လီဗာပူးနဲ့သရေကျလို့ ပေါက်ကွဲစကားတွေပြောခဲ့တဲ့ ပေါ့ဘာ

အန်ဖီးလ်တွင် ယူနိုက်တက်အတွက် အပိုင်အခွင့်အရေးကို လွဲချော်ခဲ့ပြီးနောက် ပေါ့ပ်ဘာဟာ သူကိုယ်သူ အပြစ်တင်ခဲ့ပြီး အဝတ်စားလဲခန်းတွင် အသင်းဖော်တွေကို တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။ ယူနိုက်တက်ရဲ့ အန်ဖီးလ်တွင် အသက်မပါတဲ့ ကစားပုံတွင် ဘရူနို ဖာနန်ဒက်စ်၊ ရက်ရှ်ဖို့ဒ်တို့ပုံမှန်ခြေအောက် ရောက်ခဲ့ပြီး အသက်၂၇နှစ်သားကတော့ ခြေစွမ်းအသင့်အတင့် ပြနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ပြင်သစ်သားဟာ အပိုင်အခွင့်အရေးတစ်ကြိမ် ရခဲ့ရာတွင် လွဲချော်ခဲ့လို့ ယူနိုက်တက်တို့အနိုင်မရခဲ့ပါဘူး ဘစ်ဆာကာရဲ့ ဖြတ်တင်ဘောကနေ ပေါ့ပ်ဘာ ဘောလုံးရကာ ၁၀ကိုက် အကွာကနေ အပိုင်ကန်ခဲ့ပေမယ့် ဂိုးသမား အလီဆင်ရဲ့ အလယ်တည့်တည့်ကို ကန်မိရက်သား ဖြစ်ခဲ့ပါတယ်။

ပေါ့ဂ်ဘာသာ သွင်းယူနိုင်ခဲ့ပါက ယူနိုက်တက်ဟာ မန်စီးတီးကို ၄မှတ်ဖြတ် ဦးဆောင်နိုင်မှာ ဖြစ်ပြီး လီဗာပူးကိုလည်း ၆မှတ်ဖြတ်ထားနိုင်မှာပါ။ ထိုပြင် ၂၀၁၇ခုနှစ် ဧပြီလနောက်ပိုင်း အန်ဖီးလ်မှာ ရှုံးပွဲမရှိသေးတဲ့ လီဗာပူူးကိုလည်း အနိုင်ရတဲ့ အသင်း ဖြစ်လာခဲ့နိုင်ပါတယ်။

အနိုင်ရနိုင်ခြေရှိတဲ့ အခွင့်အရေးကို လွဲခဲ့တဲ့အတွက် ပေါ့ဂ်ဘာဟာ ပူပန်သောကဖြစ်သွားခဲ့ပြီး ပွဲပြီး အဝတ်စားလဲခန်းမှာ သူ့ကိုယ်သူ ဒေါသထွက်နေခဲ့ပါတယ်။ Metro ရဲ့ ဖော်ပြချက်အရ ၎င်းဟာ တစ်သင်းလုံးရှိနေတဲ့အချိန်မှာ အားလုံးကို တောင်းပန်သွားခဲ့ပါတယ်။ နည်းပြ ဆိုးလ်ရှားကတော့ ကမ္ဘာ့ဖလားဆုရှင်အား အဆိုပါအဖြစ်အပျက် မေ့ပျောက်ရန် ပြောဆိုခဲ့ပြီး မက်ဂွါယီနဲ့စကော့တိုမီနေးတို့ကလည်း အသင်းဖော်တွေကို နှစ်သိမ်ခဲ့ကြပါတယ်။

ယခုရာသီတွင် ပေါ့ပ်ဘာဟာ လူစာရင်းမှာ အတည်မကျ ပါဝင်ခွင့် မရခဲ့ပေမယ့်လည်း နောက်ပိုင်း ၄ပွဲဆက် ပွဲထွက်ခွင့် ရကာ ခြေစွမ်းတည်ငြိမ်မှု ရှိလာတာကြောင့် နည်းပြ ဆိုးလ်ရှားရဲ့ ယုံကြည်မှု ပြန်ရလာနေပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် တနင်္ဂနွေမှာ လီဗာပူးနဲ့သရေကျမှုဟာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ် ၁၂ပွဲဆက် ရှုံးပွဲ မရှိအောင် ကစားနိုင်ခဲ့ပါတယ်။

လာမယ့် ဗုဒ္စဟူးနေ့မှာတော့ ပေါ့ဂ်ဘာနဲ့ယူနိုက်တက်အသင်းဟာ ဖူလ်ဟမ်ကို အဝေးကွင်းသွားရောက် ရင်ဆိုင်မှာ ဖြစ်ပြီး တနင်္ဂနွေမှာ လီဗာပူးနဲ့အက်ဖ်အေဖလား မကစားမီ အနိုင်ရဖို့မျှော်လင့်သွားမှာ ဖြစ်ပါတယ်။

Leave a Comment

Your email address will not be published.