နံပါတ် (၁၀) နဲ့ မထိုက်တန်ခဲ့တဲ့ ရတ်ဖို့ကို မန်ယူ Legends တွေ ဘာတွေပြောခဲ့လဲ

မန်ချက်စတာယူနိက်တက်ဟာ လီဗားပူးလ်အသင်းကို ပရီးမီးယားလိဂ်ပွဲစဉ် (၁၈) အဖြစ်ကစားခဲ့ရာမှာ 0 – 0 သရေရလဒ်ဖြင့်သာ ပြီးဆုံးခဲ့ပြီး ဇယားထိပ်မှာ ဆက်လက်ရပ်တည်ခဲ့ပါတယ်…..

ဒါပေမဲ့ ဒီပွဲကို ယူနိက်တက်ပရိတ်သတ်များနှင့် အားကစားကျွမ်းကျင်ပညာရှင်များက အနိုင်ရသင့်ကြောင်းပြောခဲ့ကြပြီး ရတ်ဖို့စ်အား ဂိုးသွင်းခွင့်များအား တကိုယ်ကောင်းဆန်ပြီးဖြုန်းတီးခဲ့ကြသည်ဟု ပြစ်တင်ဝေဖန်ပြောဆိုခဲ့ပါတယ်…

ယင်းဖြန်းတီးမှုတွေအတွက် ရတ်ဖို့စ်ဟာယူနိက်တက် Legends တွေက ဘယ်လောက်တောင်ဒေါသထွက်ခဲ့ကြသလဲဆိုတာယခုလိုပြောကြားထားပါတယ်….

ဝိန်းရွန်းနီ ” ဒီပွဲဟာ အနိုင်ရသင့်တဲ့ပွဲပါ….ယူနိက်တက် မှာအခွင့်အရေးအများကြီး ရှိခဲ့တာလူတိုင်းမြင်နိုင်ပါတယ်….ရတ်ဖို့စ် နဲ့ မာရှယ်ကို အိုလေအနေနဲ့ စိတ်ဓာတ်ပိုင်းကို ကောင်းကောင်း သင်ခန်းစာပေးသင့်နေပြီ….အထူးသဖြင့် ရတ်ဖို့စ် ဟာ နံပါတ်(၁၀) ကို ဝတ်ဆင်ပြီး ဒီလို တကိုယ်ကောင်းဆန်နေတာကို ရှက်သင့်ပါတယ် ” ဟုပြောခဲ့ပါတယ်..

ရီယိုဖာဒီနန် ” အမှားတွေမရှိခဲ့ဘဲနဲ့ ဒီပွဲမှာ ဘာလို့မနိုင်ခဲ့ရတာလဲ ဆိုတာပြောစရာမလိုအောင် အဖြေကရှင်းနေပါတယ်….ကျနော်ဆို နံပါတ် (၁၀) ကိုဝတ်ပြီး အခုလို လုပ်နေမိခဲ့ရင် ပရိသတ်နဲ့ ယူနိက်တက်မှာ နံပါတ်(၁၀) ကို ဝတ်ဆင်ကစားခဲ့တဲ့လူတွေကို တောင်းပန်မိမှာပါ…..ရတ်ဖို့စ်ကို တခုတော့ပြောချင်တယ်….နံပါတ် ပြောင်းလဲဝတ်သင့်နေပြီ ” ဟု စိတ်ဆိုးစွာပြောသွားခဲ့ပါတယ်…

ပေါစခိုးလ် ” ကျနော်တို့ တွေ ကစားသမားဘဝကို ဖြတ်သန်းလာခဲ့တာပါ ….ဒါပေမဲ့ ဒီလို သမိုင်းတွင်စေမယ့် တကိုယ်ကောင်းဆန်ရူးသွတ်မှုမျိုးကိုတော့ ဘယ်တော့မှမလုပ်ပါဘူး….ကျနော် အိုးထရက်ဖို့စ် ကွင်းထဲမှာ ကစားခဲ့တဲ့အချိန်တိုင်း အသင်းအနိုင်ရဖို့ ဖလားရဖို့ အတွက် ဘဲပေးဆပ်ရင်း ကစားသမားဘဝကို ကုန်ဆုံးခဲ့တာပါ…..ရတ်ဖို့စ် မင်းရှက်သင့်တယ် ” ဟု ပြောခဲ့ပါတယ်…

Rk(FBV SPort News)

Leave a Comment

Your email address will not be published.