ပြိုင်ဘက်အသင်းတွေအတွက် အိမ်မက်ဆိုးလိုဖြစ်လာတဲ့ကစားသမားကြောင်းပြောလာတဲ့ ဖာဂူဆန်

မန်ချက်စတာယူနိက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် (၁၉) အဖြစ် ဖူဟမ် အသင်းအိမ်ကွင်းမှာ ၁ – ၂ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဇယားထိပ်မှာ ပြန်လည် ဦးဆောင်ခဲ့ပါတယ်…

ယင်းပွဲမှာ ဆိုးရှားလ်ဟာ အဓိကတိုက်စစ်မှူး ရတ်ဖို့စ်ကို အနားပေးခဲ့ပြီး လူစုံနီးပါးထုတ်သုံးခဲ့ပါတယ်….အနိုင်ရမှတ်ရယူဖို့ အရေးကြီးဆုံးပွဲဖြစ်သလို ဇယားထိပ်မှာ ပြန်လည်ဦးဆောင်ဖို့အခွင့်အရေးလည်းဖြစ်တာမို့ ဆိုးရှားဟာ အမှားမခံခဲ့ပါဘူး

မန်ချက်စတာယူနိက်တက်အသင်းရဲ့ သက်တော်ရှည်နည်းပြကြီး ဖာဂူဆန်ကတော့ ပြိုင်ဘက်အသင်းတွေအတွက် အိမ်မက်ဆိုးလိုဖြစ်စေမယ့်ကစားသမားကို မြင်တွေ့ခဲ့ရပြီ ဟု Metro Live မှာပြောခဲ့ပါတယ်….

ဖာဂူဆန် က ” ဖူဟမ်ပွဲမှာ အမှားယွင်းနည်းတာထက်နည်းလာခဲ့ပါပြီ…အိုလေရဲ့ စိတ်ရှည်ပြီး လေ့ကျင့်ယူတတ်တဲ့ သဘောထားအောက်မှာ ကစားသမားတွေရဲ့ အရည်သွေးဟာ တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပါပြီ….အရင်ပွဲမှာ တကိုယ်ကောင်းဆန်ခဲ့တဲ့ ရတ်ဖို့စ်ကိုလည်း ပွဲမထုတ်ဘဲ အပြစ်ပေးခဲ့တာကို တွေ့ခဲ့ရတယ်…

(Popular News)


နံပါတ် (၁၀)နဲ့ မထိုက်တန်ခဲ့တဲ့ရတ်ဖို့ကို မန်ယူLegendsတွေ ဘာတွေပြောခဲ့လဲ

ထူးခြားတာတခုက ပြိုင်ဘက် အသင်းတွေအတွက် ကြောက်စရာ အိမ်မက်ဆိုးတခုလိုဖြစ်လာမယ့် ကစားသမားကို မြင်တွေ့လိုက်ရတာပါဘဲ..ကျနော် ကြည့်နေရင်းနဲ့ ရေရွတ်မိတယ်….ကာဗာနီ ဒီလိုတွေလည်း လုပ်ပြနိုင်သေးတယ် ဒီလိုတွေစွမ်းဆောင်နိုင်သေးတယ်ဆိုပြီးတော့ ပြောမိပါသေးတယ်..

ဟုတ်ပါတယ်…..အိုလေ ရဲ့ ကစားကွက် ဗျူဟာအောက်မှာ ကာဗာနီ ဟာ ပြိုင်ဘက်အသင်းတွေ အတွက် အိမ်မက်ဆိုးလိုဖြစ်လာစေမယ့် အခင်းအကျင်းတခု ဖြစ်လာအုံးမယ် ” ဟုပြောခဲ့ပါတယ်…

FBV Sport News

Leave a Comment

Your email address will not be published.