မန်ယူအသင်းနဲ့အဆက်အသွယ်ရှိနေကြောင်းဟာလန်းဖခင်ဝန်ခံ

ဒေါ့မွန်အသင်းမှ အသက်၂၀အရွယ်ဥရောပရဲ့အထွန်းတောက်ဆုံးလူငယ်တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဟာလန်းရဲ့ခင်ကမန်ချက်စတာမြို့ခံအသင်းနဲ့ သူ့သားအပြောင်းအရွှေ့ကိစ္စ
အဆက်အသွယ်ရှိနေကြောင်း ဂျာမန်နာမည်ကြီးသတင်းစာ Bildကိုပြောကြားလိုက်ကြောင်းသိရပါတယ်။

လာမယ့်နွေရာဦမှာ ဟာလန်းကိုခေါ်ယူဖို့ ပရီးမီးယားလိဂ်ထိပ်ဆုံးအသင်းသုံးသင်းလောက်က ပိုက်ဆံအိတ်ဖွင့်ဖို့အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း သတင်းတွေအဆက်မပြတ်ပေါ်ထွက်လာပြီးနောက်ပိုင်းမှာကစားသမားရဲ့ဖခင်ဖြစ်သူက အခုလိုပြောကြားခဲ့တာပါ။

ဟာလန်းကိုခေါ်ယူဖို့ပရီးမီးယားလိဂ်ထိပ်တန်းအသင်းတွေဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ ချဲယ်ဆီးအသင်းတို့ကစိတ်ဝင်စားကြောင်း အတည်ပြုပြီးချိန်မှယ ဟာလန်းဖခင်ရဲ့အခုလိုပြောစကားဟာသားဖြစ်သူအပြောင်းအရွှေ့အတွက်ဈေးခေါ်လိုက်တာလာစဉ်းစားစရာဖြစ်လာပါတယ်။

ဒေါ့မွန်အသင်းကတော့ ဟာလန်းဟာလာမယ့်ဘောလုံးရာသီမှာ အသင်းကနေထွက်ခွါမှာမဟုတ်ဘူးလို့ဆိုနေပေမယ့် ဟာလန်းကိုစလန်းဘက်အသင်းကခေါ်ယူချိန်က ရှုပ်ထွေးမှုအချို့ရှိနေပြီးစာချုပ်ပါအချက်အရ ဟာလန်းရဲ့အပြောင်းအရွှေကိုကစားသမားအေးဂျင့်ဖြစ်သူ ရိုင်းအိုလာကသာအဓိကကြိုးကိုင်ဖွယ်ရှိနေပါတယ်။

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီမှာ ဟာလန်းကိုခေါ်ယူဖို့အနီးစပ်ဆုံးအနေထားမှာရှိနေခဲ့ပေမယ့်ရိုင်းအိုလာရဲ့ ကစားသမားဖြစ်နေတဲ့အချက်နဲ့စာချုပ်ပါအချက်တွေရှုပ်ထွေးမှုကြောင့် ခေါ်ယူမှုမပြုခဲ့ဘဲဟာလန်းကလည်းပြောင်းရွှေ့ကြေးပေါင်၁၇သန်းနဲ့ဘန်ဒက်လီဂါကလပ်ဒေ့ါမွန်အသင်းကိုပြောင်းရွှေ့သွားတာပါ။

ဟာလန်းဟာဒေါ့မွန်အသင်းမှာ ခြေစွမ်းပိုမိုတိုးတတ်လာတာကြောင့်ဥရောပထိပ်တန်းအသင်းအားလုံးရဲ့ပစ်မှတ်ကစားသမားဖြစ်လာပါတယ်လက်ရှိစီးပွားရေးအကျပ်အတည်းတွေဖြစ်နေတဲ့စပိန်ထိပ်သီးအသင်းတွေကတော့ ဟာလန်းလုပွဲမှာ ဝင်ရောက်လာဖို့သိပ်မရှိဘဲပရီးမီးယားလိဂ်အသင်းတွေကသာ ဟာလန်းလုပွဲဆင်နွဲကြဖွယ်ရှိနေပါတယ်။

ဟာလန်းဟာလူငယ်ကစားသမားဘဝကလက်ရှိမန်ယူအသင်းနည်းပြဆိုးရှားနည်းပြပြုလုပ်ခဲ့တဲ့နော်ဝေကလပ်မိုဒီအသင်းမှာ ဆိုးရှားနဲ့နှစ်ရာသီလက်တွဲခဲ့ပြီးဆိုးရှားမြေတောင်မြှောက်ပေးခဲ့တဲ့ကစားသမားတစ်ဦးဖြစ်တာကြောင့် ဟာလန်းကိုယ်တိုင်လည်းဆရာဟောင်းနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိနေတာဟာမန်ယူအသင်းကဟာလန်းကိုခေါ်ယူနိုင်ဖို့အဓိကအားသာချက်ဖြစ်နေပါတယ်။

Leave a Comment

Your email address will not be published.