သရဲနီ DNAပါနေတဲ့ဘရူနိဖာနန်ဒက် ဒီနေ့ပွဲမှာ ဘာကြောင့် ပေါက်ကွဲခဲ့တာလဲ

မန်ချက်စတာယူနိက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် (၁၈) အဖြစ် လီဗာပူးအသင်းအိမ်ကွင်းမှာ သွားရောက်ကစားခဲ့ရာ 0 – 0 သရေရလဒ်ဖြင့်သာပွဲဟာပြီးဆုံးခဲ့ပါတယ်…

ယင်းရလဒ်ကြောင့် ယူနိက်တက်ကတော့ ဇယားထိပ်မှာဆက်လက်တည်ရှိနေပေမဲ့ လီဗာပူးလ်အသင်းကတော့ အဆင့် (၃) နေရာကိုဆင်းသွားခဲ့ပါပြီ……ယူနိက်တက်ပရိတ်သတ်တွေအတွက် ဒီရလဒ်ကတော့ ဖြေသိမ့်နိုင်စရာပါ….

ဒါပေမဲ့ ဒီပွဲမှာ ရလဒ်ပိုင်းရော ကွင်းတွင်း ကွင်းပြင်အခြေနေတွေရောကို မကျေနပ်နိုင်သူ တယောက်ကတော့ ရှိနေခဲ့ပြီး ပေါက်ကွဲခဲ့ပါတယ်….သူကတော့ ဘရူနိဖာနန်ဒက်ပါ…..ဘရူနိဟာ ယနေ့ပေါက်ကွဲမှုအရိပ်အယောင်တွေနဲ့တွေ့ခဲ့ရပါတယ်…

ဘရူနိ ဖာနန်ဒက်ဟာ ဘာကြောင့်ပေါက်ကွဲခဲ့ရတာလဲဆို ပထမဆုံးမှာ ရတ်ဖို့ကိုပါဘဲ…..ရတ်ဖို့ ဟာ ကာဗာနီကိုပေးပြီး အနိုင်ဂိုးရယူနိုင်တဲ့အခွင့်ရေးကို တကိုယ်ကောင်း ဆန်စွာ ဖြုန်းတီးပစ်ခဲ့တဲ့အတွက် ဘရူနိက ဆဲပြီးပေါက်ကွဲခဲ့ပါတယ်…

နောက်တခုကတော့ လီဗာပူးနည်းပြ ကလော့ကိုပါ…..ကွင်းပြင်ကနေ တော်မီနေးကို တစုံတရာကို ပြောလိုက်တာကို ဘရူနိဖာနန်ဒက်က မကျေနပ်နိုင်ဘဲ ပေါက်ကွဲထွက်တဲ့အရိပ်ယောင်တွေနဲ့မြင်ခဲ့ရပါတယ်…..

ဒီပွဲရလဒ်ကို ကျနော်တို့ ယူနိက်တက်ဖန်တွေအနေနဲ့တော့ ကျေနပ်စရာမှန်ပေမဲ့….ဘရူနိတယောက်ကတော့ သရဲနီ DNA စစ်နေသူအတွက်ကတော့ အနိုင်ရလဒ်ကလွဲပြီး ဘယ်အရာမှ သူကျေနပ်နေမှာမဟုတ်ပါဘူး…..

Rk(FBV Sport News)

Leave a Comment

Your email address will not be published.