ဒီယာလိုကိုလေ့ကျင့်ရေးကွင်းမှာ အပြတ်မောင်းနေတာဘယ်သူလဲ

မန်ယူအသင်းရဲ့ကစားသမားသစ်လေးအာမက်ဒီယာလိုဟာ ပါရမီရှင်ကစားသမားတစ်ဦးဖြစ်ပြီးအဆိုပါကစားသမားလေးအသင်းကိုစတင်ရောက်ရှိလာချိန်ထဲက မန်ယူပရီတ်သတ်တွေရဲ့အထူးစောင့်ကြည့်ခံနေရတဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။

ဒီယာလိုကို သူ့ရဲ့ယခင်ကလပ်အသင်းဖြစ်တဲ့စီးရီးအေကလပ်အသင်းအတ္တလန်တာအသင်းက ယခုနှစ်ဘောလုံးရာသီကုန်ဆုံးချိန်မှ မန်ယူအသင်းကိုပြောင်းရွေ့ဖို့ကျိုးစားခဲ့ပေမယ့် ကစားသမားကိုယ်တိုင်ကလည်းပြောင်းရွှေ့ချင်နေပြီး မန်ယူအသင်းဘက်ကပါ ဇန်နဝါရီမှာ အင်္ဂလန်ကို အရောက်ခေါ်ယူခဲ့တာပါ။

အသက်၁၈နှစ်အရွယ်သာရှိသေးပေမယ် ပင်ကိုယ်ခြေစွမ်းထူးချွန်လွန်းတဲ့ဒီယာလိုဟာ အင်္ဂလန်ကိုရောက်ရှိလာချိန်ထဲကလူငယ်အသင်းမှာ လေ့ကျင့်ခန်းဆင်းစရာမလိုဘဲမန်ယူအသင်းကြီးမှာတန်းပြီးပူးပေါင်းလေ့ကျင့်ခွင့်ရခဲ့သလိုအသင်းကြီးမာ အစဉ်အလာရှိတဲ့ကျောနံပါတ်၁၉ကိုကိုလည်းရရှိခဲ့တာပါ။

အခုလိုပရီတ်သတ်တွေစိတ်ဝင်စားနေတဲ့ကစားသမားလေးရဲ့ကာရင်တန်လေ့ကျင့်ရေးကွင်းမှ ပုံတွေကို မန်ယူပရိတ်သတ်တွေရရှိသွားခဲ့ပြီးလေ့ကျင့်ရေးကွင်းမှာ ဒီယာလိုကို အနီးကပ်သင်ကြားပးနေတာ အသင်းရဲ့အချစ်တော်ကစားသမားကြီးဘရူနိုဖာနန်ဒက် ဖြစ်ကြောင်းသိရှိသွားကြပါတယ်။

ထွက်ပေါ်လာတဲ့ပုံဟာ အသင်းလေ့ကျင့်ရေးကွင်းမှာနှစ်ဘက်ခွဲကစားအပြီး ဒီယာလိုရဲ့ကစားပုံလိုအပ်ချက်အချို့ကို ဖာနန်ဒက်ဟာရှင်းပြသင်ကြားနေတာဖြစ်ကြောင်း မန်ယူအတွင်းလူတစ်ဦးကလည်းဖေါ်ကောင်လုပ်ခဲ့ပါသေးတယ်။

ဒီယာလိုဟာဘောလုံးကိုကျွမ်းကျင်မှုအလွန်ကောင်းပေမယ့်ပရီးမီးယားလိဂ်နဲ့ကိုက်ညီမယ့် ခန္ဓာကိုယ်တည်ဆောက်ပုံမျိုးလိုသေးကြောင်းနည်းပြဆိုးရှားကဆိုထားပြီးယနေ့ညမှာ ကစားမယ့်ဖူဟမ်အသင်းနဲ့ပွဲစဉ်မှာ အဆိုပါကစားသမားလေး အသင်းလူစာရင်းမှာပါ လာနိုင်ကြောင်း၎င်းကဆိုထားပါတယ်။

ဖာနန်ဒက်ဟာ အသင်းဖေါ်ကစားကစားသမားတွေကို အခုလိုကူညီနေတာ အခုမှမဟုတ်ကြောင်း ဝမ်ဘစ်ဆာကာကလည်းရာသီအစပိုင်းတုန်းကအင်တာဗျူးတစ်ခုမှာဖြေဆိုထားဘူးပါတယ်။

ဖာနန်ဒက်ဟာ အသင်းဖေါ်တွေအတွက် ကွင်းတွင်းကွင်းပြင်လိုအပ်တဲ့အကူအညီတွေကိုဆောင်ရွက်ပေးနေပြီး သူ့ရဲံအတွေ့အကြုံတွေကကို လူငယ်တွေကို မျှဝေနေကာ အသင်းအပေါ်အလွန်သြဇာညောင်းကြောင်း ဘစ်ဆာကာ ကလည်းပြောခဲ့ဘူးပါတယ်။

Leave a Comment

Your email address will not be published.