မကြာခင်ရက်ပိုင်းအတွင်းကစားသမားထွက်ခွါမုတွေကြေညာတော့မယ့်မန်ယူအသင်း

မန်ယူအသင်းဟာ အခုဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ အသင်းရဲ့ကစားသမားအဝင်စာရင်းမှာပြီးခဲ့တဲ့ဈေးကွက်က ဝယ်ယူထားတဲ့ လူငယ်တောင်ပံတိုက်စစ်ကစားသမားလေးအာမက်ထရာအိုရေးတစ်ဦးသာအဝင်ရှိပြီး ကျန်တာကတော့ အသင်းလူစာရင်းမှာ ပိုရှံနေတဲ့ကစားသမားတွေကို အသင်းကနေထွက်ခွါခွင့်ပေးတာဖြစ်ပါတယ်။

ထိုအထဲမှ အာကျင်တီးနားကစားသမားနှစ်ဦးဖြစ်တဲ့ ဂိုးသမားရိုမဲရိုးနဲ့နောက်ခံလူရိုဂျိုတို့ကို အသင်းကနေစာချုပ်သက်တမ်းတိုးဘဲထွက်ခွါခွင့်ပေးလိုက်နည်းပြဆိုးရှားကိုယ်တိုင်ထုတ်ဖေါ်ပြောကြားထားပြီးဖြစ်ပါတယ်။ထိုအထဲမှမာကိုရိုဂျိုကို မိခင်နိုင်ငံအာကျင်တီးနားကလပ်အသင်းနှစ်ခုနဲ့ မက္ကဆီကို ကလပ်အသင်းတစ်ခုဖြစ်တဲ့ခရူအဇူအသင်းတို့ကခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။

ရိုဂျိုကို ခေါ်ယူဖို့အာကျင်တီးနားနာမည်ကြီးကလပ်အသင်းဘိုကာဂျူနီယာအသင်းကဦးဆောင်နေပြီးအဆိုပါအသင်းနဲ့ ရိုဂျိုတို့ရဲ့အပြောင်းအရွှေ့ကို မကြာမီနာရီပိုင်းအတွင်းကြေညာနိုင်တော့မှာဖြစ်ကြောင်းအာကျင်တီးနားမှလာသောသတင်းများအရသိရပါတယ်။လက်ရှိမှာရိုဂျိုဟာမိခင်နိုင်ငံအာကျင်တီးနားကို ပြန်ရောက်နေပြီး သူ့အစ်ကိုဖြစ်သူ နည်းပြအဖြစ်ဆောင်ရွက်နေတဲ့ လူငယ်အသင်းတစ်သင်းမှာလေ့ကျင့်ခန်းနေကြောင်းသိရပါတယ်။

ရိုဂျိုကိုယ်တိုင်ကလည်း ဘိုကာဂျူနီယာမှာပြန်ကစားဖို့စိတ်အားထက်သန်နေကြောင်းသိရပါတာ်။အလားတူဘဲမန်ယူအသင်းကအာကျင်တီးနားဂိုးသမားရိုမဲရိုးကိုလည်း ဘိုကာဂျူနီယာအသင်းက ပြန်လည်ခေါ်ယူချင်နေပေမယ့် ရိုမဲရိုးရဲ့ဦးတည်ချက်ကတော့ အမေရိကန်သို့ဖြစ်ကြောင်းသိရပြီး မေဂျာလိဂ်ထိပ်တန်းအသင်းတစ်ခုနဲ့မကြာမီရက်ပိုင်းအတွင်း တရားဝင်စာချုပ်ချုပ်ဆိုတော့မှာဖြစ်ကြောင်းသိရပါတယ်။

အဆိုပါကစားသမားတွေဟာအသင်းမှ လူငယ်ကစားသမားလေးဖူဆိုမန်ဆာပြီးနောက်ဆက်လက်အသင်းပြောင်းရွေ့တော့မယ့်ကစားသမားတွေဖြစ်ပြီးထပ်မံအသင်းပြောင်းရွေ့ဖိုသတင်းကြီးနေတဲ့ကစားသမားတွေကတော့ ခံစစ်မှူး ဖီလ်းဂျုံးနဲ့ကွင်းလယ်ကစားသမားလင်ဂတ်တို့ဖြစ်သလို ဝါရင့်ကွင်းလယ်ကစားသမားကြီးမာတာကလည်းလာမယ့်နွေရာသီမှာ မိခင်အသင်းဗလင်စီယာကို ပြန်လည်ပြောင်းရွေ့တော့မယ်လို့သိရပါတယ်။

ဖီးလ်းဂျုံးကို အသင်းဖေါ်ဟောင်းရွန်နည်းပြလုပ်နေတဲ့ ဒါဘီအသင်းနဲ့ပရီးမီးယားလိဂ်အသင်းတစ်သင်းဖြစ်တဲ့ နယူကာဆယ်အသင်းတို့ကစောင့်ကြည့်နေကြသလိုလင်ဂတ်အတွက်တော့ပြင်သစ်လီဂူးတစ်အသင်းနိုက် မှခြောက်လအငှားစာချုပ်ဖြင့်ခေါ်ယူရန်ကမ်းလှမ်းမှုကို ရရှိထားကြောင်းသိရပါတယ်။သတင်းစာရှင်းလင်းပွဲတွင်မန်ယူနည်းပြဆိုးရှားကတော့ လင်ဂတ်ရဲ့ပြင်သစ်အပြောင်းအရွေ့နဲ့ပါတ်သတ်ပြီးဒေါသတကြီးပါယ်ချသွားပါတယ်။

ဒါအပြင်ဆိုးရှားရဲ့ပြောကြားချက်အရမန်ယူအသင်းဟာ လက်ရှိဈေးကွက်မှာထပ်မံပါဝင်လှုပ်ရှားသွားဖို့မရှိတော့ဘဲအသင်းရဲ့လက်ရှိလူစာရင်းနဲ့သာရာသီကုန်ထိဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း၎င်းကဆိုပါတယ်။

Leave a Comment

Your email address will not be published.