ဆိုးရှား အကြောင်းပြောပြီး လမ်းပတ်အရှိုက်ကို ထိုးလိုက်တဲ့ ချယ်ဆီးပိုင်ရှင် ဘီလီယံနာသူဌေးကြီး

နည်းပြဆိုးလ်းရှားရဲ့ သရဲနီတပ်သားတွေနဲ့ ဇယားထိပ်မှာ တက်ရပ်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လမ်းပတ်နည်းပြအဖြစ် ကိုင်တွယ်နေတဲ့ ချဲလ်ဆီးအသင်းကို ချဲလ်ဆီးပိုင်ရှင် ဘီလီယံနာသူဌေးကြီးဖြစ်တဲ့ Roman Abramovich က နှိုင်းယှဉ်သုံးသပ်သွားခဲ့သည်။

ချယ်လ်ဆီးအသင်းအနေဖြင့် ပြီးခဲ့သည့်အင်္ဂါနေ့က ကစားခဲ့သော လက်စတာအသင်းနှင့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်တွင် ရှုံးနိမ့်ခဲ့ခြင်းမှာ နောက်ဆုံးကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် (၈)ပွဲတွင် (၅)ပွဲမြောက်ရှုံးနိမ့်မှုဖြစ်ခဲ့ပြီး လမ်းပတ်က သူ့အသင်း၏ ကစားပုံအတွက် စိုးရိမ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ချဲဆီးပိုင်ရှင် အနေဖြင့် လမ်းပတ်ကိုထုတ်ပယ်ဦးမည်ဟု မပြောထားပဲ နည်းပြအသစ် ခေါ်ယူမည်ဆိုပါက နွေရာသီမှဖြစ်နိုင်မည်ဟုသာပြောကြားထားသည်။ချဲလ်ဆီးအသင်းပိုင်ရှင် ဟာရရှားနိုင်ငံမှာ ဘီလီယံသန်းနဲ့ချီချမ်းသာကြွယ်ဝတဲ့ သူဌေးကြီးဖြစ်သလို နိုင်ငံရေးသမားတစ်ဦးဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းပိုင်ရှင်ဟာ သူ့အသင်းအတွက် စိတ်ပျက်နေသည်မှာလည်း အမှန်ဖြစ်ပြီး လမ်းပတ်ကိုအချိန်ပေးချင်နေသည်။သို့သော်သူသည် လမ်းပတ်နှင့်ပက်သက်ပြီး ယူနိုက်တက်ကို ဥပမာ ယူဖို့ အလုပ်တွင် အပြည့်အဝအာရုံစိုက်ပြီး ယုံကြည်မှုထားဖို့ ယခုကဲ့သို့ပြောကြားခဲ့သည်။

” လမ်းပတ်ကို ကျွန်တော်စိတ်ရှည်ခဲ့ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ ယူနိုက်တက်ကို ဥပမာယူတတ်ရပါမယ်။ ယူနိုက်တက်ဟာ အဆိုးဆုံးအခြေအနေတွေကို ဘယ်လိုပြောင်းလဲခဲ့လဲဆိုတာပေါ့။ သူ့ကိုဆိုးလ်းရှားနဲ့ ကျွန်တော်နှိုင်းယှဉ်ပြောတာတော့မဟုတ်ဘူး။ ဆိုလ်းရှားကတစ်ကယ်တော်ပါတယ်။ ဒါပေမယ့်လမ်းပတ် ဒါပေမယ့်ဗျာ ပိုက်ဆံသန်းရာချီခေါ်ထားတဲ့လူတွေက ဘာလုပ်ဖို့လဲ။ ဒီအခြေအနေတွေကို ကျွန်တော်သည်းမခံနိုင်တဲ့ အထိ ဖြစ်လာရင် နွေရာသီအတွက်တစ်ခုခုစဉ်းစားရလိမ့်မယ်”

လက်စတာနဲ့ပွဲအပြီးချယ်လ်ဆီးအသင်းမှာ အမှတ်ပေးဇယား၌ အဆင့် (၈)အထိကျဆင်းသွားခဲ့ရာ လမ်းပတ်က ”ဒါဟာ ကျွန်တော်တို့လိုချင်တဲ့ အနေအထားတစ်ရပ်မဟုတ်ပါဘူး။ အသင်းအတွက် ကျွန်တော် စိုးရိမ်ပူပန်နေပါပြီ။ ကျွန်တော်တို့အရင် ရရှိထားတဲ့ပုံစံကနေ လက်ရှိပုံစံကို လျင်မြန်စွာပြောင်းလဲသွားတာ စိုးရိမ်စရာပါပဲ။

ပြီးခဲ့တဲ့တစ်ပတ်က ဖူလ်ဟမ်ကိုနိုင်ခဲ့တဲ့ပွဲက ပုံစံနဲ့ အရင်အနိုင်ရတဲ့ပွဲတွေက ပုံစံမျိုးတောင် ခြားနားနေပါပြီ။ နောက်ဆုံး(၈)ပွဲမှာ (၅)ပွဲရှုံးတဲ့အခြေအနေထက်တော့ ကျွန်တော်တို့ ပိုကောင်းသင့်ပါတယ်။ ကျွန်တော့်အသင်းဟာ ငယ်ရွယ်တဲ့သူတွေများတဲ့အသင်းတစ်သင်းပါ။

သူတို့လည်း စိတ်မကောင်း ဖြစ်နေကြပါတယ်။ အဝတ်လဲခန်းထဲမှာ သူတို့ကို ကျွန်တော် ဆန့်ကျင်ပြီး မပြောခဲ့ပါဘူး။ သူတို့အနေနဲ့ သင်ခန်းစာယူဖို့ပဲရှိပါတယ်” ဟု ပြောကြားခဲ့သည်။

လက်ရှိမှာတော့ အခက်အခဲတွေကြားက အောင်မြင်စွာရုန်းထွက်ခဲ့သည့် သရဲနီတို့ရဲ့ ယူနိုက်တက်ကတော့ ဇယားထိပ်မှာ သာသာယာယာနဲ့ရောက်ရှိလို့နေပြီလည်းဖြစ်ပ်တယ်။

Leave a Comment

Your email address will not be published.