ပုံမှန်ခြေစွမ်းတွေပြန်ရအောင် အကူညီပေးခဲ့သူကိုထုတ်ဖေါ်လိုက်တဲ့ လုရှော

မန်ချက်စတာယူနိုက်တတ်အသင်းရဲ့ဘယ်နောက်ခံကစားသမားလုရှာဟာ ယမန်နေ့ကလီပါပူလ်းအသင်းနဲ့အဝေးကွင်းပွဲစဉ်မှာအထူးခြေစွမ်းပြသနိုင်ခဲ့တဲ့ မန်ယူကစားသမားနှစ်
ဦးထဲကတစ်ဦးဖြစ်ပါတယ်။

အဆိုပါပွဲစဉ်အပြီး လုရှောကို မန်ယူတီဗီအစီၤအစဉ်က သီးသန့်အင်တာဗျူးပြုလုပ်ခဲ့ရာမှာ လုရှောကသူအခုလိုခြေစွမ်းတွေပြန်လည်ရရှိအောင် အထူးအကုညီပေးခဲ့သူတစ်ဦးအကြောင်းကိုထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။

လုရှော သူအခုလိုခြေစွမ်းကောင်းတွေပြန်လည်ရရှိအောင် အကူညီပေးခဲ့သူကတော့ အသင်းကို ဒီနှစ်ဘောလုံးရရာသီအစမှာ ရောက်ရှိလာတဲ့ဘရာဇီးဘယ်နောက်ခံကစားသမားအဲလက်တဲလ်ဖြစ်ကြောင်းထုတ်ဖေါ်ပြောကြားသွားခဲ့ပါတယ်။

သူနဲ့အဲလက်တဲလ်ဟာကွင်း ပြင်ပမှာလည်းအလွန်ရင်းနှီးတဲ့ဆက်ဆံရေးကိုတည်ဆောက်ထားနိုင်ပြီဖြစ်ကြောင်း ရှောကထုတ်ဖေါ်ပါတယ်။အဲလက်တဲလ်က သူ့ကို ကျွန်တော့်ကိုလေ့ကျင့်ခန်းအစီအစဉ်တွမှာနေ့တိုင်းဖိအားပေးနေတာပါ။သူဟာအရမ်းကောင်းတဲ့ကစားသမားပါ။ကျွန်တော်တို့နှစ်ယောက်ကြားမှာ အလွန်ကိုကောင်းမွန်တဲ့ပြိုင်ဆိုင်မှုရှိနေပါတယ်။

ကျွန်တော်တို့နှစ်ယောက် ကတစ်ယောက်ရဲ့ခြေစွမ်းအကောင်းဆုံးအနေထားရောက်လာအောင်နောက်တစ်ယောက်ကအကောင်းဆုံးတွန်းအားပေးနေပါတယ်။ဒါပေယ့် ကျွန်တော်တို့နှစ်ယောက်ရဲ့ကွင်းပြင်ပဆက်ဆံရေးကတော့အလွန်ကိုကောင်းမွန်ပြီးသူကကျွန်တော်ကိုနေ့တိုင်ပိုကောင်းလာအောင်တွန်းအားပေးနေတာပါ။

အခုလိုဆိုးရှားရဲ့ယုံကြည်ရတဲ့ကစားသမားစာရင်းထဲကိုကျွန်တော်ပါဝင်လာတာ ကိုအလွန်ဂုဏ်ယူသလို။ဆိုးရှားရဲ့ကျွန်တော်အပေါ်ယုံကြည်မှုတွေကလည်းကျွန်တော့်အတွက်တွန်းအားတစ်ခုဖြစ်စေပါတယ်လို့ဆိုသွားပါတယ်။

လုရှောဟာ အသက်၂၅နှစ်အရွယ်သာရှိသေးပြီး ယခင်နှစ်ရာသီတွေက ဒဏ်ရာပြသနာများနှင့်သာလုံးပန်းနေရပြီး ခြေစွမ်းပြသနိုင်ခြင်းမရှိဘဲအသင်းကနေထွက်ခွါတော့မယ်လို့သတင်းများထွက်ပေါ်ခဲ့တဲ့အထိအခြေနေဆိုးနေရာမှာယခုနှစ်ဘောလုံးရာသီမှာ ၎င်းနှင့်နေရာလုတိုက်ပွဲဆင်နွဲရန်ဘရာဇီးဘယ်နောက်ခံကစားသမားအဲလက်တဲလ်ကို အသင်းကိုခေါ်ယူပြီးချိန်မှ စတင်ပြီးပုံမှန်ခြေစွမ်းပြန်လည်ပြသနေတာဖြစ်ပါတယ်။

Leave a Comment

Your email address will not be published.