက တစ်ဦးနဲ့တစ်ဦး တောင်း ဆိုနေကြကာ အဲ့ဒီအတွက်ကြောင့်လဲ အောင်မြင်ခဲ့ကြတာပါ ”

“ ကိုယ့်ကိုကိုယ်ပဲ ဂရုစိုက်ပြီး ကွင်းထဲသို့ဝင်သွားလို့မရပါဘူး၊ ကိုယ့်ကိုကိုယ်တင်မဟုတ်ဘဲ အခြားအသင်းဖော် တွေကိုပါကြည့်ပြီး တောင်းဆို ပြောဆိုနေကြရမှာပါ။

ဆာအဲလက်စ်ကိုယ်တိုင်ကလည်း ဒီလိုမျိုး အသင်း ၃ သင်း ကို တည်ဆောင်ခဲ့တာပါ။ အခုတော့ အိုလီကလည်း အဲ့ဒီတိုင်းသွားနေတာဖြစ်ပြီး လမ်းမှန်ပေါ်ရောက်နေပြီဖြစ် ကာ ကစားသမားတိုင်းက ကိုယ့်ကိုကိုယ်အပြင် ကိုယ့်နားမှာရှိနေတဲ့ ကစားသမားအတွက်ပါ ဂရုစိုက်ရမှာဖြစ် ပါတယ်။ အနိုင်ရရှိဖို့အတွက် ကျွန်တော်တို့ ဒီလိုမျိုးလုပ်ရမှာပါ ”

“ ဒါဟာ တစ်ဦးနဲ့တစ်ဦး ဒေါသထွက်ခိုင်းတာမဟုတ်ပါဘူး၊ အနိုင်ရရှိဖို့အတွက် အသင်းဖော်တွေကို ကူညီတာပါ မက်ဂွာရီနဲ့ အသင်းဖော်တွေအားလုံးကလည်း ဒါကိုထိန်းထားနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ဒီလိုသာ လုပ်သွား မယ်ဆိုရင် နောက်ပွဲစဉ်တွေမှာ အနိုင်ရရှိပြီး ယုံကြည်မှုရှိလာမှာဖြစ်ပါတယ်။ အဲ့ဒီလိုသွားဖို့ မက်ဂွာရီက အဓိက အလယ်မှာရှိနေပါတယ် ” လို့ အသင်းခေါင်းဆောင်ဟောင်းက ပြောပါတယ်။

ဒီရာသီ အသင်းရဲ့ ဆုဖလားကို စိန်ခေါ်နိုင်ဖို့အတွက် မက်ဂွာရီဟာ အများကြီးကူညီခဲ့တာဖြစ်ပြီး ဖာဂူဆန်ရဲ့ ဆုဖလား ၁၃ လုံးရရှိခဲ့ပြီး အသင်းရဲ့နည်းပြအဖြစ်မှာ အနားယူသွားခဲ့ပြီးနောက် ၈ နှစ်အကြာမှာ အမှတ်ပေး ဇယားရဲ့ ထိပ်ဆုံးမှာ ပြန်လည်ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

Leave a Comment

Your email address will not be published.