စာချုပ်ဖျက်သိမ်းကြေး67 သန်းပေးပြီး ပြင်သစ်ကြယ်ပွင့် ခံစစ်မှူးကို ခေါ်ယူမယ့် ယူနိုက်တက်

ယူနိုက်တက် အသင်းဟာ ဆိုစီဒက်အသင်းမှ ပြင်သစ်ကြယ်ပွင့် နောက်တန်း ကစားသမား လီနော်မန်းကို စာချုပ်ဖျက်သိမ်းကြေး67 သန်း ပေးချေကာ လာမယ့် နွေရာသီ အပြောင်းအရွေ့ ဈေးကွက်မှာ ခေါ်ယူသွားဘို့ ပြင်ဆင်နေတယ်လို့ သိရပါတယ် ။

နည်းပြဆိုးလ်ရှားရဲ့ ယူနိုက်တက် အသင်းသည် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက လီဗာပူးလ်အသင်းနဲ့ အန်ဖီးလ်မှာ ဂိုးမရှိ‌သရေရလဒ် ထွက်ပေါ်ခဲ့ပြီးအမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လည်ရပ်တည်နေပါတယ်။

ယူနိုက်တက် အသင်းမှာတော့ အင်္ဂလန်ကြယ်ပွင့် နောက်တန်းကစားသမား လုခ်ရှော သည် လက်ရှိ အချိန်မှာတော့ အကောင်းဆုံးပုံစံမှာ ရှိနေခဲ့သလို ဟယ်ရီမက်ဂွားရား နဲ့ လင်ဒီလော့ဖ်တို့ရဲ့ ခံစစ်အတွဲကလည်း ခြေစွမ်းပြသနိုင်ခဲ့ပြီး လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ကို အကောင်းဆုံးရင်ဆိုင်နိုင်ခဲ့ပါတယ်။

နာက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် 4 ပွဲမှာ ယူနိုက်တက်အသင်းသည် 3 ပွဲ ပေးဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် အသင်းရဲ့ ခံစစ်က ပုံစံကောင်းတစ်ခုမှာ ရှိနေတယ်လို့ ဆိုရမှာပါ။

မက်ဂွားရား နဲ့ လင်ဒီလော့ဖ်တို့အတွဲကလည်း ပုံစံကောင်းပြနေသလို နောက်ထပ်ခံစစ်မှူးတစ်ဦးဖြစ်တဲ့ အဲရစ်ဘိုင်လီဟာလည်း ဝုဗ်၊ အက်စ်တွန်ဗီလာနဲ့ ဘန်လေတို့ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်တွေမှာ အသင်းအတွက်ကစားပေးခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဆိုးလ်ရှားကတော့ မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်တို့အတွဲကိုသာ ပို‌သဘောကျတယ်လို့ သိရပါတယ်။နောက်ထပ်ခံစစ်မှူးတစ်ဦးဖြစ်တဲ့ တွမ်ဇန်ဘီကတော့ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်၊ ဘိုင်လီတို့ရဲ့နောက် စတုတ္ထဦးစားပေးနေရာမှာ ရှိနေပါတယ်။ ရိုဂျိုနဲ့ ဂျုံးတို့ နှစ်ဦးကတော့ ယခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်လူစာရင်းမှာ ချန်လှပ်ခံခဲ့ရပါတယ်။

အသင်းရဲ့ခံစစ်က အကောင်းဆုံးအနေအထားမှာ ရှိနေပေမယ့် ဆိုးလ်ရှားက အားမရသေးပဲ အင်အားဖြည့်တင်း လိုနေသေးတယ်လို့ သိရပါတယ်။ ယခင်က လိုက်ပ်ဇစ်ခံစစ်မှူး အူပါမီကာနို သည် ယူနိုက်တက်ရဲ့ အဓိက ခေါ်ယူဘို့ စောင့်ကြည့်နေခဲ့တဲ့ကစားသမားအဖြစ် ရှိ‌ခဲ့ပါတယ်။

ဒါပေမယ့် သူဟာ လိုက်ပ်ဇစ်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုလိုက်တာကြောင့် ယူနိုက်တက်ဟာ ဆိုစီဒက်ခံစစ်မှူး လီနော်မန်းဘက်ကို မြှားဦးလှည့်လာပါတယ်။အသက် 24 နှစ်အရွယ် သာရှိသေးတဲ့ ပြင်သစ်ကြယ်ပွင့် နောက်တန်းကစားသမား လီနော်မန်း သည် ရီးရဲလ်ဆိုစီဒက်အသင်းနဲ့အတူ ပုံစံကောင်းတွေ ပြသထားနိုင်ပြီး အသင်းကို လာလီဂါရဲ့ ခံစစ်အေကာင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်အောင် စွမ်းဆောင်ပေးထားနိုင်ပါတယ်။ပြီးခဲ့တဲ့ နွေရာသီအ‌ပြောင်းအရွှေ့ဈေးကွက်မှာကတည်းက လီနော်မန်းဟာ အသင်းက ထွက်ခွာဖွယ်ရှိခဲ့ပေမယ့် ဆိုစီဒက်က သူ့ကို ကာလရှည်စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။

အဆိုပါစာချုပ်သစ်ကြောင့် ပြင်သစ်ကြယ်ပွင့် နောက်တန်း ကစားသမား လီနော်မန်း ရဲ့ စာချုပ်ဖျက်သိမ်းကြေး သည် 67 သန်း အထိ မြင့်တက်သွားဖွယ် ရှိတယ်လို့ သိရဘာတယ် ။ယူနိုက်တက်‌ကတော့ ပြင်သစ်ကြယ်ပွင့် နောက်တန်း ကစားသမား လီနော်မန်း ကို ခေါ်ယူဖို့ ‌
လာမယ့်နွေရာသီ အပြောင်းအရွေ့ ဈေးကွက်မှာ ကြိုးစားသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်

Leave a Comment

Your email address will not be published.