ဖူဟမ်ပွဲအပြီး ဂန္တဝင်ကြီးတွေ တစ်ညီတစ်ညွတ်တည်း ရွေးချယ်ခဲ့တဲ့ အကောင်းဆုံ သရဲနီ ကစားသမား

ယူနိုက်တက်တို့ဟာ ဖူဟမ်အသင်းကို ခက်ခက်ခဲခဲ ကစားခဲ့ရတာပါ။ပထမပိုင်းပွဲစပြီး၅ မိနစ်မှ လွတ်ခ်မန်းရဲ့ ဦးဆောင်ဂိုးပေခွင့်ပြုပေးခဲ့ရပြီးတဲ့နောက်မှာတော့တိုက်စစ်မှူး ကာဗာနီက ၂၁မိနစ် မှာ ချေပဂိုးကို ရုတ်တရက် ပြန်လည်သွင်းယူခဲ့ပါတယ်၊

ဖူလ်ဟမ်ရဲ့ ထင်မှတ်မထားတဲ့ တုံ့ပြန်ပုံတွေကြောင့် ယူနိုက်တက်တို့ စောစောစီးစီးပဲ လွတ်ခ်မန်းရဲ့ ဦးဆောင်ဂိုးကို ပေးလိုက်ရပါတယ်။ ဒါပေမယ့် ကာဗာနီက ရုတ်တရက်ရလာတဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချပြီး ချေပဂိုး ပြန်သွင်းပေးခဲ့လို့ ပထမပိုင်းမှာ တစ်ဖက်တစ်ဂိုးစီနဲ့ ၁-၁ ဖြစ်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဖူလ်ဟမ်ရဲ့ ကစားကွက်ပြောင်းလဲသွားခဲ့ပြီး ဇမ်ဘိုအဂွီဆာရဲ့ အဝေးဘောတွေအစား လော့ဖ်တပ်ချိခ်ရဲ့ ပါဝါနဲ့ လွတ်ခ်မန်းရဲ့ ပြေးအားကိုသုံးပြီး တန်ပြန်တိုက်စစ်တွေနဲ့ ထိုးဖောက်ခဲ့ပါတယ်။

ဒါပေမယ့် ယူနိုက်တက်ကလည်း ဖာနန်ဒက်စ်၊ လုခ်ရှော နဲ့ ပေါ့ဂ်ဘာတို့ရဲ့ ဖြတ်တင်ဘောတွေနဲ့ ဖူလ်ဟမ်ကို တော်တော်လေး ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ တော်ရုံဖြတ်တင်ဘော တင်လေ့မရှိတဲ့ ဝမ်ဘစ်ဆာကာတောင် ဖြတ်တင်ဘောတွေ တင်ပေးနေတာ တွေ့ရပါတယ်။

ပွဲချိန် ၆၅ မိနစ်မှာတော့ ဖူလ်ဟမ် ဂိုးစည်းအပြင်ကနေ ပေါ့ဂ်ဘာရဲ့ ဘယ်ခြေကန်ချက်က ဝေ့ဝိုက်ပြီး ရီးရဲလ်မက်ဒရစ်က နေ အငှားလာကစားနေတဲ့ ပြင်သစ်လက်ရွေးစင်ဂိုးသမား အာရီယိုလာတစ်ယောက် ဘယ်လိုမှ မတတ်နိုင်ပဲ ဂိုးပေးလိုက်ရပါတယ်။

လက်ကျန်ပွဲချိန်တွေမှာ ဖူလ်ဟမ်အသင်း တောက်လျှောက် ဖိကစားပြီး ချေပဂိုးရရှိဖို့ ကြိုးစားခဲ့ပေမယ့် ယူနိုက်တက်က ခံစစ်မှာ ပိတ်ဆို့ကစားပြီး အနိုင် ၃ မှတ်ကို ရယူကာ ပရီးမီးယားလိဂ်အဆင့် ၁ နေရာကို ပြန်လည်တက်လှမ်းသွားခဲ့ပါတယ်။

အဲ့ဒီပွဲမှာ အနိုင်ဂိုးကို ဘယ်ခြေနဲ့လှလှပပသွင်းယူသွားခဲ့တဲ့ ပေါ့ဘာကိုတော့ သရဲနီဂန္တဝင်ကစားသမားကြီးတွေဖြစ်တဲ့ ပေါစခိုးလ်းနဲ့ ဗီဒစ်က “အသင်းရဲ့အကောင်းဆုံးကစားသမား”တစ်ယောက်ကို တစ်ညီတစ်ညွတ်တည်းရွေးချယ်ခဲ့ကြတာပါပဲ၊ သူကတော့ ပေါ်ပေါ့ဘာပါပဲဖြစ်ပါတယ်။

“အနိုင်ဂိုးတွေသွင်းယူပေးလို့ကျန်တော်ပြောတာမဟုတ်ဘူး။ ဘယ်လောက်တောင်လှလိုက်တဲ့ဂိုးလဲဗျာ။ ဒီပွဲမှမဟုတ်ဘူး။ ဘန်လေနဲ့ပွဲတုန်းကလည်းခင်ဗျားတို့ကြည့်တတ်ရင်မြင်ပါမယ်။ ပေါက သူ့ရဲ့ ပါရမီတွေကို အချိန်မရွေးထုတ်ပြနေပါတယ်။ ဒီလိုကစားသမားတစ်ယောက်ကို ဆုံးရှုံးရမှာတော့ ယူနိုက်တက်အတွက် စိတ်မကောင်းစရာပါပဲ”လို့ပွဲအပြီးမှာ ဖာဒီနန်ကပြောကြားခဲ့ပါတယ်။

ပါ့ဘာဟာ ဖူဟမ်နဲ့ပွဲမှာ ဘောလုံးထိချက် ၉၉ကြိမ် ဘောလုံးPasses 85ရာခိုင်နှုန်းအပိုင်ကန်သွင်းချက်၃ကြိမ်နဲ့အနိုင်ဂိုးတစ်ဂိုးအထိရအောင် ကစားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ယူနိုက်တက်တို့ဟာ ပေါ့ဘာရဲ့ကောင်းမွန်တဲ့ခြေစွမ်းတွေကို ပြန်လည်မြင်တွေ့နေရပြီဖြစ်ပေမယ့် စာချုပ်သက်တမ်းမတိုးပဲ တခြားဆီကို အလွယ်ထွက်ခွာခွင့်ပေးလိုက်မယ်ဆိုရင် လွတ်တဲ့ငါးကြီးဖြစ်တဲ့ကိန်းဆိုဒ်တော့မှာလည်းဖြစ်ပါတယ်။

ကွင်းလယ်လူအဓိကကစားသမားဖာနန်ဒက်ဟာ ဒီကနေ့ပွဲမှာလည်း အကောင်းမွန်ဆုံးခြေစွမ်းတွေမပြသနိုင်ခဲ့ပေမယ့် ပေါ့ဘာရဲ့ အံဩဖွယ်ခြေစွမ်းနဲ့အတူ ယူနိုက်တက်တို့ ဟာ နေရာမှန်ကို ပြန်ရောက်လာခဲ့ပြီဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့အကောင်းဆုံးသော ကစားသမားတစ်ယောက်ကို အလံလေးတွေနဲ့ ဂုဏ်ပြုပေးသွားဦးနော်,

Leave a Comment

Your email address will not be published.