ပွဲအစတွင် ဂိုးပေးလိုက်ရသော်လည်း ခံစစ်ပိုင်းပြင်စရာမလိုတော့ဟု မက်ကွိင်းယားပြော

မန်ချက်စတာယူနိက်တက်ဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၁၉) အဝေးကွင်းပွဲစဉ်အဖြစ် ဖူဟမ်အသင်းအိမ်ကွင်းမှာ သွားရောက်ကစားခဲ့ရာမှာ 1 – 2 ဖြင့် အနိင်ရခဲ့ပြီး ဇယားထိပ်တွင် ဆက်လက်ဦးဆောင်ခဲ့ပါတယ်…

ယင်းပွဲတွင် မန်ချက်စတာယူနိက်တက်ဟာ ပွဲစပြီးငါးမိနစ်မှာဘဲ ဦးဆောင်ဂိုးကို ခွင့်ပြုပေးလိုက်ရလို့ မက်ကွိင်းယားဦးဆောင်တဲ့ခံစစ်ဟာ ဝေဖန်သံတွေ ဆူညံဖို့ရာဖြစ်လာစေခဲ့ပြန်ပါတယ်…

ဒါပေမဲ့ မက်ကွိင်းယားကတော့ ယင်းပေးလိုက်ရတဲ့ ဂိုးနဲ့ပက်သက်ပြီး မိမိတို့ အားနည်းချက်ကြောင့် မဟုတ်ဘူးဆိုတာကို ယခုလိုပြောသွားခဲ့ပါတယ်…

(Popular News)

နံပါတ် (၁၀)နဲ့ မထိုက်တန်ခဲ့တဲ့ရတ်ဖို့ကို မန်ယူLegendsတွေ ဘာတွေပြောခဲ့လဲ

မက်ကွိင်းယားက ” ဒါက ဒိုင်လူကြီး နဲ့ Var စနစ်အားနည်းချက်ကြောင့် လူကျွံဘောကို ဂိုးအဖြစ်ပေးလိုက်ရတာလို့ ကျနော် မြင်ပါတယ်….ကျနော်တို့ အသင်းခံစစ်ဟာ အခုအနေထားက အကောင်းဆုံးအနေထားမဟုတ်ပေမဲ့ အရင်လို မဆိုးရွားတော့ပါဘူး…

လင်ဒီလော့လည်း ပြန်ပါလာတော့မှာမို့ ခံစစ်စုဖွဲ့မှုအားကောင်းနေပြီမို့ စောင့်ကြည့်ပေးပါ….ဝေဖန်မှုတွေက အသင်းခံစစ်ကို ပြောင်းလဲသင့်ပြီဆိုပေမယ့် ကျနော်အနေနဲ့ကတော့ မလိုအပ်ဘူးလို့ထင်ပါတယ် ” ဟုပြောသွားခဲ့ပါတယ်….

Rk(FBV Sport News)

Leave a Comment

Your email address will not be published.