ကာဗာနီနဲ့မာရှယ်တို့ရဲ့ကွာခြားချက်ထုတ်ပြောလာတဲ့ပေါ့ဘာ

မန်ယူအသင်းဟာယမန်နေ့က ဖူဟမ်ဒအသင်းကို အဝေးကွင်းမှာပရီးမီးယားလိဂ်ပွဲစဉ်သွားရောက်ယှဉ်ပြိုင်ကစားရာမှာ ဦးဆောင်ဂိုးပေးခဲ့ရပြီးမှ တိုက်စစ်မှူးကာဗာနီရဲ့ခြေပဂိုး
ကွင်းလယ်ကစားသမားပေါ့ဘာတို့ရဲ့ အနိုင်ဂိုးတွေနဲ့ အဖိုးတန်သုံးမှတ်ရယူနိုင်ခဲ့ပါတယ်။

အဆိုပါအဖိုးတန်အနိုင်သုံးမှတ်ကြောင့်မန်ယူအသင်းဟာပရီးမီးယားလိဂ်ရာသီဝက်မှာထိပ်ဆုံးနေရာမှာရပ်တည်နိုင်ခဲ့ပါပြီ။မန်ယူအသင်းရာသီဝက်ချန်ပီယံမဖြစ်ခဲ့တာ၈ရာသီခန့်ရှိရာမှ ယခုမှရာသီဝက် ချန်ပီယံနေရာကိုပြန်လည်ရရှိခဲ့တာပါ။

အဆိုပါပွဲအပြီးမှာအနိုင်ဂိုးရှင်ပေါ့ဘာကို မန်ယူတီဗီအစီအစဉ်က တွေ့ဆုံမေးမြန်းခဲ့ရာ ပေါ့ဘာက တိုက်စစ်မှူး ကာဗာနီနဲ့ သူ့ရဲ့ပြင်သစ်အသင်းဖေါ်တိုက်စစ်မှူး မာရှယ်တို့ရဲ့ကွာခြားချက်ကိုရှင်းပြပေးခဲ့တာပါ။မာရှယ်ကတော့ မန်ယူအသင်းမှာ ဂိုးမသွင်းနိုင်လို့ဝေဖန်ခံနေရတဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။

ပေါ့ဘာက အက်ဒီနဲ့မာရှယ်နဲ့အရည်အသွေးမတူပါဘူးအက်ဒိလိုတိုက်စစ်မှူးကကမ္ဘာပေါ်မှာအနည်းငယ်ဘဲရှိတာပါ။အခုကျွနေတော်တို့မှာတစ်ဦးရှိနေပါပြီ။မာရှယ်၊ရက်ဖိုစ်နဲ့ဂရင်းဝုဒ်တို့ကဂိုးသွင်းယူဖို့နေရာကျယ်ကျယ်လိုပါတယ်။ကာဗာနီကအဲ့လိုမဟုတ်ပါဘူးနေရာအနည်းငယ်ရှိယုံနဲ့ ဂိုးသွင်းနိုင်သူပါ။

သူရဲ့လိုအရည်အချင်းမျိုးကို ဆယ်စုနှစ်များစွား ပြသလာခဲ့တာပါဒသူဟာဗဟိုတိုက်စစ်မှူးစစ်စစ်တစ်ယောက်ပါသူဟာဂိုးဧရီယာထဲမှာ အလွန်ကြောက်ဖို့ကောင်းပါတယ်။မာရှယ်၊ရက်ဖိုစ်နဲံဂရင်းဝု်းတို့မှာ အဲ့လိုအရည်အသွေးမျိုးမရှိပါဘူးအက်ဒိလိုအတွေ့အကြုံမျိုးတွေလည်းမရှိသေးပါဘူး။

ကျွန်တော်တို့အသင်းရဲ့ရှေ့တန်းမှာ မတူတဲ့ကစားပုံတွေရှိနေပါတယ်။ဒီနေ့အက်ဒီကအဲ့ဒိကစားပုံကို ပြသသွားခဲ့ပါတယ်တစ်ဦးရဲ့လိုအပ်ချက်ကို တစ်ဦးကအပြည့်အဝဖြည့်စီးပြီကစားသွားနိုင်ခဲ့ပါတယ်။ကျွန်တော်တို့လိုအပ်တဲ့ပန်းတိုင်အတွက် အချိန်တန်ရင်အသင်းကိုကာညီဖို့အက်ဒီဟာ အချိန်မှန်ကို ရှိနေတာပါဟုပြောကြားသွားခဲ့ပါတယ်။

ကာဗာနီဟာမန်ယူအသင်းမှာပွဲထွက်ခွင့်အနည်းငယ်သာရရှိထားပေမယ့် အသင်းအတွက်အလွန်အရေးပါတဲ့ချေပဂိုးများအနိုင်ဂိုးများကိုမကြာခဏသွင်းယူနိုင်တာကြောင့် မန်ယူပရိတ်သတ်တွေရဲ့အချစ်တော်ကစားသမားတစ်ဦးအဖြစ်အချိန်တိုအတွင်းရောက်ရှိလာသူဖြစ်ပါတယ်။

Leave a Comment

Your email address will not be published.