ဖူဟမ်နဲ့ပွဲမှာ မထည့်သင့်တဲ့တိုက်စစ်ကစားသမား (၂) ဦးကို ဂယ်ရီနဗီးလ်ပြောပြီ

မန်ချက်စတာယူနိက်တက်ဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၁၉) ဖူဟမ် အသင်းရဲ့ အိမ်ကွင်းမှာ ဇယားထိပ်ကိုတက်ဖို့အတွက် သွားရောက်ကစားရတော့မှာဖြစ်ပါတယ်..အဲ့ဒီပွဲမှာ ဆိုးရှားလ်အနေနဲ့လူစုံထုတ်သုံးရမှာဖြစ်သလို အနိုင်ရဖို့အတွက် တိုက်စစ်ဖွင့်ကစားရတော့မှာဘဲဖြစ်ပါတယ်..

ဖူဟမ်အသင်းကလည်း တန်းဆင်းဇုံထဲရောက်နေတာမို့ လူအပြည့်နဲ့ ရုန်းအားတခုနဲ့လာနိုင်ပါတယ်….အရေးကြီးပွဲမှန်ပေမယ့် လီဗာပူးနဲ့ပွဲမှာ တိုက်စစ်မှူးတွေ နားလည်မှုလွဲခဲ့တဲ့ အဖြစ်အပျက်တွေ ဖြစ်ခဲ့ပါတယ်….

မန်ချက်စတာယူနိက်တက် Legend ကစားသမားတဦးဖြစ်ဖူးတဲ့ ဂယ်ရီနဗီးလ်က ယင်းပွဲတွင် အိုလေအား မာရှယ် နဲ့ ရတ်ဖို့စ် တို့နှစ်ယောက်အားထည့်မသုံးသင့်ကြောင်းကို ယခုလိုပြောခဲ့ပါတယ်…

ဂယ်ရီနဗီးလ်က ” ကျနော်တို့ ယူနိက်တက်ဟာ ဒီပွဲကို အနိုင်ကစားရမှာ ဖြစ်တာမို့ အဖက်ဖက်ကနေ ဂရုစိုက်သင့်နေပြီ….အရင်ပွဲက ဖြစ်ရပ်လိုမျိုးနားလည်မှုလွဲတာမျိုးတွေ ဖြစ်လို့မရတော့ဘူး…ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဇယားထိပ်ကို ပြန်တက်ဖို့လိုနေပြီ..

(Popular News)

နံပါတ် (၁၀)နဲ့ မထိုက်တန်ခဲ့တဲ့ရတ်ဖို့ကို မန်ယူLegendsတွေ ဘာတွေပြောခဲ့လဲ

အဓိက ဂိုးသွင်ယူမယ့်တိုက်စစ်မှူးတွေ က နားလည်မှုလွဲနေတာတော့ တော်တော်စိတ်ပျက်မိတယ်…မာရှယ်သုံးမယ်ဆို ရတ်ဖို့စ် မသုံးနဲ့ ..ကာဗာနီကိုသုံးသင့်တယ်….ရတ်ဖို့စ်သုံးမယ်ဆို ကာဗာနီမပါတဲ့ တိုက်စစ်ဟာ မာရှယ်နဲ့ အလုပ်ဖြစ်မှာလား စိတ်ပူမိတယ်…

အရင်ပွဲကအမှားမျိုး ယခုပွဲမှာ ထပ်ဖြစ်လာမယ်ဆို အိုလေအနေနဲ့ အပြစ်ရှိတဲ့ကစားသမားကို ဝန်ခံခိုင်းပြီး အပြစ်ပေးသင့်နေပြီ…..ယူနိက်တက်ဟာ တဦးတယောက်ကြောင့် ကျဆုံးသွားမယ်ဆိုတာ မဖြစ်စေအောင်ပေါ့…အခု ချန်ပီယံပြေးလမ်းပေါ်မှာမို့ အရာရာဂရုစိုက်ရမယ့်အချိန်ပါဘဲ ” ဟု ပြောသွားခဲ့ပါတယ်…

FBV Sport News

Leave a Comment

Your email address will not be published.