ဗန်ဒါဘိကိုခေါ်ယူထားရခြင်းရဲ့လျှို့ဝှက်ချက်ကိုထုတ်ဖေါ်လိုက်တဲ့ဂယ်ရီနဗီဒ

ဂယ်ရီ နေဗီးလ်က မန်ချက်စတာ ယူနိုက်တက်က ပေါင်သန်း ( ၄၀ ) အသုံးပြုပြီး ဒွန်နီ ဗန်ဒီးဘိကို ခေါ်ယူခဲ့ခြင်းအပေါ် နားလည်နိုင်ခြင်း မရှိသေးပဲ ပေါ့ဘာထွက်ခွာဖို့ ရှိနေခဲ့တဲ့အတွက်ကြောင့် ခေါ်ယူခဲ့တာ ဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။

ပေါ့ဘာက ပြီးခဲ့တဲ့ နောက်ဆုံး ပွဲစဉ်တွေမှာ ခြေစွမ်းပြကစားနေပြီး အေးဂျင့် ရွိုင်းအိုလာက ပေါ့ဘာ ယူနိုက်တက်ကနေ ထွက်ခွာတော့မယ်လို့ အငြင်းပွားဖွယ် ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် သူ့ရဲ့ ခြေစွမ်းက သိသိသာသာ တိုးတက်လာတာ ဖြစ်ပါတယ်။

ဒါပေမယ့် နေဗီးလ်က ပေါ့ဘာရဲ့ အိုးထရတ်ဖို့ဒ် အနာဂတ်ဟာ သေချာမှု ရှိမနေသေးပဲ လက်ရှိမှာ ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ ဗန်ဒီးဘိ ရောက်ရှိလာခြင်းက အပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်တဲ့ လက္ခဏာ တစ်ရပ်ဖြစ်ကြောင်း ထောက်ပြခဲ့ပါတယ်။

နေဗီးလ်က Sky Sports နဲ့ တွေ့ဆုံရာမှာ ” ဗန်ဒီးဘိရဲ့ အပြောင်းအရွေ့က စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ကျွန်တော်ခုထိ နားမလည်နိုင်သေးပါဘူး။ ဒါက ကစားသမားတစ်ယောက်နေရာကို အစားထိုးဖို့ ခေါ်ယူခဲ့တာ ဖြစ်နိုင်ပါတယ်။

ဘာလို့လဲဆိုတော့ ပေါင်သန်း ( ၄၀ ) တန် ကစားသမားတစ်ယောက်ကို လနဲ့ချီပြီး အသုံးမပြုပဲ အရံခုံမှာ ထားတဲ့အတွက်ပါ ။ ကျွန်တော့်အထင်ကတော့ မန်ချက်စတာ ယူနိုက်တက်က ထွက်ခွာတော့မယ့် ကစားသမားတစ်ယောက်အတွက် ကြိုတင်ပြင်ဆင်တာလို့ ထင်ပါတယ်။ သူက ပေါ့ဘာလည်း ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ဘန်ဒီးဘိကို အဲ့ဒီနေရာ အစားထိုးဖို့ ခေါ်ယူထားတာ ဖြစ်ပါလိမ့်မယ်။ ” ဟု ပြောကြားခဲ့ပါတယ်။

ဗန်ဒီးဘိဟာ ပြီးခဲ့တဲ့ နွေရာသီ အေဂျက်အသင်းကနေ ပြောင်းရွေ့လာပြီးနောက် ပရီးမီးယားလိဂ် ပွဲစဉ် ( ၂ ) ပွဲသာ ပွဲထွက်ကစားခွင့် ရရှိထားပြီး စက်တင်ဘာလက ရာသီအဖွင့်ပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုး ရယူပေးထားပါတယ်။

အသက် ( ၂၃ ) နှစ်အရွယ် ကစားသမားဟာ လိဒ်အသင်းကို ၆ ဂိုး – ၂ ဂိုး အနိုင်ရရှိခဲ့တဲ့ ဒီဇင်ဘာလ ( ၂၀ ) ရက်နေ့ ကတည်းက ပွဲကစားခွင့် ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

Leave a Comment

Your email address will not be published.