ဈေးကြီးပေးဝယ်ထားတဲ့လူငယ်ကြယ်ပွင့်ကို အငှားထွက်ကစားစေတော့မယ့်မန်ယူအသင်း

မန်ယူအသင်းဟာပြီးခဲ့တဲ့အပြောင်းအရွှေ့ဈေးကွက်ကဥရုကွေးကလပ်အသင်းပင်နယ်ရိုးအသင်းကနေပြောင်းရွှေ့ကြေးပေါင်၉သန်းနဲ့ခေါ်ယူထားတဲ့ လူငယ်ကြယ်ပွင့် ပယ်လီစတာရီအတွက် အငှားနဲ့ခေါ်ယူချငတဲ့အသင်းတွေရှိမယ်ဆိုရင်လက်ခံမယ်လို့လမ်းဖွင့်ပေးလိုက်ပါပြီ။

ဒီလစောပိုင်းတုန်းက ကိုရိုနာဗိုင်းရပ်ကူးစက်ခံရမှုကြောင့် အသင်းနဲ့ဝေးကွာခဲ့တဲ့လူငယ်လေးဟာအခုအခါမှာတော့အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ပြန်လည်ပူးပေါင်းနေပြီးကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်နေပြီဖြစ်ကြောင်းသိရပါတယ်။

အီတလီစီးရီးအေကလပ်အသင်းအတ္တလန်တာမှအသက်၁၈နှစ်အရွယ် ဒီယာလိုရောက်ရှိလာမှုနဲ့အတူပယ်လီစတာရီရဲ့အသင်းကြီးမှာ ကစားခွင့် ပိုမိုခက်ခဲလာနိုင်တာကြောင့် နဲ့အတူအဂ်လိပ်ကစားဟန်နဲ့ရင်းနှီးမှုဖြစ်လာစေရန်အတွက်ပယ်လီစတာရီကိုပွဲထွက်ကစားခွင့်ရရှိနိုင်မယ့်အသင်းထံမန်ယူအသင်းအငှားချဖို့စီစဉ်လာတာပါ။

ပယ်လီစတာရီဟာ အသင်းကြီးမှာ ပွဲထွက်ခွင့်မရသေးပေမယ်အသင်းကြီးလူစာရင်းမှာသုံးကြိမ်ပါဝင်ခွင့်ရရှိထားသလို မန်ယူ၂၃နှစ်အောက်အသင်းမှာ လည်းခြေစွမ်းပြကစားထားသူဖြစ်ပါတယ်။ပယ်လီစတာရီဟာ မန်ယူလူငယ်အသင်းမှာ ခြောက်ပွဲကစားထားပြီးတစ်ဂိုးသွင်းယူကာဂိုးဖန်တီးမှုနှစ်ကြိမ်ပြုလုပ်ထားသူဖြစ်ပါတယ်။

ပယ်လီစတာရီကို မန်ယူအသင်း ကအင်္ဂလန်နိုင်ငံတွင်းမှ အသင်းတစ်ခုခုထံမှာသာအငှားချမှာဖြစ်ကြောင်းသိရပါတယ်။နိုင်ငံပြင်ပအသင်းတွေထံကိုအငှားချဖို့မစဉ်းစားထားကြောင်း သိရပါတယ်။ကစားသမားရဲ့ပွဲထွက်ခွင့်အာမခံချက်လည်းရရှိမှသာ လူငယ်ကြယ်ပွင့်
လေးကို အငှားခေါ်ယူခွင့်ရရှိမှာဖြစ်ပါတယ်။

လတ်တလောပယ်လီစတာရီဟာ မန်ယူအသင်းကြီးနဲ့အတူလေ့ကျင့်ခန်းပြုလုပ်နေပြီး၎င်းကိုခေါ်ယူရန်မန်ယူကစားသမားဟောင်းဝိန်းရွန်နီနည်းပြအဖြစ်ပြုလုပ်နေတဲ့ ဒါဘီအသင်းကဆက်သွယ်ထားကြောင်းသိရပါတယ်။

Leave a Comment

Your email address will not be published.