Twitterမှာ ပေါ့ဘာကို အပြောင်မြောက်ဆုံး စကားတစ်လုံးနဲ့ တင်စားလိုက်တဲ့ ဖာနန်ဒက်

ယူနိုက်တက်တို့ဟာ ဖူဟမ်အသင်းကို ခက်ခက်ခဲခဲ ကစားခဲ့ရတာပါ။ပထမပိုင်းပွဲစပြီး၅ မိနစ်မှ လွတ်ခ်မန်းရဲ့ ဦးဆောင်ဂိုးပေခွင့်ပြုပေးခဲ့ရပြီးတဲ့နောက်မှာတော့တိုက်စစ်မှူး ကာဗာနီက ၂၁မိနစ် မှာ ချေပဂိုးကို ရုတ်တရက် ပြန်လည်သွင်းယူခဲ့ပါတယ်

ဒီပွဲမှာ အဓိက ကွင်းလယ်လူ အဓိကကစားသမားဖာနန်ဒက်ဟာလည်း အကောင်းမွန်ဆုံးခြေစွမ်းတွေမပြသနိုင်ခဲ့ပေမယ့် ပေါ့ဘာရဲ့ အံဩဖွယ်ခြေစွမ်းနဲ့အတူ ယူနိုက်တက်တို့ ဟာ နေရာမှန်ကို ပြန်ရောက်လာခဲ့ပြီဖြစ်ပါတယ်။

ပွဲချိန် ၆၅ မိနစ်မှာတော့ ဖူလ်ဟမ် ဂိုးစည်းအပြင်ကနေ ပေါ့ဂ်ဘာရဲ့ ဘယ်ခြေကန်ချက်က ဝေ့ဝိုက်ပြီး ရီးရဲလ်မက်ဒရစ်က နေ အငှားလာကစားနေတဲ့ ပြင်သစ်လက်ရွေးစင်ဂိုးသမား အာရီယိုလာတစ်ယောက် ဘယ်လိုမှ မတတ်နိုင်ပဲ ဂိုးပေးလိုက်ရပါတယ်။

အဲ့ဒီပွဲမှာ အနိုင်ဂိုးကို ဘယ်ခြေနဲ့လှလှပပသွင်းယူသွားခဲ့တဲ့ ပေါ့ဘာကိုတော့ သရဲနီဂန္တဝင်ကစားသမားကြီးတွေဖြစ်တဲ့ ပေါစခိုးလ်းနဲ့ ဗီဒစ်က “အသင်းရဲ့အကောင်းဆုံးကစားသမား”တစ်ယောက်ကို တစ်ညီတစ်ညွတ်တည်းရွေးချယ်ခဲ့ကြပါတယ်။

အဲ့ဒီလိုပဲ နည်းပြဆိုလ်းရှားနဲ့အသင်းဖော်တွေကလည်း ပေါ့ဘာကိုချီးကျူးခဲ့ကြပြီး ပေါ့ဘာတင်ထားတဲ့တွစ်တာပိုစ့်မှာ ဖာနန်ဒက်ကတော့ ပေါ့ဘာကိုအပြောင်မြောက်ဆုံးစကားလုံးနဲ့တင်စားလိုက်ပါတယ်။အဲ့ဒါကတော့”POGBOOM”ဆိုစကားလုံးလေးနဲ့း မီးတောက်နေတဲ့ REACTလေးပေးခဲ့တာပါပဲ။၊

ဟုတ်ပါတယ် ပေါ့ဘာကို ကွင်းထဲမှာဆို သူ့ရဲ့ပေါက်ကွဲနေတဲ့ ကစားဟန်နဲ့အင်တိုက်အားတိုက်ကစားတတ်တာကြောင့် POGBOOMလို့အမည်ပြောင်ခေါ်ထားကြပြီးသူက မီးတောက်နေတဲ့ဘောလုံးတွေနဲ့ဆော့ကစားနေတဲ့ သရဲနီတပ်သားကြီးပါပဲ.ကဲPOGBOOMကြီးကို အလံလေးထောင်ပီးဂုဏ်ပြုပေးခဲ့ပါဦး

Leave a Comment

Your email address will not be published.