ကာဗာနီကိုခေါ်ယူစဉ်က ဝေဖန်ခဲ့သူများကိုဆိုးရှားတုံ့ပြန်

မန်ယူအသင်းဟာ ဖူဟမ်းအသင်းကိုအဝေးကွင်းမှာ ၁-၂ရလာဒ်နဲ့ခက်ခက်ခဲခဲအနိုင်ယူခဲ့ပြီးနောက်ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာအဆိုပါ ပွဲစဉ်မှာမန်ယူအသင်းအတွက်အရေးပါတဲ့ချေပဂိုးကို သွင်းယူပေးခဲ့တဲ့ဥရုကွေးတိုက်စစ်မှူး ကာဗာနီကိုချီးကျူးပြောကြားရင်း ၎င်းကို
ပြီးခဲ့တဲ့နွေရာသီက အသင်းမှာခေါ်ယူစဉ်က ဝေဖန်ခဲ့သူများကို တုံ့ပြန်လိုက်ပါတယ်။

မန်ယူအသင်းဟာ ယမန်နေ့က အဝေးကွင်းပွဲစဉ်မှာ ပွဲအစငါးမိနစ်မှာ ဘဲနောက်တန်းကစားသမားတွေ အာရုံစူးစိုက်မှု လျှော့နည်းမှုကြောင့် ဦးဆောင်ဂိုးပေးခဲ့ရတာပါ။အဆိုပါဦးဆောင်ဂိုးကို ကွင်းလယ်ကစားသမားဖာနန်ဒက်ရဲ့ဖျက်တင်ဘောကို တဖက်ဂိုးသမားတားဆီးရာမှပြန်အံထွက်လာတဲ့ ဘောလုံးကို ကာဗာနီမှ အမှားအယွင်းမရှိချေပဂိုးသွင်းယူခဲ့တာပါ။

ဒုတိယပိုင်ပွဲချိန်၆၅မိနစ်မှာတော့ မန်ယူအသင်းကွင်းလယ်ကစားသမားပေါပေါ့ဘာက ဂိုးဧရိယာအပြင်ဘက်ကနေမန်ယူအသင်းအတွက် အနိုင်ဂိုးကိုအဝေးကန်ချက်ဖြင့်လှလှ ပပသွင်းယူခဲ့ပြီးမန်ယူအသင်းအတွက်အဖိုးတန်သုံးမှတ်ကို ပြန်လည်ယူဆောင်ပေးခဲ့တာပါ။

အဆိုပါပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာမန်ယူအတွက် ချေပဂိုးသွင်းယူခဲ့တဲ့ တိုက်စစ်မှူူးကာဗာနီကို နည်းပြဆိုးရှားကအထူးတလည်ချီးကျူးခဲ့ပြီး ၎င်းကစားသမားကို ပြီးခဲ့တဲ့အပြောင်းအရွှေ့ကခေါ်ယူစဉ်ကဝေဖန်ခဲ့သူများကိုတုံ့ပြန်လိုက်ပါတယ်။

ဆိုးရှားက ကာဗာနီဟာ ဂိုးဧရိယာထဲမှာအလွန်ကိုထူးချွန်လွန်းတဲ့ကစားသမားပါ။ကျွန်တော်တို့စတင်မှုညံဖျင်းခဲ့ပေမယ့် တကယ်ကောင်းတဲ့ပွဲတစ်ပွဲကို ကစားခဲ့တာပါ။ကာဗာနီကတော့ BOXထဲမှာ ဗဟိုချက်ကစားသမားပါ။သူအချိန်တိုင်းသင်ယူနေသလိုသူ့အတွေ့
အကြုံတွေကိုမျှဝေနေတာပါ။

သူ့လှုပ်ရှားမှုတွေကမယုံနိုင်စရာပါ။သူ့ကိုခေါ်ယူစဉ်ကဝေဖန်ခဲ့သူတွေကို စိတ်ပျက်အောင်သူလုပ်နေသလိုဘဲ။သူဟာဖြတ်တင်ဘောလုံးတွေအတွက်တကယ့်ကိုကြောက်စရာကစားသမားပါ။ကျွန်တော်သူ့ကို ပြေးတာလျှော့ပြီးကစားဖို့မှာထားပါတယ်။သူဟာကျွန်တော်လိုအပ်နေတဲ့ဗဟိုတိုက်စစ်မျိုးပါ။

အသင်းမှာအရမ်းကောင်းတဲ့အခြားတိုက်စစ်မှူးတွေရှိပါတယ် မေဆင်၊ရက်ဖိုစ့်၊မာရှယ်တို့ဟာမတူညီတဲ့ပုံစံတွေနဲ့ ကစားသမားတွေပါထိုအထဲကကာဗာနီကအားလုံးနဲ့မတူတဲ့ ဗဟိုတိုက်စစ်မှူးပါသူဟာ ဧရီယာထဲမှာတကယ့်ကိုကြောက်စရာကစားသမားပါဘဲဟုပြောသွားခဲ့ပါတယ်။

Leave a Comment

Your email address will not be published.