ဘရူနိုရဲ့ အနာဂါတ်အခြေအနေကို ပြောလာတဲ့ဆိုလ်းရှာ

နည်းပြဆိုးလ်းရှားကတော့ ဘရူနိုရဲ့ အနာဂါတ်အခြေအနေနဲ့ ပက်သက်ပြီးခုလိုပြောလာပါတယ်။

“လက်ရှိဘရူနိုအရှိန်ရနေတဲ့ပုံစံက သိပ်ကောင်းနေတယ်။ ပရီးမီးယားလိဂ်ရဲ့တစ်လတာအကောင်းဆုံးကစားသမားဆုကိုလည်းရ,ထားတယ်။ သူ မပင်ပန်းပါဘူး၊ ဘယ်နည်းနဲ့မှမပင်ပန်းဘူး။

ပွဲတိုင်း ကွင်းအနှံ့အပြေးအလွှားကစားတတ်တဲ့ကစားသမားတစ်ယောက်ပါ။ အပြေးအလွှားကစားပြီးဘောလုံးလိုက်လုတဲ့နရာ၊ (သူ့ကိုယ်သူ) အားပြန်ဖြည့်တဲ့နေရာတွေမှာ ဘရူနိုကသိပ်တော်တာ”

“ဒီကိုရောက်လာကတည်းက သူ့စွမ်းဆောင်ရည်ကတကယ်ကိုကြီးမားလွန်းတယ်။ သူ့ခဗျာပင်ပန်းနေမလားဆိုပြီးကျနော်မေးကြည့်လိုက်ရင် ကျနော်ဘယ်နည်းနဲ့မှမပင်ပန်းဘူးလို့သူပြောလိမ့်မယ်။ ဟုတ်ပါတယ်၊ ဘရူနို မပင်ပန်းပါဘူး”

“ဘရူနိုက အမြဲတမ်းတစ်ခုခုကိုလုပ်ပြဖို့အဆင်သင့်ရှိနေတယ်၊ သူ့ခြေထောက်ထဲကဘောလုံးပျက်နေတဲ့အချိန်မှာတောင်ပေါ့။ ဂိုးသွင်းဖို့၊ ဂိုးဖန်တီးမှုတွေလုပ်ဖို့ကိုလည်း သူအမြဲမျှော်လင့်ထားတယ်။

ကျနော်သူ့ကိုလိုချင်တာဒီလိုအနေအထားမျိုးမှာပေါ့။ သူ့ကိုဘာလုပ်ပါဆိုပြီးကျနော်ပြောထားတာလည်း ဒီလိုအနေအထားမျိုးမှာပဲ။ ဖန်တီးနိုင်စွမ်းရှိတဲ့ကစားသမားတစ်ယောက်ဖြစ်ရမယ်။ သူမြင်သမျှလမ်းကြောင်းတွေနဲ့ဘောလုံးပေးပို့တာမျိုး သူ့ကိုလုပ်စေချင်တာပါ”

Leave a Comment

Your email address will not be published.